လန်ဒန်ဒါဘီမှာ မွိုက်စ်တို့တသိုက်ကို အလဲထိုးပြီး ချန်ပီယံခြေစွမ်းပြသသွားမယ့် ဂန်းနားများ
လန်ဒန်ကလပ်အသင်း ၂ သင်းဟာ တနင်္ဂနွေနေ့မှာ မတူညီတဲ့ ရည်မှန်းချက်တွေအတွက် လန်ဒန်ကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပြီး ဒေးဗစ်မွိုက်စ်အသင်းက တန်းဆင်းဇုန်နဲ့ ဝေးနိုင်သမျှ ဝေးဝေးပြေးဖို့ ကြိုးပမ်းသွားမယ့်အချိန်မှာ ဂန်းနားတွေကတော့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် လိုအပ်တဲ့ အနိုင် ၃ မှတ်ကို အရယူသွားမှာဖြစ်ပါတယ်။
ဒေးဗစ် မွိုက်စ်ရဲ့အသင်းဟာ ယူရိုပါကွန်းဖရင့်လိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ဂျန့်ကို ၁-၁ သရေကျခဲ့ပြီးနောက် အာဆင်နယ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပြီး အာတီတာရဲ့အသင်းကလည်း ပြီးခဲ့တဲ့အပတ် အန်းဖီးမှာ လီဗာပူးလ်ကို ၂-၀ နဲ့ ဦးဆောင်ပြီးမှ သရေကျခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
ဝက်စ်ဟမ်းအသင်းဘက်မှာ တိုက်စစ်မှူး ဂျန်လူကာ စကာမက်ကာ ခွဲစိတ်ကုသမှုခံယူဖို့ ပြင်ဆင်နေတာကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒေးဗစ် မွိုက်စ်ဟာ ဂျန့်နဲ့ ကစားခဲ့တဲ့ လူစာရင်းအတိုင်း ပွဲထုတ်သွားဖွယ်ရှိပြီး ဂန်းနားဟောင်း ဖေဘီယန်းစကီးက ဂိုးပေါက်မှာ အာရီအိုလာနေရာမှာ ပွဲထွက်လာမှာဖြစ်ပါတယ်။ တိုမက်စ် ဆူးချက်၊ ဇူးမား၊ အန်တိုနီယို၊ ပါကယ်တာတို့ကလည်း ပြန်လည်ပါဝင်ကစားပေးသွားဖို့ အဆင်သင့်ဖြစ်နေပြီး ဒီကလန် ရိုက်စ်ကလည်း ၎င်းကို ခေါ်ယူချင်နေတဲ့ ဂန်းနားတွေနဲ့ရင်ဆိုင်ရာမှာ အသင်းကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဘက်မှာတော့ ဆာလီဘာ ပြန်မကစားပေးနိုင်သေးတာကြောင့် ဟိုးဒင်းက နောက်ထပ်တစ်ကြိမ် ပွဲထွက်ကစားသွားမှာဖြစ်ပြီး တိုမီယဆုနဲ့ အယ်လ်နန်နီတို့ကလည်း ဆက်လက် လွဲချော်ဦးမှာဖြစ်ပါတယ်။ အန်ကီးတီးယားကတော့ ခြေကျင်းဝတ်ပြဿနာကနေ ပြန်လည်သက်သာလာပြီးနောက် အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီဖြစ်တာကြောင့် တနင်္ဂနွေနေ့မှာ ပြန်လည်ပါဝင်ကစားပေးသွားဖွယ်ရှိပေမယ့် ဘောက်ဆင်ဒေးတုန်းက ၎င်းရဲ့ ပါးနပ်တဲ့ လှည့်ထွက်မှုနဲ့အဆုံးသတ်နိင်ခဲ့မှုက ဒီပွဲမှာ ပွဲထွက်ခွင့်ရဖို့အတွက်တော့ လုံလောက်မှာမဟုတ်တာဖြစ်ပါတယ်။
ခန့်မှန်းပွဲထွက်လူစာရင်း
ဝက်စ်ဟမ်း- ဖေဘီယန်းစကီး၊ ခယ်ဟာ၊ အော့ဂ်ဘွန်နာ၊ ဇူးမား၊ခရက်စ်ဝဲလ်၊ ဘိုဝင်၊ ရိုက်စ်၊ ဆူးချက်၊ ဘန်ရာမာ၊ အင့်၊ အန်တိုနီယို
အာဆင်နယ်- ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဟိုးဒင်း၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ချာကာ၊ ပါတေး၊ ဆာကာ၊ အော်ဒီဂွါဒ်၊ မာတီနယ်လီ၊ ဂျေးဇု
ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ်နဲ့ပွဲမှာ အန်းဖီးက ပရိသတ်အုပ်ကြီးကို စိတ်ဆွပေးလိုက်ခြင်းက အာဆင်နယ်ရဲ့ ရှုံးနိမ့်မှုမှာ အဓိကကျခဲ့ပေမယ့်လည်း မကျေမနပ်ဖြစ်နေတဲ့ လန်ဒန်ပရိသတ်တွေရှေ့မှာတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် မရှိသင့်တော့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက အာဆင်နယ်ရဲ့ ပြီးပြည့်စုံတဲ့ လန်ဒန်ဒါဘီအဝေးကွင်း ခံစစ်မှတ်တမ်းကို အဆုံးသတ်ပေးနိုင်ပေမယ့်လည်း ပွဲပန်းနေတဲ့ အိမ်ရှင်တွေဟာ အာတီတာရဲ့ အညှာအတာကင်းမဲ့တဲ့ တိုက်စစ်ဆင်မှုကို တောင့်ခံနိုင်ဖို့ အင်အားအနည်းငယ်သာရှိနေပြီး အမှတ်ပေးဇယားဦးဆောင်သူတွေအနေနဲ့ အနိုင် ၃ မှတ်ကို သက်တောင့်သက်သာ ရယူသွားနိုင်မှာ ဖြစ်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(ဝက်စ်ဟမ်း ၁-၃ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ဝက်စ်ဟမ်း ၀-၂ အာဆင်နယ်)
Arsenal Myanmar
Ref: Internet