ရာသီကုန်ခါနီးမှာ ဂန်းနားတွေ ခဏလေးတောင် ဆုံးရှုံးလို့မရနိုင်တဲ့သူကို ပြောပြခဲ့တဲ့ အီယန် ရိုက်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ
-အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့လတွေမှာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ ဖက်ဘရီဇီယို ရိုမာနိုက ဂန်းနားတွေအတွက် အားတက်စရာ သတင်းပေးလိုက်ပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက ယခုရာသီကုန်မှာ ဒီကလန် ရိုက်စ် ပတ်ဝန်းကျင်မှာ သွားဖို့ အချိန်ကျပြီဆိုတဲ့ ခံစားမှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ “ဒီကလန် ရိုက်စ်ကို အသင်းအများအပြားက နှစ်သက်နေဆဲဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ သူက စျေးကွက်ထဲမှာ အရမ်းကို တန်ဖိုးအထားခံနေရပါတယ်။ အာဆင်နယ် အသင်းအတွင်းပိုင်းမှာလည်း သူတို့တွေက ကစားသမားကို တကယ်ကို တန်ဖိုးထားမှုတွေရှိနေပြီး ကွင်းလယ်နေရာအတွက် ဒီကလန် ရိုက်စ်က သူတို့တွေ ရှိစေချင်တဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် ဆွေးနွေးခဲ့တယ်။
အခုအချိန်မှာ ဝက်စ်ဟမ်းနဲ့ ဘာမှ ဆွေးနွေးတာမျိုးမရှိခဲ့ပါဘူး။ ဝက်စ်ဟမ်းအပေါ်မှာပဲ တော်တော်များများက မူတည်နေပြီး သူတို့တွေ ဒီကလန် ရိုက်စ်အတွက် နွေရာသီမှာ ဘယ်လောက်တောင်းဆိုမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါပေမယ့် ဒီကလန် ရိုက်စ်ပတ်ဝန်းကျင်က ခံစားချက်တွေက အရမ်းရှင်းပါတယ်။ ၂၀၂၃ နွေရာသီက ဒီကလန် ရိုက်စ်အနေနဲ့ မတူညီတဲ့တစ်စုံတရာကို ကြိုးစားကြည့်ဖို့ အခွင့်အရေးဖြစ်လာတော့မယ်ဆိုတဲ့ ခံစားချက်တွေရှိနေတယ်။ မနှစ်ကတည်းက ခင်ဗျားကို ပြောပြီးသားပါ။ ဒီကလန် ရိုက်စ်က စာချုပ်သစ် ချုပ်မှာမဟုတ်ဘဲ အခုအထိလည်း အဲဒီအတိုင်းပဲ ဖြစ်နေတုန်းပဲ။ ဒီကလန်အတွက် ခံစားချက်က သွားဖို့ အချိန်ကျပြီ။ မတူညီတဲ့စိန်ခေါ်မှုတွေကို စမ်းသပ်ရမယ့် အချိန်ကျပြီဆိုတာပဲ။ အဲဒီတော့ ဝက်စ်ဟမ်းက သူ့အတွက် ဘယ်လောက်တောင်းမလဲ ကြည့်တာပေါ့။ ဒါပေမယ့် ဒီနွေရာသီကတော့ သူ့အတွက် အသစ်တစ်ခုခုကို စမ်းကြည့်ဖို့ ကြီးမားတဲ့အခွင့်အရေးဖြစ်လိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်အသင်းဟာ ယခုရာသီမှာ ကစားဖို့ ပွဲတွေအများကြီး ကျန်သေးပေမယ့်လည်း အာတီတာနဲ့ အသင်းတာဝန်ရှိသူတွေဟာ လာမယ့်နှစ်တွေအတွက် အစီအစဉ်ဆွဲထားပြီးဖြစ်ပြီး နွေရာသီမှာ လူစာရင်းကို အင်အားဖြည့်တင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။ စပိန်လူမျိုးနည်းပြအတွက် တိုက်စစ်အင်အားဖြည့်တင်းဖို့က အဓိက ဦးစားပေးဖြစ်နေဆဲဖြစ်ပြီး ရက်ဘူးလ် ဆာ့ဇ်ဘာ့ဂ်တိုက်စစ်မှူး နိုအာ အိုကာဖော်ရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဩစတြီးယားဘွန်ဒက်စ်လီဂါမှာ နောက်ထပ်တစ်ကြိမ် ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေပေမယ့်လည်း လီဂူးဝမ်းမှာ အငှားနဲ့ ထွက်ကစားပြီး အထင်ကြီးဖွယ် ခြေစွမ်းပြသနေတဲ့ ဘာလိုဂွန်က လာမယ့်နှစ်မှာ ပထမအသင်းထဲမှာ နေရာရလာဖွယ်ရှိနေတာကြောင့် အိုကာဖော်ကို ခေါ်ယူမယ့်အစီအစဉ်အပေါ် ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။
-အာဆင်နယ်ကနေ ရင်းမ်စ်ကို အငှားနဲ့ ထွက်ကစားနေတဲ့ ဘာလိုဂွန်ဟာ အင်္ဂလန်ယူ-၂၁ လူစာရင်းကနေ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရတယ်လို့ လီး ကာစလီက အတည်ပြုခဲ့ပါတယ်။ ဘာလိုဂွန်ဟာ လီဂူးဝမ်းမှာ အထင်ကြီးဖွယ်ခြေစွမ်း ဆက်လက်ပြသနိုင်ခဲ့ပြီးနောက် အင်္ဂလန်လူစာရင်းထဲကို ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ယူ-၂၁ အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးကတည်းက ၁၃ ပွဲပါဝင်ကစားပေးထားတာဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲလူစာရင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရတဲ့နောက် ဘာလိုဂွန်ဟာ လီး ကာစလီရဲ့ ယူ-၂၁ လူစာရင်းထဲမှာ လာမယ့် ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ ကစားရမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာလိုဂွန်ဟာ တနင်္ဂနွေနေ့က မာဆေးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပြီး ၁၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဦးဆောင်ဂိုးကို အာဆင်နယ်ကြယ်ပွင့်ဟောင်း အလက်ဆစ် ဆန်းချက်ဇ်က ချေပသွားခဲ့တာဖြစ်ပါတယ်။
-အာဆင်နယ်ကြယ်ပွင့် လီအန်ဒရို ထရော့ဆာဒ်ဟာ မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းနားနဲ့အတူ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး တနင်္လာနေ့မှာ ပထမဆုံးလေ့ကျင့်ရေးပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားအများအပြား သိသိသာသာ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားနဲ့ ထရော့ဆာ့ဒ်တို့ ၂ ဦးစလုံးဟာ ဒိုမီနီကို ဒီဒက်စ်ကိုရဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့ကြပြီး နောက်ကွယ်က အကြောင်းအရင်းကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ RTL Info ရဲ့ ဖော်ပြချက်အရ တနင်္ဂနွေနေ့မှာ ကလပ်အသင်းတွေအတွက် ကစားပေးခဲ့တဲ့ ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်မတိုင်ခင် ရက်အပို နားရက်ပေးခြင်း ခံခဲ့ရတာဖြစ်တယ်လို့သိရပြီး ဒီဘရိုင်းနားက စနေနေ့ညနေက ကစားခဲ့တာဖြစ်ပေမယ့်လည်း ကြိုတင်ကာကွယ်မှုအနေနဲ့ အနားပေးထားခဲ့တာဖြစ်နိုင်တယ်လို့ သိရပါတယ်။
-အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က သောမတ်စ် ပါတေးဟာ ဂန်းနားတွေ ဆုံးရှုံးဖို့ မဖြစ်နိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပြီး အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ နိုင်ငံတကာအားလပ်ရက်ကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ဦးဆောင်ထားတဲ့အသင်းအဖြစ် ဖြတ်သန်းရမှာဖြစ်ပြီး အီယန် ရိုက်က ဒဏ်ရာကြောင့် ဂန်းနားတွေ ဆုံးရှုံးလို့မရနိုင်တဲ့ ကစားသမားတစ်ဦးရှိတယ်ဆိုရင် အဲဒါက ပါတေးပဲလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “အခုအချိန်အထိတော့ စိတ်ရှုပ်ထွေးစရာမရှိပေမယ့်လည်း ခင်ဗျား သောမတ်စ် ပါတေးလိုမျိုး ကစားသမားကို အချိန်ဘယ်လောက်အတိုင်းအတာလောက်ပဲဖြစ်ဖြစ် ဆုံးရှုံးချင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆာလီဘာကို ဆုံးရှုံးခဲ့တယ်။ ဒါပေမယ့် သူတို့တွေ အခုအချိန်အထိတော့ ထိန်းထားနိင်သေးပုံပေါ်ပါတယ်။ အာဆင်နယ်နဲ့ပတ်သက်ပြီး လူတွေ ဝေဖန်နေကြတဲ့ အရာတစ်ခုက မင်းတို့ အဓိကကစားသမားတွေ နာသွားတဲ့အချိန်ကျရင် ကြည့်ကြတာပေါ့ဆိုတဲ့စကားပါ။ ကျွန်တော်တို့မှာ အဓိကကစားသမားတွေ အားလုံး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာလည်း ရနေတုန်းပဲ။ အခုတော့ သူတို့တွေ ဒဏ်ရာတွေ ရောက်လာနိုင်တဲ့ နောက်ဆုံးပွဲစဉ်တွေကို ဖိအားတွေနဲ့ ဘယ်လို ပြီးဆုံးမလဲဆိုတာကိုပဲ ကြည့်ရတော့မှာပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
-အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့လေတြမွာ ဝက္စ္ဟမ္းကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့ၿပီး လက္ရွိမွာေတာ့ ဖက္ဘရီဇီယို ႐ိုမာႏိုက ဂန္းနားေတြအတြက္ အားတက္စရာ သတင္းေပးလိုက္ၿပီျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ႐ိုမာႏိုက ယခုရာသီကုန္မွာ ဒီကလန္ ႐ိုက္စ္ ပတ္ဝန္းက်င္မွာ သြားဖို႔ အခ်ိန္က်ၿပီဆိုတဲ့ ခံစားမႈေတြ ရွိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ဒီကလန္ ႐ိုက္စ္ကို အသင္းအမ်ားအျပားက ႏွစ္သက္ေနဆဲဆိုတာကို ကြၽန္ေတာ္ အတည္ျပဳႏိုင္ပါတယ္။ သူက ေစ်းကြက္ထဲမွာ အရမ္းကို တန္ဖိုးအထားခံေနရပါတယ္။ အာဆင္နယ္ အသင္းအတြင္းပိုင္းမွာလည္း သူတို႔ေတြက ကစားသမားကို တကယ္ကို တန္ဖိုးထားမႈေတြရွိေနၿပီး ကြင္းလယ္ေနရာအတြက္ ဒီကလန္ ႐ိုက္စ္က သူတို႔ေတြ ရွိေစခ်င္တဲ့ ကစားသမားေတြထဲက တစ္ဦးအျဖစ္ ေဆြးေႏြးခဲ့တယ္။
အခုအခ်ိန္မွာ ဝက္စ္ဟမ္းနဲ႔ ဘာမွ ေဆြးေႏြးတာမ်ိဳးမရွိခဲ့ပါဘူး။ ဝက္စ္ဟမ္းအေပၚမွာပဲ ေတာ္ေတာ္မ်ားမ်ားက မူတည္ေနၿပီး သူတို႔ေတြ ဒီကလန္ ႐ိုက္စ္အတြက္ ေႏြရာသီမွာ ဘယ္ေလာက္ေတာင္းဆိုမလဲဆိုတဲ့အေပၚမွာ မူတည္တယ္။ ဒါေပမယ့္ ဒီကလန္ ႐ိုက္စ္ပတ္ဝန္းက်င္က ခံစားခ်က္ေတြက အရမ္းရွင္းပါတယ္။ ၂၀၂၃ ေႏြရာသီက ဒီကလန္ ႐ိုက္စ္အေနနဲ႔ မတူညီတဲ့တစ္စုံတရာကို ႀကိဳးစားၾကည့္ဖို႔ အခြင့္အေရးျဖစ္လာေတာ့မယ္ဆိုတဲ့ ခံစားခ်က္ေတြရွိေနတယ္။ မႏွစ္ကတည္းက ခင္ဗ်ားကို ေျပာၿပီးသားပါ။ ဒီကလန္ ႐ိုက္စ္က စာခ်ဳပ္သစ္ ခ်ဳပ္မွာမဟုတ္ဘဲ အခုအထိလည္း အဲဒီအတိုင္းပဲ ျဖစ္ေနတုန္းပဲ။ ဒီကလန္အတြက္ ခံစားခ်က္က သြားဖို႔ အခ်ိန္က်ၿပီ။ မတူညီတဲ့စိန္ေခၚမႈေတြကို စမ္းသပ္ရမယ့္ အခ်ိန္က်ၿပီဆိုတာပဲ။ အဲဒီေတာ့ ဝက္စ္ဟမ္းက သူ႔အတြက္ ဘယ္ေလာက္ေတာင္းမလဲ ၾကည့္တာေပါ့။ ဒါေပမယ့္ ဒီေႏြရာသီကေတာ့ သူ႔အတြက္ အသစ္တစ္ခုခုကို စမ္းၾကည့္ဖို႔ ႀကီးမားတဲ့အခြင့္အေရးျဖစ္လိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
-အာဆင္နယ္အသင္းဟာ ယခုရာသီမွာ ကစားဖို႔ ပြဲေတြအမ်ားႀကီး က်န္ေသးေပမယ့္လည္း အာတီတာနဲ႔ အသင္းတာဝန္ရွိသူေတြဟာ လာမယ့္ႏွစ္ေတြအတြက္ အစီအစဥ္ဆြဲထားၿပီးျဖစ္ၿပီး ေႏြရာသီမွာ လူစာရင္းကို အင္အားျဖည့္တင္းသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ စပိန္လူမ်ိဳးနည္းျပအတြက္ တိုက္စစ္အင္အားျဖည့္တင္းဖို႔က အဓိက ဦးစားေပးျဖစ္ေနဆဲျဖစ္ၿပီး ရက္ဘူးလ္ ဆာ့ဇ္ဘာ့ဂ္တိုက္စစ္မႉး ႏိုအာ အိုကာေဖာ္ရဲ႕ တိုးတက္မႈကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဩစႀတီးယားဘြန္ဒက္စ္လီဂါမွာ ေနာက္ထပ္တစ္ႀကိမ္ ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနေပမယ့္လည္း လီဂူးဝမ္းမွာ အငွားနဲ႔ ထြက္ကစားၿပီး အထင္ႀကီးဖြယ္ ေျခစြမ္းျပသေနတဲ့ ဘာလိုဂြန္က လာမယ့္ႏွစ္မွာ ပထမအသင္းထဲမွာ ေနရာရလာဖြယ္ရွိေနတာေၾကာင့္ အိုကာေဖာ္ကို ေခၚယူမယ့္အစီအစဥ္အေပၚ ဆိုး႐ြားတဲ့အက်ိဳးသက္ေရာက္မႈေတြရွိလာႏိုင္ပါတယ္။
-အာဆင္နယ္ကေန ရင္းမ္စ္ကို အငွားနဲ႔ ထြက္ကစားေနတဲ့ ဘာလိုဂြန္ဟာ အဂၤလန္ယူ-၂၁ လူစာရင္းကေန ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ခဲ့ရတယ္လို႔ လီး ကာစလီက အတည္ျပဳခဲ့ပါတယ္။ ဘာလိုဂြန္ဟာ လီဂူးဝမ္းမွာ အထင္ႀကီးဖြယ္ေျခစြမ္း ဆက္လက္ျပသႏိုင္ခဲ့ၿပီးေနာက္ အဂၤလန္လူစာရင္းထဲကို ေခၚယူျခင္းခံခဲ့ရတာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ ယူ-၂၁ အသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ၿပီးကတည္းက ၁၃ ပြဲပါဝင္ကစားေပးထားတာျဖစ္ပါတယ္။ ေဆာက္ဂိတ္ရဲ႕ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲလူစာရင္းမွာ ေ႐ြးခ်ယ္ျခင္းမခံခဲ့ရတဲ့ေနာက္ ဘာလိုဂြန္ဟာ လီး ကာစလီရဲ႕ ယူ-၂၁ လူစာရင္းထဲမွာ လာမယ့္ ျပင္သစ္၊ ခ႐ိုေအးရွားတို႔နဲ႔ ကစားရမယ့္ ႏိုင္ငံတကာေျခစမ္းပြဲအတြက္ ေခၚယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘာလိုဂြန္ဟာ တနဂၤေႏြေန႔က မာေဆးလ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ လူစာရင္းကေန ႏုတ္ထြက္ခဲ့ရတာျဖစ္ၿပီး ၁၃ မိနစ္မွာ သြင္းယူေပးခဲ့တဲ့ ဦးေဆာင္ဂိုးကို အာဆင္နယ္ၾကယ္ပြင့္ေဟာင္း အလက္ဆစ္ ဆန္းခ်က္ဇ္က ေခ်ပသြားခဲ့တာျဖစ္ပါတယ္။
-အာဆင္နယ္ၾကယ္ပြင့္ လီအန္ဒ႐ို ထေရာ့ဆာဒ္ဟာ မန္စီးတီးၾကယ္ပြင့္ ဒီဘ႐ိုင္းနားနဲ႔အတူ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္အသင္းရဲ႕ ေခၚယူျခင္းကို ခံခဲ့ရၿပီး တနလၤာေန႔မွာ ပထမဆုံးေလ့က်င့္ေရးျပဳလုပ္ခဲ့ေပမယ့္လည္း ကစားသမားအမ်ားအျပား သိသိသာသာ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားနဲ႔ ထေရာ့ဆာ့ဒ္တို႔ ၂ ဦးစလုံးဟာ ဒိုမီနီကို ဒီဒက္စ္ကိုရဲ႕ ပထမဆုံးေလ့က်င့္ေရးအစီအစဥ္ကို ပ်က္ကြက္ခဲ့ၾကၿပီး ေနာက္ကြယ္က အေၾကာင္းအရင္းကေတာ့ စိုးရိမ္စရာမရွိဘူးလို႔ သိရပါတယ္။ RTL Info ရဲ႕ ေဖာ္ျပခ်က္အရ တနဂၤေႏြေန႔မွာ ကလပ္အသင္းေတြအတြက္ ကစားေပးခဲ့တဲ့ ကစားသမားေတြဟာ ႏိုင္ငံတကာပြဲစဥ္မတိုင္ခင္ ရက္အပို နားရက္ေပးျခင္း ခံခဲ့ရတာျဖစ္တယ္လို႔သိရၿပီး ဒီဘ႐ိုင္းနားက စေနေန႔ညေနက ကစားခဲ့တာျဖစ္ေပမယ့္လည္း ႀကိဳတင္ကာကြယ္မႈအေနနဲ႔ အနားေပးထားခဲ့တာျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။
-အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ေသာမတ္စ္ ပါေတးဟာ ဂန္းနားေတြ ဆုံးရႈံးဖို႔ မျဖစ္ႏိုင္တဲ့ ကစားသမားျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး အာတီတာရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ဖလား ရယူႏိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ေရာက္ရွိေနၿပီျဖစ္ပါတယ္။ အာဆင္နယ္ဟာ ႏိုင္ငံတကာအားလပ္ရက္ကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ဦးေဆာင္ထားတဲ့အသင္းအျဖစ္ ျဖတ္သန္းရမွာျဖစ္ၿပီး အီယန္ ႐ိုက္က ဒဏ္ရာေၾကာင့္ ဂန္းနားေတြ ဆုံးရႈံးလို႔မရႏိုင္တဲ့ ကစားသမားတစ္ဦးရွိတယ္ဆိုရင္ အဲဒါက ပါေတးပဲလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “အခုအခ်ိန္အထိေတာ့ စိတ္ရႈပ္ေထြးစရာမရွိေပမယ့္လည္း ခင္ဗ်ား ေသာမတ္စ္ ပါေတးလိုမ်ိဳး ကစားသမားကို အခ်ိန္ဘယ္ေလာက္အတိုင္းအတာေလာက္ပဲျဖစ္ျဖစ္ ဆုံးရႈံးခ်င္မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဆာလီဘာကို ဆုံးရႈံးခဲ့တယ္။ ဒါေပမယ့္ သူတို႔ေတြ အခုအခ်ိန္အထိေတာ့ ထိန္းထားနိင္ေသးပုံေပၚပါတယ္။ အာဆင္နယ္နဲ႔ပတ္သက္ၿပီး လူေတြ ေဝဖန္ေနၾကတဲ့ အရာတစ္ခုက မင္းတို႔ အဓိကကစားသမားေတြ နာသြားတဲ့အခ်ိန္က်ရင္ ၾကည့္ၾကတာေပါ့ဆိုတဲ့စကားပါ။ ကြၽန္ေတာ္တို႔မွာ အဓိကကစားသမားေတြ အားလုံး ဒဏ္ရာရခဲ့တယ္။ ဒဏ္ရာလည္း ရေနတုန္းပဲ။ အခုေတာ့ သူတို႔ေတြ ဒဏ္ရာေတြ ေရာက္လာႏိုင္တဲ့ ေနာက္ဆုံးပြဲစဥ္ေတြကို ဖိအားေတြနဲ႔ ဘယ္လို ၿပီးဆုံးမလဲဆိုတာကိုပဲ ၾကည့္ရေတာ့မွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet