မန်စီးတီးရဲ့လက်ကျန်ပွဲစဉ်တွေနဲ့ ဂန်းနားတွေရဲ့ နောက်ဆုံး ၄ ပွဲကို နှိုင်းယှဉ်ကြည့်ခြင်း coyg

မန်စီးတီးရဲ့လက်ကျန်ပွဲစဉ်တွေနဲ့ ဂန်းနားတွေရဲ့ နောက်ဆုံး ၄ ပွဲကို နှိုင်းယှဉ်ကြည့်ခြင်း

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ဟာ ဗုဒ္ဓဟူးနေ့ညမှာ မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို ၃-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့ပြီးနောက် နောက်ထပ် ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အင်္ဂါနေ့က ချဲလ်ဆီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက လက်ရှိမှာတော့ ဇယားထိပ်ဆုံးကို ၁ ပွဲလျော့ ၁ မှတ်အသာနဲ့ ပြန်လည်တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဂွါဒီယိုလာရဲ့ပြိုင်ဘက်တွေက ၎င်းတို့အတွက် မျက်နှာသာရအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေတာကြောင့် အာဆင်နယ်ရဲ့ ရာသီလက်ကျန် နောက်ဆုံး ၄ ပွဲကို မန်ချက်စတာစီးတီးရဲ့ နောက်ဆုံး ၅ ပွဲနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်။

နယူးကာဆယ်(မေ ၇ )-အဝေး

အာဆင်နယ်ရဲ့ လာမယ့်ပွဲဟာ တနင်္ဂနွေနေ့ စိန့် ဂျိမ်းစ် ပါ့ခ်မှာ နယူးကာဆယ်နဲ့ ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အရေးနိမ့်ပြီး ထိပ်ဆုံး ၄ နေရာနဲ့ လွဲချော်ခဲ့တဲ့ မှတ်တမ်းဆိုးတစ်ခု ရှိခဲ့ဖူးတဲ့နေရာလည်း ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို လက်စားချေချင်နေမှာဖြစ်ပေမယ့်လည်း အက်ဒီဟောင်းရဲ့အသင်းဟာ ယခုရာသီမှာ အိမ်ကွင်းရှုံးပွဲ ၁ ပွဲသာ တွေ့ထားခဲ့တာကြောင့် တော်တော်လေး ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။

ဘရိုက်တန်(မေ ၁၄)-အိမ်

မြောက်လန်ဒန်ကလပ်အသင်းအတွက် နောက်ထပ် ခက်ခဲတဲ့ပွဲဖြစ်ပြီး စင်ရော်တွေကို အမ်းမရိတ်စ်မှာ လက်ခံကြိုဆိုသွားရမှာ ဖြစ်ပါတယ်။အာတီတာရဲ့အသင်းဟာ နှစ်သစ်ကူး အကြိုနေ့တုန်းက အေးမက်စ်ကွင်းမှာ ၄-၂ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း စင်ရော်တွေဟာ အဓိကကွင်းလယ်ကစားသမား ၂ ဦးဖြစ်တဲ့ ကိုင်ဆေဒိုနဲ့ မက်ကယ်လစ္စတာတို့မပါဘဲ ကစားခဲ့ရတာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်(မေ ၂၀)-အဝေး

ဂန်းနားတွေအတွက်တော့ စာရွက်ပေါ်မှာ လွယ်ကူတဲ့ ပွဲစဉ်လို့ ထင်ရပေမယ့် ဖောရက်စ်က ပရီးမီးယားလိဂ်ကနေ တန်းမဆင်းဘဲ ရှင်သန်ကျန်ရစ်နိုင်ဖို့ တိုက်ပွဲဝင်ချင်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဂန်းနားတွေရဲ့ စီးတီးဂရောင်းကို သွားရမယ့် ခရီးလမ်းက ချောမွေ့မှာမဟုတ်ဘဲ စတိဗ် ကူးပါးရဲ့အသင်းဟာ အောက်တိုဘာလတုန်းက အမ်းမရိတ်မှာ ၅-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလားပြိုင်ပွဲတုန်းက ဂန်းနားတွေကို ၁-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ယူခဲ့ဖူးတာဖြစ်ပါတယ်။

ဝုလ်ဗ်စ်(မေ ၂၈)-အိမ်

အာဆင်နယ်ရဲ့ ဆုဖလားမျှော်လင့်ချက်ဟာ ရာသီ နောက်ဆုံးနေ့မှာ ဝုလ်ဗ်စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်တဲ့အချိန်ကျရင် ရှိချင်မှ ရှိနိုင်တော့မှာဖြစ်ပေမယ့်လည်း ဒီမတိုင်ခင်သာ စီးတီးခြေချော်ခဲ့ရင် လော့ပတယ်ဂီရဲ့အသင်းနဲ့ပွဲဟာ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ ဝုလ်ဗ်စ်အသင်းဟာ အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်တဲ့အချိန်မှာ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်လောက်ပြီးသား ဖြစ်ဖို့များပါတယ်။

မန်စီးတီးရဲ့ နောက်ဆုံး ၅ ပွဲ

လိဒ်စ်(မေ ၆)-အိမ်

အဲဗာတန်(မေ ၁၄)-အဝေး

ချဲလ်ဆီး(မေ ၂၁)-အိမ်

ဘရိုက်တန်(မေ ၂၄)-အဝေး

ဘရန့်တ်ဖို့ဒ်(မေ ၂၈)-အဝေး

Arsenal Myanmar

Ref: Internet