ဘုန်းမောက်နဲ့ပွဲက အံ့မခန်းစွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ်ဂန္တဝင်နဲ့နှိုင်းယှဉ်ခံခဲ့ရတဲ့ အော်ဒီဂွါဒ်
မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း မီကာ ရစ်ချက်က မာတင် အော်ဒီဂွါဒ်ကို ချီးကျူးလိုက်ပြီး ဂန်းနားအသင်းခေါင်းဆောင်ကို ပရီးမီးယားလိဂ်ဂန္တဝင် ဒေးဗစ် ဆေးလ်ဗားနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
အော်ဒီဂွါဒ်ဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ဦးဆောင်မောင်းနှင်နေသူဖြစ်ပြီး အာတီတာရဲ့အသင်းဟာ အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးကို ၅ မှတ်ဖြတ်ထားနိုင်တာဖြစ်ပါတယ်။ နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ စနေနေ့က ဘုန်းမောက်အသင်းကို အံ့အားသင့်ဖွယ် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တဲ့ပွဲစဉ်မှာ အဓိက လွှမ်းမိုးနိုင်စွမ်းရှိခဲ့တဲ့ ကစားသမားဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားဆီကနေ နောက်ထပ်တစ်ကြိမ် အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
မာတင် အော်ဒီဂွါဒ် ယခုရာသီမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ဟာ မီကာ ရစ်ချက်ကို ယခုရာသီ လက်ရှိအချိန်အထိ တစ်ရာသီတာအကောင်းဆုံးကစားသမား ဆန်ခါတင်စာရင်းထဲကို မထည့်သွင်းဘဲ မနေနိုင်အောင် ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်းက နော်ဝေကွင်းလယ်ကြယ်ပွင့်ရဲ့ အာဆင်နယ်အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းကို ချီးကျူးခဲ့ပြီး ကစားသမားဘဝ အစောပိုင်း စိတ်ပျက်စရာအခြေအနေကနေ ပြန်လာနိုင်ခဲ့တဲ့ ပုံစံကိုလည်း ချီးမွမ်းခဲ့တာ ဖြစ်ပါတယ်။
ရစ်ချက်က အော်ဒီဂွါဒ်အနေနဲ့ ဂန်းနားတွေကို စစချင်း ပြောင်းရွှေ့လာတဲ့အချိန်မှာ ခြေစွမ်း ပြသနိုင်မလားဆိုတာ မသေချာခဲ့ဘူးလို့ ဝန်ခံ ပြောကြားခဲ့ပေမယ့်လည်း အဲဒီ သံသယတွေဟာ မှားယွင်းတယ်ဆိုတာ သက်သေပြသခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် အော်ဒီဂွါဒ်ရဲ့ လမ်းခရီးနဲ့ သူ့ရဲ့ ကစားသမားဘဝကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ခဲ့တဲ့ပုံစံကို နှစ်သက်မိတယ်။ သူက အသက် ၁၆ နှစ်သားအရွယ်နဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ သတင်းကြီးခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်း အရာအားလုံးက သွေဖယ်သွားပုံပေါ်ပြီး သူ့ရဲ့ အလားအလာကို သိရောသိရဲ့လားဆိုတာ ကျွန်တော် သိချင်ခဲ့တယ်”
