ဘားကမ့်လက်သစ်ကို ဘယ်မှာရှာလို့ရလဲဆိုတာ ပြောကြားခြင်းခံခဲ့ရတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဘရန့်တ်ဖို့ဒ်နဲ့ အံ့အားသင့်ဖွယ် ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖွယ်ရှိနေတဲ့ အိုင်ဗန် တိုနီက ၎င်းတို့ရဲ့ ဒန်းနစ် ဘားကမ့် ဘယ်လိုဖြစ်လာနိုင်လဲဆိုတာ ပြောကြားခြင်းခံခဲ့ရပါတယ်။
အာလင်း ဟာလန်းနဲ့ ဟာရီ ကိန်းတို့ ၂ ဦးသာ ယခုရာသီမှာ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးထက် သွင်းဂိုးတွေ ပိုမို သွင်းယူထားနိုင်ကြတာဖြစ်ပြီး ဂန်းနားတွေရဲ့ စံအထားရဆုံး ကစားသမားနဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
စနေနေ့က သောမတ်စ် ဖရန့်ခ်ရဲ့အသင်းဟာ လီဗာပူးလ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း တိုနီက နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ဘောလုံးထိတွေ့မှုတွေနဲ့ မကြာခဏ ဗန်ဒိုက်နဲ့ ကိုနာတီတို့ထက် သာလွန်ခဲ့ပြီး ဘရန့်တ်ဖို့ဒ်အတွက် အလွန်များပြားတဲ့အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက လီဗာပူးလ်နဲ့ပွဲက တိုနီရဲ့ စွမ်းဆောင်ရည်က အာဆင်နယ်ဂန္တဝင် ဒန်းနစ် ဘားကမ့်ကို ပြန်လည် အမှတ်ရစေတယ်လို့ ပြောကြားခဲ့ပြီး ယခုရာသီမှာ အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ အိုင်ဗန် တိုနီရဲ့ တိုးတက်မှုကို ကျွန်တော် မယုံနိုင်ပါဘူး။ သူက အန်းဖီးက ပွဲမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တယ်။ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးက အမ်ဘူးမိုရဲ့ ခွင့်ပြုခြင်းမခံခဲ့ရတဲ့ သွင်းဂိုးကို အလွန်ပါးနပ်တဲ့ ပေးပို့မှုနဲ့ ဖန်တီးပေးခဲ့သလိုမျိုး သူ့ရဲ့ ပွဲစဉ်အတွင်းကို သေသပ်ကျွမ်းကျင်တဲ့ ဘောလုံးထိတွေ့မှုတွေကို ဖြည့်စွက်နိုင်ခဲ့တယ် ။သူ့မှာ ဒန်းနစ် ဘားကမ့်ကို ပြန်မြင်ရလောက်တဲ့ အရည်အချင်းရှိတယ်လို့ ကျွန်တော် ပြောရဲတယ်။ တိုနီရဲ့ ထက်မြက်မှုကို သူ့ရဲ့ အရပ်အမောင်းနဲ့ အဆုံးသတ်က အားဖြည့်ပေးထားတယ်။ လီဗာပူးလ်၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့အားလုံးက ခေါ်ယူဖို့ စဉ်းစားသင့်တယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet