လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားရမယ်လို့ ထောက်ခံခြင်းခံခဲ့ရတဲ့ အာဆင်နယ် coyg

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားရမယ်လို့ ထောက်ခံခြင်းခံခဲ့ရတဲ့ အာဆင်နယ်

တင် ရှားဝုဒ်က အာတီတာရဲ့ အာဆင်နယ်ဟာ ဆာလီဘာသာ ကုသရေးအခန်းနဲ့ ဝေးဝေးနေနိုင်ရင် လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ အလွန်ကောင်းမွန်တဲ့ပုံစံကောင်း ရရှိလာခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ရာသီနှောင်းပိုင်း ခြေချော်မှုတွေကလည်း အကူအညီပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိခဲ့တဲ့အထဲမှာ ဆာလီဘာရဲ့ ဒဏ်ရာရရှိသွားမှုကလည်း ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပြီး ရှားဝုဒ်က အသက် ၂၂ နှစ်အရွယ်ကစားသမားအတွက် အစားထိုးနိုင်တဲ့သူမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အစပိုင်းမှာ ရော့ဘ် ဟိုဒင်းကို အာတီတာက အားကိုးခဲ့ပေမယ့်လည်း အန်းဖီးမှာ ပင်နယ်တီ ပေးရတဲ့အထိ အမှားလုပ်ခဲ့မိရာကနေ ဟာလန်းကို မထိန်းနိုင်ခဲ့တဲ့အဆုံး ခက်ခဲတဲ့အချိန်တွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အာတီတာက ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ခီဗီယောကို အခွင့်အရေးပေးခဲ့ပြီး ပိုလန်နောက်ခံလူဟာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အဖွင့်ဂိုးမှာ လဲကျနေရာကနေ ပြန်မထခဲ့တာကြောင့် ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဆာလီဘာ ပွဲထွက်မပါဝင်နိုင်ချိန်မှာ အသင်းရဲ့ တိုက်စစ်ရော ခံစစ်ပိုင်းပါ ကျဆင်းသွားတယ်ဆိုတာ ရှင်းလင်းခဲ့ပြီး တင်ရှားဝုဒ်က ပြင်သစ်နောက်ခံလူသာ ဒဏ်ရာမရဘူးဆိုရင် လာမယ့်ရာသီမှာ ဂန်းနားတွေအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ထပ်မံစိန်ခေါ်နိုင်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“သူ့နေရာမှာ အစားထိုးစရာမရှိခဲ့ဘူး။ ဟိုဒင်းက ဝင်ကစားခဲ့တဲ့အချိန်မှာ အဆင်ပြေခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ သူတို့ကို သယ်ဆောင်ပေးနိုင်ခဲ့တယ်။ တိုက်စစ်ကစားသမားတွေလည်း အသင်းကို သယ်ဆောင်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အဆုံးမှာ ခင်ဗျား ထင်ထားတာတွေ မဖြစ်လာတဲ့အခါမှာ ခင်ဗျား ထိန်းထားဖို့ လိုတယ်။ ခင်ဗျား ခုခံဖို့ လိုတယ်။ သူတို့တွေမှာ လိုအပ်တဲ့ စည်းလုံးညီညွတ်မှုမျိုးရှိခဲ့တယ်လို့ ကျွန်တော် မထင်ဘူး”

“သူ(ဆာလီဘာ)က ငယ်ရွယ်တဲ့သူတစ်ယောက်ပါ။ သူက ပြီးခဲ့တဲ့ရာသီ အငှားထွက်ခဲ့ရတယ်။ ဒီရာသီက သူ့ရဲ့ ပထမဆုံးရာသီပါ။ သူ ပိုပြီးကောင်းလာမှာပါ။ သူတို့တွေ သူ့ကို တစ်ရာသီလုံး ကြံ့ခိုင်မှုပြည့်ဝအောင် ထားနိုင်ရင် သူတို့တွေ လိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် အနိုင်ရလိမ့်မယ်။ ဒါမှမဟုတ် လိဂ်ဖလားအနိုင်ရဖို့ အခွင့်အရေး နောက်ထပ်တစ်ကြိမ် ရလိမ့်မယ်။ ဒါပေမယ့် သူ့ကို သူတို့ ဆုံးရှုံးခဲ့ရင်တော့ အဲဒီနေရာမှာ ဘယ်သူ ဝင်ကစားနိုင်လဲ။ ဘယ်မှာလဲ အရည်အသွေးရှိတဲ့ကစားသမား။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet