ရိုက်စ်ကို ခေါ်ယူဖို့ စိုးရိမ်စရာထွက်ပေါ်လာပြီး ရွေးချယ်စရာအသစ်သတ်မှတ်ခဲ့တဲ့ အာတီတာ
ဗီလာရီးရဲလ် တိုက်စစ်မှူး ဆင်မြူရယ် ချူကဝီဇီဟာ အာဆင်နယ်အတွက် ပစ်မှတ်အသစ်အဖြစ် ထွက်ပေါ်လာခဲ့ပေမယ့်လည်း လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဂန်းနားတွေဟာ ၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ်ဆုဖလား ပြိုင်ပွဲမှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ယခုနွေရာသီမှာ နေရာအများအပြားကို အင်အားဖြည့်တင်းသွားမယ်လို့ မျှော်မှန်းခြင်း ခံထားရတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာကြောင့် အာတီတာအနေနဲ့ လူစာရင်းထဲမှာ အရည်အသွေးရှိတဲ့ ရွေးချယ်စရာတွေ ပိုမို လိုချင်နေမှာဖြစ်ပြီး ချူကဝီဇီဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဗီလာရီးရဲလ်အတွက် အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့သူဖြစ်ပါတယ်။
၂၀၂၂-၂၀၂၃ ရာသီမှာ ချူကဝီဇီဟာ ပြိုင်ပွဲစုံ ပွဲ ၅၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး စပိန်သတင်းဌာန Fichajes ရဲ့ ဖော်ပြချက်အရ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်ရဲ့ ပစ်မှတ်အသစ်တွေထဲက တစ်ဦးဖြစ်လာတယ်လို့ သိရပါတယ်။
အာတီတာဟာ တိုက်စစ်ကစားသမား လိုချင်နေတာကြောင့် ချူကဝီဇီကို ခေါ်ယူသွားမှာဖြစ်ပြီး လီဗာပူးလ်နဲ့ နယးကာဆယ်တို့ကလည်း ဗီလာရီးရဲလ်ကနေ တောင်ပံကစားသမားကို ခေါ်ယူဖို့အတွက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ချူကဝီဇီဟာ ၂၀၂၄ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ ယခုနွေရာသီမှာ ဗီလာရီးရဲလ် တောင်ပံကြယ်ပွင့်ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၅၀ ရှိတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းက တောင်ပံကစားသမားသစ် ခေါ်ယူချင်နေပုံပေါ်နေပေမယ့်လည်း ကွင်းလယ်ကစားသမား ခေါ်ယူဖို့က နံပါတ် ၁ ဦးစားပေးဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
ယခုအပတ်အစောပိုင်းမှာ အာဆင်နယ်က ရိုက်စ်အတွက် အဖွင့်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းအသင်းက လျင်လျင်မြန်မြန်ပဲ ငြင်းပယ်ခဲ့ပြီး ယခုနွေရာသီမှာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် အနည်းဆုံးပေါင်သန်း ၁၀၀ မရဘူးဆိုရင် ရောင်းချသွားမှာမဟုတ်ဘူးလို့ နားလည်ရပါတယ်။
မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း ဒီကလန် ရိုက်စ်ကို ခေါ်ယူချင်နေတယ်လို့ သိရပြီး အာဆင်နယ်အသင်းက အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားကို အရခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ESPN သတင်းထောက် မာ့ခ် အော့ဂ်ဘန်က အာဆင်နယ်အနေနဲ့ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့အတွက် ထူးမခြားနား ဇာတ်လမ်းဟောင်းအတိုင်း ဖြစ်နိုင်ခြေရှိတယ်လို့ ထင်မြင်နေတာဖြစ်ပြီး “ကျွန်တော်တို့ အဲဒါကို မာဒရစ်ခ်တုန်းကလည်း မြင်ခဲ့ဖူးတယ်။ ဒီအပြောင်းအရွှေ့က အန္တရာယ်ရှိနေတယ်။ အာဆင်နယ်က အင်အားဖြည့်တင်းဖို့လိုတယ်ဆိုတာကို သိနေတဲ့ မန်ယူနိုက်တက်လိုမျိုး ပုံစံ နည်းနည်းပေါက်နေတယ်။ ဝက်စ်ဟမ်းက သူတို့ရဲ့ ကစားသမားကို လွယ်လွယ်နဲ့တော့ ထွက်ခွင့် ဘယ်တော့မှ ပေးသွားမှာမဟုတ်ပါဘူး။ အာဆင်နယ်က ဒီနေရာမှာ ထူးမခြားနား ဇာတ်လမ်းဟောင်းကြီးအတိုင်း ဖြစ်သွားမှာကို စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ပေးသင့်တဲ့ ပမာဏထက် ပိုပြီး မပေးချင်လို့ပါ။ သူတို့တွေက ဒီကလန် ရိုက်စ်ကို သူ့ရဲ့ အရည်အသွေးကို ကိုယ်စားပြုတဲ့ ပမာဏလောက်ပဲ ပေးချင်နေတာပါ။ ဒီအပြောင်းအရွှေ့က နောက်ထပ် ရက်သတ္တပတ်အနည်းငယ်လောက် ဒီတိုင်းဆက်သွားနေဖို့များပြီး ဝက်စ်ဟမ်းက မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ဝင်လာမှာကို စောင့်ဆိုင်းနေတာ ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News