“အော်ဒီဂွါဒ်က ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်ကို အငှားနဲ့ စ ပြောင်းလာတဲ့အချိန်တုန်းက အသက် ၂၂ နှစ်ပဲ ရှိသေးပြီး ခင်ဗျား အသင်းကြီးတွေမှာဆိုမှသာ အခွင့်အရေးအများကြီးရမှာပါ။ သူ အဲဒီအခွင့်အရေး အရယူမလား ဒါမှမဟုတ် ပျောက်ကွယ်သွားမလားဆိုတာ ကျွန်တော် မသေချာခဲ့ဘူး။ ထင်သလောက် အအနေအထားကို မရောက်ရှိခဲ့တဲ့ အရည်အချင်းရှိတဲ့ ဆယ်ကျော်သက်ကစားသမားတွေ အများကြီး ရှေ့မှာ သာဓကရှိခဲ့တယ်။ ကျွန်တော် တစ်ချိန်လုံး ဘောလုံးမန်နေဂျာဂိမ်းထဲမှာ ဝယ်နေကျဖြစ်တဲ့ ဆာဂီယို ကာနာလက်စ်လို့ ခေါ်တဲ့ကစားသမားအကြောင်း အမြဲတမ်း တွေးမိခဲ့တယ်”
မီကာ ရစ်ချက်က အော်ဒီဂွါဒ်ကို ၎င်းရဲ့ မန်ချက်စတာစီးတီးအသင်းဖော်ဟောင်း ဒေးဗစ် ဆေးလ်ဗားနဲ့ ဆက်လက် နှိုင်းယှဉ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး နော်ဝေကြယ်ပွင့်ရဲ့ ကစားဟန်ဟာ စပိန်ကွင်းလယ်ကြယ်ပွင့် အစ်တီဟတ်မှာ ကစားခဲ့တဲ့ အချိန်တုန်းက ပုံစံမျိုး ထူးထူးခြားခြား သွားဆင်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီး ကြယ်ပွင့်ဟောင်းက အော်ဒီဂွါဒ်အပေါ်မှာ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ဂန်းနားအသင်းခေါင်းဆောင်ရဲ့ ကစားဟန်ကို နှစ်သက်မိတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
“အော်ဒီဂွါဒ်က အရာအားလုံးကို သူ့ဘာသာ ဒီလိုမျိုးဖြစ်အောင် ပြောင်းလဲခဲ့တာက အထင်ကြီးစရာကောင်းတယ်။ အထူးသဖြင့် ကမ္ဘာပေါ်က ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်တွေထဲက တစ်ခုမှာဖြစ်ပြီး အသင်းကို ဦးဆောင်ပေးဖို့ အသင်းခေါင်းဆောင် တာဝန်ကိုလည်း ရယူခဲ့တယ်။ သူက စိန်ခေါ်မှုတွေကို လက်ခံခဲ့ပြီး အာဆင်နယ်ကို ဆုဖလားစိန်ခေါ်သူတွေအဖြစ် ပြောင်းလဲပေးဖို့ သူတို့ရဲ့ ကွင်းလယ်မှာ မောင်းနှင်အားတစ်ခုအဖြစ် ကူညီပေးခဲ့ပါတယ်။ အော်ဒီဂွဒ်က ကျွန်တော့်စီးတီးအသင်းဖော်ဟောင်း ဒေးဗစ် ဆေးလ်ဗားကို သွား သတိရစေတယ်။ သူ နေရာလွတ်တွေထဲကို ဝင်ပြီး ဘောလုံးရယူတဲ့ပုံစံနဲ့ ကစားကွက်ကို ညွှန်ကြားတဲ့ပုံစံကြောင့်ပါ။ သူ အဲဒါတွေအားလုံးကို သိပ်အားမစိုက်ဘဲ လုပ်နေတာဖြစ်ပြီး ကျွန်တော် သူကစားတာကြည့်ရတာ နှစ်သက်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အော်ဒီဂွါဒ်ဟာ အာဆင်နယ်အသင်းက တနင်္ဂနွေနေ့ ဖူလ်ဟမ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရတဲ့ပွဲစဉ်မှာ အသင်းရဲ့ ဆုဖလားရည်မှန်းချက်ကို ဆက်လက် တိုးမြှင့်ပေးနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး မန်စီးတီးဂန္တဝင် ဒေးဗစ် ဆေးလ်ဗားကတော့ လက်ရှိ လာလီဂါအမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ရီးရဲလ် ဆိုစီဒက်အသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
မန္ခ်က္စတာစီးတီးေနာက္ခံကစားသမားေဟာင္း မီကာ ရစ္ခ်က္က မာတင္ ေအာ္ဒီဂြါဒ္ကို ခ်ီးက်ဴးလိုက္ၿပီး ဂန္းနားအသင္းေခါင္းေဆာင္ကို ပရီးမီးယားလိဂ္ဂႏၲဝင္ ေဒးဗစ္ ေဆးလ္ဗားနဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။
ေအာ္ဒီဂြါဒ္ဟာ အာဆင္နယ္အသင္းကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ ဦးေဆာင္ေမာင္းႏွင္ေနသူျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ အနီးကပ္ဆုံးၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးကို ၅ မွတ္ျဖတ္ထားႏိုင္တာျဖစ္ပါတယ္။ ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ဟာ စေနေန႔က ဘုန္းေမာက္အသင္းကို အံ့အားသင့္ဖြယ္ ႏိုင္ပြဲျပန္လည္ရယူႏိုင္ခဲ့တဲ့ပြဲစဥ္မွာ အဓိက လႊမ္းမိုးႏိုင္စြမ္းရွိခဲ့တဲ့ ကစားသမားျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားဆီကေန ေနာက္ထပ္တစ္ႀကိမ္ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။
မာတင္ ေအာ္ဒီဂြါဒ္ ယခုရာသီမွာ ျပသေနတဲ့ စြမ္းေဆာင္ရည္ဟာ မီကာ ရစ္ခ်က္ကို ယခုရာသီ လက္ရွိအခ်ိန္အထိ တစ္ရာသီတာအေကာင္းဆုံးကစားသမား ဆန္ခါတင္စာရင္းထဲကို မထည့္သြင္းဘဲ မေနႏိုင္ေအာင္ ျဖစ္ေစခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ေဟာင္းက ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ရဲ႕ အာဆင္နယ္အသင္းအေပၚ လႊမ္းမိုးႏိုင္စြမ္းကို ခ်ီးက်ဴးခဲ့ၿပီး ကစားသမားဘဝ အေစာပိုင္း စိတ္ပ်က္စရာအေျခအေနကေန ျပန္လာႏိုင္ခဲ့တဲ့ ပုံစံကိုလည္း ခ်ီးမြမ္းခဲ့တာ ျဖစ္ပါတယ္။
ရစ္ခ်က္က ေအာ္ဒီဂြါဒ္အေနနဲ႔ ဂန္းနားေတြကို စစခ်င္း ေျပာင္းေ႐ႊ႕လာတဲ့အခ်ိန္မွာ ေျခစြမ္း ျပသႏိုင္မလားဆိုတာ မေသခ်ာခဲ့ဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့ေပမယ့္လည္း အဲဒီ သံသယေတြဟာ မွားယြင္းတယ္ဆိုတာ သက္ေသျပသခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္ခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္ ေအာ္ဒီဂြါဒ္ရဲ႕ လမ္းခရီးနဲ႔ သူ႔ရဲ႕ ကစားသမားဘဝကို လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေအာင္ လုပ္ခဲ့တဲ့ပုံစံကို ႏွစ္သက္မိတယ္။ သူက အသက္ ၁၆ ႏွစ္သားအ႐ြယ္နဲ႔ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အခ်ိန္မွာ သတင္းႀကီးခဲ့ေပမယ့္လည္း အဲဒီေနာက္ပိုင္း အရာအားလုံးက ေသြဖယ္သြားပုံေပၚၿပီး သူ႔ရဲ႕ အလားအလာကို သိေရာသိရဲ႕လားဆိုတာ ကြၽန္ေတာ္ သိခ်င္ခဲ့တယ္”
“ေအာ္ဒီဂြါဒ္က ၂၀၂၁ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကေန အာဆင္နယ္ကို အငွားနဲ႔ စ ေျပာင္းလာတဲ့အခ်ိန္တုန္းက အသက္ ၂၂ ႏွစ္ပဲ ရွိေသးၿပီး ခင္ဗ်ား အသင္းႀကီးေတြမွာဆိုမွသာ အခြင့္အေရးအမ်ားႀကီးရမွာပါ။ သူ အဲဒီအခြင့္အေရး အရယူမလား ဒါမွမဟုတ္ ေပ်ာက္ကြယ္သြားမလားဆိုတာ ကြၽန္ေတာ္ မေသခ်ာခဲ့ဘူး။ ထင္သေလာက္ အအေနအထားကို မေရာက္ရွိခဲ့တဲ့ အရည္အခ်င္းရွိတဲ့ ဆယ္ေက်ာ္သက္ကစားသမားေတြ အမ်ားႀကီး ေရွ႕မွာ သာဓကရွိခဲ့တယ္။ ကြၽန္ေတာ္ တစ္ခ်ိန္လုံး ေဘာလုံးမန္ေနဂ်ာဂိမ္းထဲမွာ ဝယ္ေနက်ျဖစ္တဲ့ ဆာဂီယို ကာနာလက္စ္လို႔ ေခၚတဲ့ကစားသမားအေၾကာင္း အၿမဲတမ္း ေတြးမိခဲ့တယ္”
မီကာ ရစ္ခ်က္က ေအာ္ဒီဂြါဒ္ကို ၎ရဲ႕ မန္ခ်က္စတာစီးတီးအသင္းေဖာ္ေဟာင္း ေဒးဗစ္ ေဆးလ္ဗားနဲ႔ ဆက္လက္ ႏႈိင္းယွဥ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ေနာ္ေဝၾကယ္ပြင့္ရဲ႕ ကစားဟန္ဟာ စပိန္ကြင္းလယ္ၾကယ္ပြင့္ အစ္တီဟတ္မွာ ကစားခဲ့တဲ့ အခ်ိန္တုန္းက ပုံစံမ်ိဳး ထူးထူးျခားျခား သြားဆင္ေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီး ၾကယ္ပြင့္ေဟာင္းက ေအာ္ဒီဂြါဒ္အေပၚမွာ ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ဂန္းနားအသင္းေခါင္းေဆာင္ရဲ႕ ကစားဟန္ကို ႏွစ္သက္မိတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။
“ေအာ္ဒီဂြါဒ္က အရာအားလုံးကို သူ႔ဘာသာ ဒီလိုမ်ိဳးျဖစ္ေအာင္ ေျပာင္းလဲခဲ့တာက အထင္ႀကီးစရာေကာင္းတယ္။ အထူးသျဖင့္ ကမာၻေပၚက ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးလိဂ္ေတြထဲက တစ္ခုမွာျဖစ္ၿပီး အသင္းကို ဦးေဆာင္ေပးဖို႔ အသင္းေခါင္းေဆာင္ တာဝန္ကိုလည္း ရယူခဲ့တယ္။ သူက စိန္ေခၚမႈေတြကို လက္ခံခဲ့ၿပီး အာဆင္နယ္ကို ဆုဖလားစိန္ေခၚသူေတြအျဖစ္ ေျပာင္းလဲေပးဖို႔ သူတို႔ရဲ႕ ကြင္းလယ္မွာ ေမာင္းႏွင္အားတစ္ခုအျဖစ္ ကူညီေပးခဲ့ပါတယ္။ ေအာ္ဒီဂြဒ္က ကြၽန္ေတာ့္စီးတီးအသင္းေဖာ္ေဟာင္း ေဒးဗစ္ ေဆးလ္ဗားကို သြား သတိရေစတယ္။ သူ ေနရာလြတ္ေတြထဲကို ဝင္ၿပီး ေဘာလုံးရယူတဲ့ပုံစံနဲ႔ ကစားကြက္ကို ၫႊန္ၾကားတဲ့ပုံစံေၾကာင့္ပါ။ သူ အဲဒါေတြအားလုံးကို သိပ္အားမစိုက္ဘဲ လုပ္ေနတာျဖစ္ၿပီး ကြၽန္ေတာ္ သူကစားတာၾကည့္ရတာ ႏွစ္သက္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ေအာ္ဒီဂြါဒ္ဟာ အာဆင္နယ္အသင္းက တနဂၤေႏြေန႔ ဖူလ္ဟမ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရတဲ့ပြဲစဥ္မွာ အသင္းရဲ႕ ဆုဖလားရည္မွန္းခ်က္ကို ဆက္လက္ တိုးျမႇင့္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး မန္စီးတီးဂႏၲဝင္ ေဒးဗစ္ ေဆးလ္ဗားကေတာ့ လက္ရွိ လာလီဂါအမွတ္ေပးဇယားအဆင့္ ၄ ေနရာမွာ ရပ္တည္ေနတဲ့ ရီးရဲလ္ ဆိုစီဒက္အသင္းအတြက္ ကစားေပးေနတာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet