မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် ဖလားရနိုင်သေးတယ်လို့ မျှော်လင့်နေတဲ့ ရမ်းစ်ဒေးလ်
အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က အာဆင်နယ်ဟာ ခါးသီးတဲ့အဆုံးသတ်အထိ ဆုဖလားအတွက် တိုက်ပွဲဝင်နေတာကို လက်မြှောက် အရှုံးပေးသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဂန်းနားဂိုးသမားက မန်ချက်စတာစီးတီးဟာ ကျန်တဲ့အသင်းတွေအားလုံးအတွက် စံနှုန်းတစ်ခုဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပေမယ့်လည်း အာဆင်နယ်ဟာ အစ်တီဟတ်မှာ လုံလောက်တဲ့ ယှဉ်ပြိုင်မှုမျိုး မပြုလုပ်နိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မှုကိုလည်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ အာဆင်နယ်ကို ၄-၁ နဲ့ အနိင်ရရှိခဲ့တာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက် အားကောင်းတဲ့ အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ၆ နှစ်အတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရမ်းစ်ဒေးလ်က “ကျွန်တော်တို့ အခုစိတ်ပျက်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၅ ပွဲကစားဖို့ ကျန်တော့တဲ့အချိန်မှာ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ၉ လတုန်းက မကစားခဲ့တဲ့ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံကို လက်လျှော့သွားမှာမဟုတ်ပါဘူး။ ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ်ဆိုရင် အဲဒီလိုဖြစ်လာမှာက ဒီလိဂ်မှာ ဖြစ်လိမ့်မယ်။ မဖြစ်ရင်လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာက ထူးဆန်းတဲ့အရာတွေ ဖြစ်တတ်ပါတယ်”
“ခင်ဗျား အမှတ်ပေးဇယားအောက်ခြေမှာ ဘယ်လောက်အထိ ကြပ်လဲ၊ ထိပ်ဆုံးမှာ ဘယ်လောက်အထိ ကြပ်လဲဆိုတာ မြင်မှာပါ။ အဲဒီတော့ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို တွန်းအားပေးကစားသွားမှာပါ။ ၅ ပွဲပဲ ကျန်တော့တာကြောင့် ကျွန်တော်တို့ ၅ ပွဲအနိုင်ရဖို့လိုပါတယ်။ ရာသီကုန်ကျရင် ဘယ်လိုဖြစ်နေလဲဆိုတာ ကြည့်ကြတာပေါ့။ ကျွန်တော်တို့ ကိုယ့်အတွက်ကိုယ် စိတ်မကောင်းဖြစ်နေလို့မရပါဘူး”
“ကျွန်တော်တို့ အဲဒါကို ကျော်ဖြတ်သွားရမှာဖြစ်ပြီး နည်းပြကလည်း နည်းပြ လုပ်ရမယ့်အရာတွေကို လုပ်ပြီး အဲဒါကို ခွဲခြမ်းစိတ်ဖြာမယ်။ ပြီးရင် ကျွန်တော်တို့ကို ပြောပြမယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ လုပ်နိုင်တဲ့အရာအားကို လုပ်သွားမယ်။ စီးတီးက စံနှုန်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လိဂ်မှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့တာပါ။ သူတို့တွေက ဖလား ၃ လုံး ရနိုင်ခြေရှိပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်မှာ ရာသီအများစုကို ကွာတား၊ ဆီမီး၊ ဖိုင်နယ်အဆင့်တွေ ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအတွက်လည်း တွန်းအားပေးနေပါတယ်”
“အဲဒီတော့ ကျွန်တော်တို့လည်း မန်စီးတီးလိုမျိုး အဆင့်အတန်းရချင်တယ်ဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်သွားရမှာဖြစ်ပြီး သူတို့လိုပဲ ပြိုင်ပွဲတိုင်းအတွက် ယှဉ်ပြိုင်သွားရမှာပါ။ တစ်ဦးချင်း အမြင်အရဆိုရင် ကျွန်တော် နောက်ကနေ လိုက်နေရတာထက် ရမှတ်အသာနဲ့ ဦးဆောင်နေတာကို ပိုပြီး လိုချင်တယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်ဆုံး ၅ ပွဲစလုံးကို အနိုင်ရအောင် ကြိုးစားသွားမှာပြီး အဲဒါက ကျွန်တော်တို့ကို ဘယ်ကို ခေါ်ဆောင်သွားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။ ဘာဖြစ်လာနိုင်လဲဆိုတာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk