ဗီယာရာ ရုန်းကန်နေရမှုအတွက် ဘယ်သူ့ကို အာတီတာ အပြစ်တင်ရမလဲ user

ဗီယာရာ ရုန်းကန်နေရမှုအတွက် ဘယ်သူ့ကို အာတီတာ အပြစ်တင်ရမလဲ

အာဆင်နယ်အသင်းဟာ အဓိကကစားသမားခေါ်ယူမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် အသင်းကနေ ကစားသမားထွက်ခွာမှုတွေကို မြင်တွေ့ရတော့မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။

အခု ဒီစာကို ရေးနေတဲ့အချိန်မှာ ပြီးခဲ့တဲ့လမှာ ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကို ပထမအသင်းလူစာရင်းထဲ သွတ်သွင်းပြီးဖြစ်ပြီး ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မျက်စိတမှိတ်လောက်သာလိုတော့တာဖြစ်ပါတယ်။

ဒီကစားသမား ၂ ဦးရဲ့ အပြောင်းအရွှေ့ပြီးတာနဲ့ အာဆင်နယ်ရဲ့ ယခုနွေရာသီအပြောင်းအရွှေ့ကာလ အသုံးစရိတ်ဟာ ပေါင်သန်း ၂၀၀ ကျော်သွားမှာဖြစ်ပြီး အားကစားဒါရိုက်တာ အီဒူးအနေနဲ့ ကစားသမားရောင်းချရမှုကနေ ဘယ်လောက်အထိ ငွေပြန်ရှာနိုင်မလဲဆိုတာ စောင့်ကြည့်ကြတော့မှာ ဖြစ်ပါတယ်။

ဘရာဇီးလ်လူမျိုး အားကစား ဒါရိုက်တာဟာ ဂရားနစ် ချာကာကို ပေါင် ၂၁.၅ သန်းနဲ့ လေဗာကူဆင်၊ ပါဘလို မာရီကို ပေါင် ၅.၉ သန်းနဲ့ မွန်ဇာအသင်းတို့ဆီကို ရောင်းချနိုင်ခဲ့ပြီးဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်ဟာ သောမတ်စ် ပါတေး၊ နီကိုလာ ပေပေ၊ ဆီးဒရစ် ဆိုအာရက်စ်၊ ဖိုလာရင် ဘာလိုဂန်၊ အော်စတင် ထရပ်စတီ၊ နူနို တာဗာရက်စ်၊ လိုကွန်ဂါ၊ အဲလက်စ် ရန်းနားဆင်တို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့မယ်ုဆိရင် နွေရာသီစျေးကွကမပိတ်ခင်မှာ ရောင်းချသွားချင်နေတာကြောင့် ပေါင်သန်း ၁၀၀ လောက်အထိ ပြန်ရနိုင်တဲ့အနေအထားရှိနေပါတယ်။

ဒါပေမယ့် ခိုင် ဟာဗတ်ဇ်နဲ့ ရိုက်တို့ ရောက်ရှိလာမှုကြောင့် အထူးသဖြင့် အခြား ပထမအသင်း စီနီယာကစားသမားတွေအတွက်ရော ဘာတွေ ဖြစ်နိုင်ခြေရှိလဲဆိုတာကို ကြည့်လိုက်ရင် လာမယ့်ရာသီကို ပုံမှန်ပွဲကစားချိန်ရဖို့ အငှားထွက်ကစားဖို့ပဲ မြင်မိပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ပေါ်တိုကနေ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အင်္ဂလန်မှာ ခက်ခဲတဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့တဲ့ ဖေဘီယို ဗီယာရာနဲ့ပတ်သက်ပြီး ဂန်းနားပရိသတ်တစ်ဦးက လာမယ့်ရာသီကို အငှားထွက်ကစားနိုင်လားလို့ မေးမြန်းခဲ့ရာမှာ အာဆင်နယ် ကလောင်ရှင်များ အကြီးအကဲ ကာရာ ကေးနတ်က “ဒီရာသီမှာ ဖေဘီယို ဗီယာရာကို အငှားချခဲ့တာ မြင်ရရင် ကျွန်တော် အံ့အားသင့်မိလိမ့်မယ်လို့ ပြောရမှာပါ။ သူက အကောင်းဆုံး ပွဲဦးထွက်ရာသီကို မပိုင်ဆိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက သူ့ကို အရမ်းသဘောကျနေတုန်းပါပဲ။ အာဆင်နယ်နည်းပြက ဗီယာရာရဲ့ အင်္ဂလန်က နှေးကွေးတဲ့ စတင်မှုအတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပါ။ဗီယာရာရဲ့ ပြီးခဲ့တဲ့ရာသီ ရာသီကြိုမှာ ဒဏ်ရာပြဿနာကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကိုလည်း အမှတ်ရသင့်ပါတယ်။ သူ့အနေနဲ့ ဒီတစ်ကြိမ်မှာတော့ နည်းနည်းပိုပြီးတော့ အသင်းနဲ့ စည်းချက်ညီအောင် လုပ်နိုင်မယ်ဆိုရင် ခြေစွမ်းပြသနိုင်မှာဖြစ်ပြီး အာဆင်နယ်အတွက် အော်ဒီဂွါဒ်ကို အနားပေးဖို့နဲ့ အလှည့်ကျပွဲထုတ်ဖို့အတွက် ရွေးချယ်စရာအဖြစ် အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet