ရိုက်စ်ကြောင့် အပြောင်းအရွှေ့ ပြုလုပ်ခွင့်တောင်းခံခဲ့တဲ့ ဂန်းနားကြယ်ပွင့် user

ရိုက်စ်ကြောင့် အပြောင်းအရွှေ့ ပြုလုပ်ခွင့်တောင်းခံခဲ့တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးဟာ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာချင်တဲ့ဆန္ဒကို အသင်းနဲ့ နည်းပြ အာတီတာတို့ကို အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှု နောက်တဆင့် တက်ရောက်နိုင်ခဲ့တာကြောင့် အမ်းမရိတ်စ်ကနေ ထွက်ခွာနိုင်ခြေရှိတဲ့ ကစားသမားအဖြစ် ပြီးခဲ့တဲ့လမှာ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂါနာကွင်းလယ်ကြယ်ပွင့်ဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ရာသီလုံး အထင်ကြီးဖွယ် ခြေစွမ်း ပြသခဲ့တဲ့ကစားသမားဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ကွင်းလယ်ကို ပိုမိုငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ သွေးသစ်လောင်းချင်နေတာကြောင့် ပါတေးကို ထွက်ခွာခွင့်ပေးချင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့ကို အသင်းကနေ ထွက်ခွာချင်တဲ့ဆန္ဒကို တိုက်ရိုက် ဆက်သွယ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလိုမျိုး အောင်မြင်မှုရရှိနိုင်အောင် ကူညီပေးနိုင်မယ့် အဓိက ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒီကလန် ရိုက်စ်တစ်ဦးတည်းသာမကဘဲ ဘရိုက်တန်ကြယ်ပွင့် ကိုင်ဆေဒိုကိုပါ ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းသာ ဒီကလန် ရိုက်စ်အပြင် နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ပါတေးကို ထွက်ခွာခွင့်ပေးတာက ပါးနပ်တဲ့ အပြောင်းအရွှေ့ ဖြစ်လာမှာဖြစ်ပြီး အထူးသဖြင့် ကြံ့ခိုင်မှုအပိုင်းမှာ စိတ်မချရတဲ့ ကစားသမားအတွက် ပိုက်ဆံများများရနိုင်သေးချိန်မှာ ရောင်းချသွားမှာဖြစ်ပါတယ်။

ဂရာနစ် ချာကာကလည်း ကွင်းလယ်ခံစစ်ကစားသမားသစ်တစ်ဦး ရောက်ရှိလာတာနဲ့ အသင်းကို စွန့်ခွာဖို့ ပြင်ဆင်ထားပြီးဖြစ်ပြီး လက်ရှိမှာတော့ အမ်းမရိတ်စ်ကို ကစားသမားသစ် တရားဝင် ရောက်ရှိမလာသေးတာက ၎င်းရဲ့ လေဗာကူဆင်အသင်းကို အပြောင်းအရွှေ့ပြုလုပ်ဖို့ကိစ္စအတွက် နှောင့်နှေးနေစေတာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါအသင်းက ချာကာကို ၄ နှစ်စာချုပ် ကမ်းလှမ်းထားတာဖြစ်ပြီး အာဆင်နယ်ဟာ ဆွစ်ဇာလန်ကွင်းလယ်ကစားသမားရဲ့ ပြီးခဲ့တဲ့ရာသီမှာ ပါဝင်ကစားပေးခဲ့တဲ့ အခန်းကဏ္ဍကြောင့် ငွေကြေးပိုမို လိုချင်နေတယ်လို့ သိရပါတယ်။

အားလုံး ခြုံပြောရရင် လက်ရှိမှာ ကစားသမားသစ်တွေ ရောက်ရှိလာမှာကို စောင့်ဆိုင်းနေရတဲ့ ကစားသမား ၂ ဦးစလုံးရဲ့ အခြေအနေက ရှုပ်ထွေးနေပြီး ပါတေးနဲ့ ချာကာတို့ ပါဝင်ကစားပေးခဲ့တဲ့ အခန်းကဏ္ဍနဲ့ အာတီတာဖန်တီးထားခဲ့တဲ့ လူစာရင်းထဲက သဟဇာတဖြစ်မှုကြောင့် သိပ်တော့ စိုးရိမ်စရာမရှိပေမယ့် ကြာလာရင်တော့ ဘယ်သူ့အတွက်မှ အကျိုးရှိနိုင်မှာမဟုတ်တာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ နောက်ထပ် အဓိကပစ်မှတ်ဖြစ်တဲ့ ယူရီယန် တင်းဘားကလည်း အိုင်ယက်စ်အသင်းနဲ့ လေ့ကျင့်ရေး လုံးဝ မဆင်းတော့ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပြီး ကစားသမားဟာ ဂန်းနားတွေနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသူဖြစ်ပါတယ်။

အာဆင်နယ်နဲ့ အိုင်းယက်စ်တို့ဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး ဒတ်ချ်ထိပ်သီးအသင်းကြီးက အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားအတွက် ပေးခဲ့ရတဲ့ပိုက်ဆံတွေကို ပြန်လည်ရရှိချင်နေတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ကနဦး ကမ်းလှမ်းမှုဟာ အိုင်းယက်စ်အသင်း လိုချင်တဲ့ပမာဏနဲ့ မကိုက်ညီပေမယ့်လည်း သဘောတူညီမှု အပြီးသတ်နိုင်ဖို့က ပိုပိုပြီး နီးကပ်လာပုံပေါ်ပြီး ကစားသမားတစ်ဦး လေ့ကျင့်ရေးမဆင်းတာက ဘယ်သူ့အတွက်မှ မကောင်းပေမယ့် ဒီလိုမျိုး အခြေအနေမှာတော့ အပြောင်းအရွှေ့က တော်တော်လေးနီးစပ်နေပြီဆိုတာကို ပြသနေတာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းဟာ ဒတ်ချ် နောက်ခံကစားသမားအတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးကို ရရှိမှာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ဆိုးရွားတဲ့ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး စိုးရိမ်စရာရှိမှာမဟုတ်တာဖြစ်ပါတယ်။

အခြေအနေတွေအားလုံး အဆင်ပြေသွားမယ်ဆိုရင်တော့ တင်းဘားအနေနဲ့ ယခုလ အမေရိကားကို ခရီးထွက်မယ့်အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်တာကြောင့် ၎င်းရဲ့ အပြောင်းအရွှေ့အတွက် စိတ်လှုပ်ရှားနေမှာဖြစ်ပြီး အသင်းနဲ့ ဆက်ဆံရေးက အိုင်းယက်စ် အကယ်ဒမီကစားသမားတစ်ဦးဖြစ်တာကြောင့် ဆိုးဆိုးရွားရွားဖြစ်ဖို့ ခက်ခဲပါတယ်။

အရင်တုန်းက အသင်းပြောင်းရွှေ့ခါနီးမှာ ကစားသမားတွေ လေ့ကျင့်ရေးမဆင်းဘဲ အသင်းနဲ့ ခွာပြဲကြတဲ့ ဇာတ်လမ်းတွေကို အားလုံး အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးမှာဖြစ်ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ အပါးနပ်ဆုံး ရွေးချယ်မှုလို့ ထင်မြင်ရပါတယ်။

Arsenal Myanmar

Ref: Internet