မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဂန်းနားတွေကို စိတ်အားထက်သန်စွာသတင်းစကားပါးခဲ့တဲ့ အီယန် ရိုက် coyg

မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဂန်းနားတွေကို စိတ်အားထက်သန်စွာသတင်းစကားပါးခဲ့တဲ့ အီယန် ရိုက်

အီယန် ရိုက်ဟာ ဆောက်သမ်တန်နဲ့ သရေကျခဲ့တဲ့ သောကြာနေ့ည ပွဲစဉ်အပြီးမှာ ခြေပစ်လက်ပစ်ဖြစ်သွားခဲ့ကြတဲ့ အာဆင်နယ်ကြယ်ပွင့်တွေကို စိတ်အားထက်သန်စွာ အားပေးထောက်ခံတဲ့ သတင်းစကားပေးပို့ခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ အစ်တီဟတ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိမှသာ ၁၉ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် မျှော်လင့်ချက် အသက်ဆက်နိုငမှာ ဖြစ်ပါတယ်။

“တောင်အာဖရိကမှာ မိသားစုနဲ့အတူ ချစ်စရာကောင်းတဲ့ ရက်အနည်းငယ်ဖြစ်ခဲ့ပါတယ်။ မနေ့ညက ကျွန်တော် လေယာဉ်နဲ့ ပြန်လာတုန်းပဲ ရှိပါသေးတယ်။ အဲဒီတော့ ခရီးသည်အချင်းချင်းဆီကနေ နောက်ဆုံးသတင်းကို ရခဲ့တာပါ။ စိတ်ပျက်စရာကောင်းခဲ့တာ သိသာပါတယ်။ ဒါပေမယ့် ခင်ဗျား ပြောချင်တာသာ ပြောပါတယ်။ သင်္ချာနည်းအရ အဲဒါကို ပြီးဆုံးသွားသည့်တိုင်အောင် ကျွန်တော်ကတော့ ယုံကြည်နေမှာဖြစ်ပြီး ကောင်လေးတွေကို အားပေးထောက်ခံသွားမှာပါ။ မျှော်လင့်ချက်။ မျှော်လင့်ချက် ရှိသေးတယ်”

“ကောင်လေးတွေက အခုအချိန်မှာ အခက်အခဲတွေကို ဖြတ်သန်းနေရတာ သိသာပါတယ်။ ဖိအားတွေ၊ ရမှတ်လျော့ကျမှုတွေ၊ တစ်ဦးချင်းအမှားတွေ၊ ဂိုးတွေအများကြီး ခွင့်ပြုခဲ့ရတာတွေ အားလုံး ဖြစ်ပျက်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေတုန်းပဲ။ ကျွန်တော်တို့ ဘယ်လောက်အထိ ရောက်ရှိလာခဲ့ပြီလဲဆိုတာကို ကြည့်စမ်းပါဦး”

“ပြီးပြီလို့ မပြောမချင်း မပြီးသေးဘူး။ ကျွန်တော် အကောင်းမြင်ဝါဒီသမားကြီးလုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော် သူတို့ကို အဲဒီလို တကယ်လုပ်စေချင်တယ်တဲ့ ခံစားချက်ကို ဘယ်လို မထိန်းချုပ်နိုင်ပါဘူး။ အဲဒီတော့ ကျွန်တော် သူတို့ဆီ ပြန်သွားပြီး သူတို့နဲ့အတူ ဘာတွေပဲဖြစ်လာလာ အတူတူရှိနေမယ်။ ဂန်းနားတွေ”လို့ ပြောကြားခဲ့ပါတယ်။