ယူနိုက်တက်က ဂန်းနားတွေထက် ပိုကောင်းတဲ့ရာသီရနိုင်တယ်လို့ ပြောခဲ့တဲ့ ဖာဒီနန်
ရီယို ဖာဒီနန်က အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ဟာ မြောက်လန်ဒန်ကလပ်အသင်းရဲ့နောက်မှာ ရာသီပြီးဆုံးခဲ့ရင်တောင်မှ အာဆင်နယ်ထက် ပိုမိုကောင်းမွန်တဲ့ ရာသီကို ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အဲရစ် တန်ဟက်လက်အောက်မှာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ တိုက်ပွဲထဲမှာ အခိုင်အမာ ပါဝင်နေတာဖြစ်ပြီး အာဆင်နယ်ကတော့ ဒုတိယနေရာက မန်စီးတီးထက် ၄ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ကို ၂-၀ နဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေကျခဲ့ပြီးနောက် ရမှတ်တွေ လျော့ကျခဲ့ပြီး ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်မှုကို ပြသခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ တစ်ရာသီလုံး အမ်းမရိတ်စ်ကွင်းမှာ အထင်ကြီးဖွယ်အလုပ်ကို လုပ်ဆောင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ယူနိုက်တက် နည်းပြတန်ဟက် လက်အောက်မှာ ပိုပြီး အထင်ကြီးစရာကောင်းတဲ့ရာသီကို ပိုင်ဆိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“တကယ်လို့ အာဆင်နယ်သာ လိဂ်ဖလားကို မရဘဲ မန်ယူနိုက်တက်က အဆင့် ၃ နေရာမှာ ရပ်တည်ပြီး ဆုဖလားတစ်လုံးရခဲ့တာကြောင့် သူတို့က ပိုကောင်းတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါလိမ့်မယ်။ ပရိသတ်တွေကို ခဏမေ့ထားလိုက်။ ခင်ဗျားက ကစားသမားတစ်ယောက်ဆိုပါစို့။ ခင်ဗျား အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးပြီး ဖလားတစ်လုံးရတယ်။ ကာရာဘောင်းဖြစ်ဖြစ် ဘာဖလားပဲ ဖြစ်ဖြစ်ပေါ့။ခင်ဗျား အထက်မှာ ရာသီပြီးဆုံးတဲ့အထိက ဖလားတစ်လုံးမှမရဘူး။ ဘယ်သူက ပိုပြီး ပျော်ရွှင်တဲ့ကစားသမားဖြစ်မလဲ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမကုန်ခင်မှာ နောက်ထပ် ဆုဖလား ၂ လုံး ရရှိနိုင်တဲ့ အခွင့်အရေးရှိနေဆဲဖြစ်ပြီး အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဘရိုက်တန်၊ ဆီဗီလာတို့နဲ့ ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk