ယနေ့လေ့ကျင့်ရေးမှာ ပျောက်ဆုံးနေခဲ့တဲ့ ဂန်းနားအဓိကကြယ်ပွင့်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ယနေ့လေ့ကျင့်ရေးမှာ ပျောက်ဆုံးနေခဲ့တဲ့ ဂန်းနားအဓိကကြယ်ပွင့်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ ဝီလီယံ ဆာလီဘာကို နောက်ထပ်တစ်ကြိမ် မမြင်တွေ့ခဲ့ရတဲ့နောက် ယခုအပတ် ဝက်စ်ဟမ်းနဲ့ပွဲမှာ ဟိုးဒင်းကိုပဲ အားထားရတော့မယ့်ပုံပေါ်ပါတယ်။ ပြင်သစ်နောက်ခံလူဟာ စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ လွန်ခဲ့တဲ့တစ်လတိတိက ပွဲစဉ်မှာ ရခဲ့တဲ့ နောက်ကျောဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပြီး ပြန်လည်ပါဝင်ကစားပေးဖို့နဲ့ပတ်သက်ပြီး အလွန်အမင်း သတိထား ချဉ်းကပ်မှုတွေ ပြုလုပ်နေခဲ့ရတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေနေ့မှာ အရှေ့လန်ဒန်ကို သွားရောက်ပြီး ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ပြီးရင် သောကြာနေ့မှာ ဆောက်သမ်တန်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်ထပ် ၄ ရက်အကြာမှာ အစ်တီဟတ်ကိုသွားပြီး မန်စီးတီးနဲ့ ယခုရာသီ ဆုဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ်ခံယူသွားရမှာ ဖြစ်ပါတယ်။ သတင်းကောင်းကတော့ အက်ဒီ အန်ကီးတီးယား လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နိုင်နေပြီဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲအမီ ပါဝင်ကစားပေးနိုင်ဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပုံပေါ်ပါတယ်။

-အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲမတိုင်ခင် ယနေ့လေ့ကျင့်ရေးမှာ လူငယ်ကစားသမား ရီယဲလ် ဝေါ်တာစ်ကို ပထမအသင်းလေ့ကျင့်ရေးအစီအစဉ်မှာ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်ကလည်း အသက် ၁၈ နှစ်အရွယ်ကစာသမားကို လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး လူငယ်ဗဟိုခံစစ်ကစားသမားဟာ ခြေစွမ်းပိုင်း တိုးတက်လာမှုက အလွန်ကြီးမားတယ်လို့ လူငယ်အသင်းအထူးကျွမ်းကျင်သူ ဂျော့ဂျ် ဘာ့ဒ်ရဲ့ ချီးကျူးခြင်းခံခဲ့ရသူဖြစ်ပါတယ်။

Football Fan Cast က ဝေါ်တာစ်ကို ဆိုးလ် ကမ်းဘဲလ် လက်သစ်လို့ သတ်မှတ်ခဲ့တာဖြစ်ပြီး အသင်းရဲ့ အကောင်းဆုံးနောက်ခံကစားသမားဖြစ်လာဖို့အတွက် ၎င်းရဲ့ အရည်အချင်းဘယ်လောက်အထိ ရှိလဲဆိုတာကို ပြသဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။

-အာဆင်နယ် ဖလာမင်ဂို ပါရမီရှင် မားသဲအို့စ် ဂွန်ဆာလ်ဗိစ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ The Sun က အသက် ၁၇ နှစ်အရွယ် ဘရာဇီးလ်လူငယ်ကြယ်ပွင့်ကို စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ဂျာနယ်လစ် ဂျော့ဂျ် နီကိုလာက အာဆင်နယ်ရဲ့အကြောင်းနဲ့ ၎င်းတို့ရဲ့ ဂွန်ဆာလ်ဗိစ်အပေါ် စိတ်ဝင်စားမှုအကြောင်း ပြောကြားခဲ့ပြီး ၎င်းရဲ့ ယူကျုချန်နယ်မှာ ဂန်နားတွေက အနီးကပ်ဆက်လက်စောင့်ကြည့်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လာမယ့်ရက်ပိုင်းအတွင်း ဂွန်ဆာလ်ဗိစ်အတွက် ဖလာမင်ဂိုအသင်းကို ကမ်းလှမ်းမှု ပြုလုပ်မယ်လို့ ကတိပေးခဲ့ပုံပေါ်ပြီး လူငယ်ကြယ်ပွင့်ဟာ လာမယ့် ဩဂုတ်လမှာ အသက် ၁၈ နှစ်ပြည့်တော့မှာဖြစ်ပြီး စာချုပ်လျော်ကြေးယူရိုသန်း ၁၀၀ နဲ့ ကာကွယ်ခြင်းခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွန်ဆာလ်ဗိစ်ဟာ အဲဒီပမာဏထက် သိသိသာသာ စျေးသက်သာမှာဖြစ်ပြီး ပေါင် ၂.၅ သန်းလောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

-ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ လိုက်ပ်ဇစ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို ပေါင် ၅၃ သန်းနဲ့ ခေါ်ယူသွားဖို့ အကြိုသဘောတူညီမှု ရရှိထားပြီးဖြစ်တာကြောင့် ဘွန်ဒက်စ်လီဂါအသင်းဟာ အာဆင်နယ်ကနေ ရင်းမ်စ်ကို အငှားနဲ့ ထွက်ကစားနေတဲ့ ဘာလိုဂန်ကို အစားထိုးခေါ်ယူသွားဖို့ အလွန်စိတ်ဝင်စားနေတယ်လို့ Sky Germany က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် ဂန္တဝင် အီယန် ရိုက်က ဘာလိုဂန်ရဲ့ အမာခံ ပရိသတ်ဖြစ်ပြီး ဂျေးဇုနဲ့ အန်ကီးတီးယားတို့ ခြေစွမ်းပြသနေပေမယ့်လည်း မြောက်လန်ဒန်မှာ အခွင့်အရေးပေးခြင်းခံရသင့်တယ်လို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“သူ အာဆင်နယ်ကို အချိန်တစ်ခုမှာ ပြန်လာပြီး သူ့ကိုယ်သူ သက်သေပြသနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ သူက ယုံကြည်မှု နောက်ထပ်အဆင့်တစ်ဆင့် ရောက်သွားခဲ့ပါပြီ။ သူ ဘယ်လိဂ်ကိုပဲသွားသွား မှန်ကန်တဲ့ လုပ်ဆောင်မှုနဲ့အတူ ပြင်သစ်မှာ သူလုပ်နေတာတွေကို လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူသာ ပြန်လာခဲ့ရင် အဲဒီလိဂ်မှာ သူလုပ်ခဲ့တာတွေကို လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် အာမခံရဲတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet