ရာသီကြိုခရီးစဉ် ပထမတစ်ပတ်လုံး ဆာလီဘာနဲ့ စကားမပြောခဲ့တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းရဲ့ ရာသီကြို ခရီးစဉ် ပထမအပတ်မှာ ဝီလီယံ ဆာလီဘာကို ဘာကြောင့် စကားမပြောဘဲနေခဲ့လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
ဆာလီဘာဟာ တတိယအကြိမ်မြောက် အငှားထွက်ကစားပြီးနောက်ပိုင်း ပြီးခဲ့တဲ့နွေရာသီ အမ်းမရိတ်စ်ကို ပြန်လည်ရောက်ရှိလာပြီးနောက် ၎င်းရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဆာလီဘာကို ၂၀၁၉ ခုနှစ်တုန်းက စန် အီတျန်အသင်းကနေ ပေါင် ၂၇ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့်လည်း ပြင်သစ်နောက်ခံလူဟာ ၎င်းရဲ့ ခြေစွမ်း ဆက်လက်တိုးတက်လာဖို့အတွက် ပြင်သစ်ကလပ်အသင်းဆီ ချက်ချင်း အငှားပြန်ချခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဆာလီဘာဟာ နောက်ထပ် တစ်ရာသီကို ပြင်သစ်လီဂူးဝမ်းမှာ နိစ်အသင်းနဲ့ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပြီး ပြီးတဲ့နောက်မှာ မာဆေးလ်အသင်းနဲ့အတူ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာကြောင့် လီဂူးဝမ်းရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာလီဘာဟာ အာဆင်နယ်အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားပေးရခြင်း မရှိသေးတာဖြစ်ပြီး အာတီတာက ပြင်သစ်နောက်ခံဟာ ၎င်းရဲ့ ပထမအသင်းထဲမှာ အားထားရတဲ့ကစားသမားတစ်ဦးဆိုတာ မမြင်ခင်အထိ မေးခွန်းအများအပြားကို ဖြေဆိုခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။
အာတီတာဟာ အာဆင်နယ်ရဲ့ ရာသီကြိုခရီးစဉ် ပထမအပတ်မှာ ဆာလီဘာကို စကားမပြောဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း မကြာမီမှာ အသက် ၂၁ နှစ်အရွယ် ကစားသမားရဲ့ အရည်အချင်းရှိမှုက အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ “ပထမဆုံးမေးခွန်း ကစားသမားက အသင်းနဲ့ တော်တော်လေး ကင်းကွာနေခဲ့ပြီးနောက် ကျွန်တော်တို့ရဲ့ အရှိန်ရနေတဲ့အသင်းထဲကို ဘယ်လိုပြန်လည်ပေါင်းစည်းသွားမလဲဆိုတာပါ။ အဲဒီမှာ စိတ်ပျက်စရာအချို့ ရှိနေလား။ ဥပမာအားဖြင့် သူက အဲဒါကို နားမလည်နိုင်တာကြောင့် ကစားသမားနဲ့ ကျွန်တော့်ကြားမှာ ပုဂ္ဂိုလ်ရေးအချို့ ရှိနေလား။ ဒါမှမဟုတ် သူ့ရဲ့ ပတ်ဝန်းကျင်၊ သူ ပြန်လာတဲ့ မျှော်မှန်းချက် ဒါမှမဟုတ် ကျွန်တော်တို့ သူ့အတွက် ပေးတဲ့လစာပမာဏ၊ သူ့အသက်ကြောင့်လား”
“အင်္ဂလန်က ထိပ်တန်းအဆင့်မှာ အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမား မရှိလို့ ပြင်သစ်မှာ လုပ်ခဲ့တဲ့အတိုင်း အာဆင်နယ်အတွက် ဒီလိဂ်မှာ အဲဒါကို လုပ်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေအများကြီးပဲ။ ပထမအပတ်မှာ ကျွန်တော် သူ့ကို စကားကို မပြောဘူး။ ကျွန်တော် မြင်ချင်နေတယ်။ ကျွန်တော်ဘာမှ ဝင်မပြောဘဲနဲ့ သူ့ရဲ့အတွေးက ဘယ်လိုမျိုးလဲဆိုတာ သဘာဝကျကျ သိချင်တယ်။ သူ ဘယ်လို တွေးခဲ့လဲပေါ့။ ဘာလို့လဲဆိုတော့ အဲဒီလိုမှ သူ အစစ်ကို ခင်ဗျား နားလည်မှာပါ။ အဲဒါပြီးတော့ ကျွန်တော် သူနဲ့ စကားပြောခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။
ဝီလီယံ ဆာလီဘာဟာ အာဆင်နယ်အသင်းမှာ အကျိုးသက်ရောက်မှု ပြသနိုင်တဲ့အကြောင်း ဘယ်လို ပြသခဲ့လဲဆိုတာကိုလည်း အာတီတာက ထုတ်ဖော်ပြောကြားခဲ့ပြီး “သူ ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တယ်။ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ် ၂ ခုမှာ ကျွန်တော်တို့ သူ့ကို ကြည့်ပြီး ‘ကြီးမားတဲ့အလားအလာတွေ ရှိနေတာပဲ’ဆိုပြီး တွေးမိခဲ့တယ်။ သူ့ရဲ့ ခံယူချက်၊ သူ ရောက်လာခဲ့တဲ့ပုံစံနဲ့ ‘ကျွန်တော်က အရမ်းကောင်းတယ်ဆိုတာကို သက်သေပြသွားမယ်။ ကျွန်တော် ဒီမှာရှိဖို့ ထိုက်တန်ပါတယ်’ဆိုပြီး ပြောခဲ့တယ်။ နောက်လုံးဝ ပြန်မလှည့်ဘဲ ဒါမှမဟုတ် ရှိုးတိုးရှန့်တန့်ဖြစ်မနေဘဲ သူက မှန်ကန်တဲ့ပုံစံနဲ့ လုပ်ဆောင်နေခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။
ဆာလီဘာဟာ ယခုရာသီ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲစလုံးကို ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဂန်းနားတွေကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်နိုင်အောင် ဂါဘရီယဲလ်နဲ့အတူ ကျစ်လစ်တဲ့ ဗဟိုခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာတီတာရဲ့ အသင်းဟာ ယနေ့ညနေမှာ တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ ဘုန်းမောက်အသင်းကို အိမ်ကွင်းအမ်းမရိတ်စ်မှာ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္နည္းျပ အာတီတာဟာ အသင္းရဲ႕ ရာသီႀကိဳ ခရီးစဥ္ ပထမအပတ္မွာ ဝီလီယံ ဆာလီဘာကို ဘာေၾကာင့္ စကားမေျပာဘဲေနခဲ့လဲဆိုတာကို ရွင္းျပခဲ့ပါတယ္။
ဆာလီဘာဟာ တတိယအႀကိမ္ေျမာက္ အငွားထြက္ကစားၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ေႏြရာသီ အမ္းမရိတ္စ္ကို ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ၎ရဲ႕ အနာဂတ္ဟာ မေရမရာ ျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ဆာလီဘာကို ၂၀၁၉ ခုႏွစ္တုန္းက စန္ အီတ်န္အသင္းကေန ေပါင္ ၂၇ သန္းဝန္းက်င္နဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္လည္း ျပင္သစ္ေနာက္ခံလူဟာ ၎ရဲ႕ ေျခစြမ္း ဆက္လက္တိုးတက္လာဖို႔အတြက္ ျပင္သစ္ကလပ္အသင္းဆီ ခ်က္ခ်င္း အငွားျပန္ခ်ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။
ဆာလီဘာဟာ ေနာက္ထပ္ တစ္ရာသီကို ျပင္သစ္လီဂူးဝမ္းမွာ နိစ္အသင္းနဲ႔ အခ်ိန္ကုန္ဆုံးခဲ့တာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ မာေဆးလ္အသင္းနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ခဲ့တာေၾကာင့္ လီဂူးဝမ္းရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာလီဘာဟာ အာဆင္နယ္အသင္းအတြက္ တစ္ပြဲမွ ပါဝင္ကစားေပးရျခင္း မရွိေသးတာျဖစ္ၿပီး အာတီတာက ျပင္သစ္ေနာက္ခံဟာ ၎ရဲ႕ ပထမအသင္းထဲမွာ အားထားရတဲ့ကစားသမားတစ္ဦးဆိုတာ မျမင္ခင္အထိ ေမးခြန္းအမ်ားအျပားကို ေျဖဆိုခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။
အာတီတာဟာ အာဆင္နယ္ရဲ႕ ရာသီႀကိဳခရီးစဥ္ ပထမအပတ္မွာ ဆာလီဘာကို စကားမေျပာဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္လည္း မၾကာမီမွာ အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ အရည္အခ်င္းရွိမႈက အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ “ပထမဆုံးေမးခြန္း ကစားသမားက အသင္းနဲ႔ ေတာ္ေတာ္ေလး ကင္းကြာေနခဲ့ၿပီးေနာက္ ကြၽန္ေတာ္တို႔ရဲ႕ အရွိန္ရေနတဲ့အသင္းထဲကို ဘယ္လိုျပန္လည္ေပါင္းစည္းသြားမလဲဆိုတာပါ။ အဲဒီမွာ စိတ္ပ်က္စရာအခ်ိဳ႕ ရွိေနလား။ ဥပမာအားျဖင့္ သူက အဲဒါကို နားမလည္ႏိုင္တာေၾကာင့္ ကစားသမားနဲ႔ ကြၽန္ေတာ့္ၾကားမွာ ပုဂၢိဳလ္ေရးအခ်ိဳ႕ ရွိေနလား။ ဒါမွမဟုတ္ သူ႔ရဲ႕ ပတ္ဝန္းက်င္၊ သူ ျပန္လာတဲ့ ေမွ်ာ္မွန္းခ်က္ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ သူ႔အတြက္ ေပးတဲ့လစာပမာဏ၊ သူ႔အသက္ေၾကာင့္လား”
“အဂၤလန္က ထိပ္တန္းအဆင့္မွာ အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမား မရွိလို႔ ျပင္သစ္မွာ လုပ္ခဲ့တဲ့အတိုင္း အာဆင္နယ္အတြက္ ဒီလိဂ္မွာ အဲဒါကို လုပ္ႏိုင္မွာလားဆိုတဲ့ ေမးခြန္းေတြအမ်ားႀကီးပဲ။ ပထမအပတ္မွာ ကြၽန္ေတာ္ သူ႔ကို စကားကို မေျပာဘူး။ ကြၽန္ေတာ္ ျမင္ခ်င္ေနတယ္။ ကြၽန္ေတာ္ဘာမွ ဝင္မေျပာဘဲနဲ႔ သူ႔ရဲ႕အေတြးက ဘယ္လိုမ်ိဳးလဲဆိုတာ သဘာဝက်က် သိခ်င္တယ္။ သူ ဘယ္လို ေတြးခဲ့လဲေပါ့။ ဘာလို႔လဲဆိုေတာ့ အဲဒီလိုမွ သူ အစစ္ကို ခင္ဗ်ား နားလည္မွာပါ။ အဲဒါၿပီးေတာ့ ကြၽန္ေတာ္ သူနဲ႔ စကားေျပာခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ဝီလီယံ ဆာလီဘာဟာ အာဆင္နယ္အသင္းမွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္တဲ့အေၾကာင္း ဘယ္လို ျပသခဲ့လဲဆိုတာကိုလည္း အာတီတာက ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး “သူ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့တယ္။ ပထမဆုံး ေလ့က်င့္ေရးအစီအစဥ္ ၂ ခုမွာ ကြၽန္ေတာ္တို႔ သူ႔ကို ၾကည့္ၿပီး ‘ႀကီးမားတဲ့အလားအလာေတြ ရွိေနတာပဲ’ဆိုၿပီး ေတြးမိခဲ့တယ္။ သူ႔ရဲ႕ ခံယူခ်က္၊ သူ ေရာက္လာခဲ့တဲ့ပုံစံနဲ႔ ‘ကြၽန္ေတာ္က အရမ္းေကာင္းတယ္ဆိုတာကို သက္ေသျပသြားမယ္။ ကြၽန္ေတာ္ ဒီမွာရွိဖို႔ ထိုက္တန္ပါတယ္’ဆိုၿပီး ေျပာခဲ့တယ္။ ေနာက္လုံးဝ ျပန္မလွည့္ဘဲ ဒါမွမဟုတ္ ရႈိးတိုးရွန႔္တန႔္ျဖစ္မေနဘဲ သူက မွန္ကန္တဲ့ပုံစံနဲ႔ လုပ္ေဆာင္ေနခဲ့တယ္”လို႔ ေျပာျပခဲ့ပါတယ္။
ဆာလီဘာဟာ ယခုရာသီ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၅ ပြဲစလုံးကို ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ဂန္းနားေတြကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ေအာင္ ဂါဘရီယဲလ္နဲ႔အတူ က်စ္လစ္တဲ့ ဗဟိုခံစစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အာတီတာရဲ႕ အသင္းဟာ ယေန႔ညေနမွာ တန္းဆင္းဇုန္တိုက္ပြဲဝင္ေနရတဲ့ ဘုန္းေမာက္အသင္းကို အိမ္ကြင္းအမ္းမရိတ္စ္မွာ အႏိုင္ယူၿပီး အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- News