ဖူလ်ဟမ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်မယ့် အော်ဒီဂွါ့ဒ်နဲ့ နောက်ဆုံးရ ဒဏ်ရာသတင်းများ admin

ဖူလ်ဟမ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်မယ့် အော်ဒီဂွါ့ဒ်နဲ့ နောက်ဆုံးရ ဒဏ်ရာသတင်းများ

တနင်္ဂနွေနေ့ည ၈ နာရီခွဲမှာ ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမယ့် လန်ဒန်ဒါဘီပွဲ မတိုင်ခင် အာဆင်နယ်အသင်းမှာ အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်အပါအဝင် ကစားသမားတော်တော်များများမှာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေရှိနေပါတယ်။ မာတင် အော်ဒီဂွါ့ဒ်နဲ့ တီယာနီတို့ဟာ ပြီးခဲ့တဲ့ တစ်ပတ်က အဖျားရောဂါဝေဒနာ ခံစားခဲ့ကြရပြီး စပို့တင်းလစ္စဘွန်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ကြပါတယ်။ ထရော့စ်ဆာ့ဒ်ကလည်း ဘုန်းမောက်နဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိသွားခဲ့သလို ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့တဲ့ အန်ကီးတီးယားလည်း ယခုထိ ပြန်လည် ကစားပေးနိုင်ခြင်းမရှိသေးပါဘူး။


အာဆင်နယ်အသင်းခေါင်းဆောင်ဟာ နေမကောင်းခြင်းမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမည့် ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ သတင်းရရှိရပါတယ်။ အော်ဒီဂွါ့ဒ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က နေမကောင်းဖြစ်ခဲ့တာဖြစ်ပြီး ပြန်လည်သက်သာလာလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန်ကိုလ်နေးလေ့ကျင့်ရေး အစီအစဉ်မှာ လာရောက်လေ့ကျင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီခရီးစဉ်ကို လိုက်ပါသွားခဲ့ပေမယ့် ပွဲကစားမယ့် မနက်ပိုင်းမှာ ပြန်လည်ဖျားနာချင်လာတဲ့အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အနားပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


အော်ဒီဂွါ့ဒ်လိုပဲ အဖျားရောဂါရရှိခဲ့တဲ့ တီယာနီလည်း ယခုအခါ ပြန်လည်ကောင်းမွန်လာပြီး ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖို့ရှိပါတယ်။ ဘုန်းမောက်နဲ့ပွဲမှာ ပေါင်ခြံနေရာ ရရှိထားတဲ့ ထရော့စ်ဆာ့ဒ်ကတော့ လာမယ့် နိုင်ငံတကာပွဲများ မတိုင်ခင် ကစားရမည့် ဖူဟမ်လ် (အဝေးကွင်း)၊ စပို့တင်း (အိမ်ကွင်း)၊ ခရစ်စတယ်ပဲလေ့စ် (အိမ်ကွင်း) ပွဲများမှာ ပါဝင်ပေးနိုင်ဖို့ အခွင့်အလမ်းနည်းနေပြီး နိုင်ငံတကာပွဲများအပြီး ဧပြီလ ၁ ရက်နေ့မှာ ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ ပွဲတွင်မှ ပြန်လည်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။


အဲဗာတန်နဲ့ပွဲမှာ ရရှိသွားတဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နားနေရတဲ့ တိုက်စစ်မှူး အန်ကီးတီးယားကတော့ မသက်သာသေးတဲ့အတွက် ဖူလ်ဟမ်နဲ့ပွဲကို ဆက်လက်လွဲချော်ဖို့များနေပါတယ်။ ဒီဇင်ဘာလက ဒူးဒဏ်ရာခွဲစိတ်မှု ခံထားရပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်တဲ့ ဂါဘရီယဲလ် ဂျေးဇုကို အာဆင်နယ်နဲ့ အာတီတာက ဂရုတစိုက် ပြန်လည်အသုံးပြုဖို့ ဆုံးဖြတ်ထားကြပါတယ်။ သဘက်ခါ ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲတွင် ပြန်လည်ကစားဖို့ ဂျေးဇုအတွက် စောလွန်းနေသေးလို့ ပါဝင်လာဖွယ်မရှိဖို့များပြီး နိုင်ငံတကာပွဲတွေ မကစားမီ စပို့တင်း (အိမ်ကွင်း)၊ ခရစ်စတယ်ပဲလေ့စ် (အိမ်ကွင်း) ပွဲတခုခုမှာ အာဆင်နယ်အသင်းရဲ့ လူစာရင်းထဲ ပါဝင်လာဖွယ်ရှိတယ်လို့ ခန့်မှန်းမျှော်လင့်ထားကြပါတယ်။


ဖူလ်ဟမ်နဲ့ပွဲမှာ စမစ်ရိုးအနေနဲ့ ပွဲထွက်ခွင့်ရဖွယ်ရှိနေပြီး စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ နယ်လ်ဆန်အနေနဲ့တော့ အရန်မှာ နေရဖွယ်ရှိနေပါတယ်။ လည်ချောင်းနာဝေဒနာခံစားရခဲ့တဲ့ ဖေဘီယို ဗီယာရာလည်း ပြန်ကစားနိုင်ခဲ့လို့ နည်းပြအာတီတာအနေနဲ့ လန်ဒန်ဒါဘီအတွက် လူရွေးချယ်မှုမှာ အနည်းငယ် အသက်ရှုချောင်ဖွယ်ရှိနေပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT

ZAWGYI:

တနင်္ဂေနြေန့ည ၈ နာရီခြဲမွာ ဖူလ်ဟမ်အသင်းရဲ့ အိမ္ကြင်းမွာ သြားရောက္ကစားရမယ့် လန္ဒန္ဒါဘီပြဲ မတိုင္ခင် အာဆင္နယ်အသင်းမွာ အသင်းခေါင်းဆောင် အ္ဒောီဂြါ့ဒ်အပါအဝင် ကစားသမားတော်တ္မော်ားမ်ားမွာ ဒဏ်ရာနဲ့ ကြံ့ခိုင္မျှုပဿနာတြေရွိနေပါတယ်။
မာတင် အ္ဒောီဂြါ့ဒ္နဲ့ တီယာနီတို့ဟာ ပြီးခဲ့တဲ့ တစ္ပတ္က အဖ်ားရောဂါဝေဒနာ ခံစားခဲ့ကြရပြီး စပို့တင်းလစ္စဘြန်းနဲ့ ၂ ဂိုးစီ သေရက်ခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဉ္ကို လြဲခေ်္ခာဲ့ကြပါတယ်။ ထေရာ့စ္ဆာ့ဒ္ကလည်း ဘုန်းမောက္နဲ့ပြဲမွာ ပေါင်ခြံဒဏ်ရာရရွိသြားခဲ့သလိုျေခက်င်းဝတ္ဒဏ်ရာ ရသြားခဲ့တဲ့ အန္ကီးတီးယားလည်း ယခုထျိပန္လည် ကစားပေးနိုင်ျခင်းမရွိသေးပါဘူး။

အာဆင္နယ်အသင်းခေါင်းဆောင်ဟာ နေမေကာင်ျးခင်းမျွပန္လည်ကောင်းမြန္လာပျြီဖစ်ပြီး တနင်္ဂေနြေန့မွာ ကစားမည့် ဖူလ်ဟမ်အသင်းနဲ့ပြဲမွာ ပါဝင္ကစားနိုင္မယ္လို့ သတင်းရရွိရပါတယ်။ အ္ဒောီဂြါ့ဒ်ဟာ ပြီးခဲ့တဲ့တစ္ပတ္က နေမေကာင်ျးဖစ္ခဲ့တျာဖစ်ပြီျးပန္လည်သက်သာလာလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန္ဒန္ကိုလ်နေးလေ့က်င့်ရေး အစီအစဉ္မွာ လာရောက်လေ့က်င္ခဲ့တျာဖစ္ပါတယ်။ ပေါ်တူဂီခရီးစဉ္ကို လိုက္ပါသြားခဲ့ပေမယ့် ပြဲကစားမယ့် မနက္ပိုင်းမျွာပန္လည္ဖ်ားနာခ်င္လာတဲ့အတြက် ကြိုတင္ကာကြယ်သည့်အေနျဖင့် အနားပေးချဲ့ခင်ျးဖစ္တယ္လို့ သိရပါတယ်။

အ္ဒောီဂြါ့ဒ္လိုပဲ အဖ်ားရောဂါရရွိခဲ့တဲ့ တီယာနီလည်း ယခုအချါပန္လည်ကောင်းမြန္လာပြီး ဖူလ်ဟမ်အသင်းနဲ့ပြဲမျွာပန္လည္ပါဝင္လာဖို့ရွိပါတယ်။ ဘုန်းမောက္နဲ့ပြဲမွာ ပေါင်ခြံနေရာ ရရွိထားတဲ့ ထေရာ့စ္ဆာ့ဒ္ကေတာ့ လာမယ့် နိုင်ငံတကာပြဲမ်ား မတိုင္ခင် ကစားရမည့် ဖူဟမ္လ် (အေဝးကြင်း)၊ စပို့တင်း (အိမ္ကြင်း)၊ ခရစ္စတယ္ပဲလေ့စ် (အိမ္ကြင်း) ပြဲမ်ားမွာ ပါဝင်ပေးနိုင္ဖို့ အခြင့်အလမ်းနည်းနေပြီး နိုင်ငံတကာပြဲမ်ားအပြီး ဧပြီလ ၁ ရက်နေ့မွာ ကစားမယ့် လိဒ္စ်ယူနိုက္တက္နဲ့ ပြဲတြင္မျွပန္လည္ကစားပေးနိုင္ဖြယ်ရွိတယ္လို့ သိရွိရပါတယ်။

အဲဗာတန္နဲ့ပြဲမွာ ရရွိသြားတဲ့ျေခက်င်းဝတ္ဒဏ်ရာကြောင့် နားနေရတဲ့ တိုက္စစ္မှူး အန္ကီးတီးယားကေတာ့ မသက်သာသေးတဲ့အတြက် ဖူလ်ဟမ္နဲ့ပြဲကို ဆက္လက္လြဲခေ်္ဖာို့မ်ားနေပါတယ်။ ဒီဇင္ဘာလက ဒူးဒဏ်ရာခြဲစိတ္မှု ခံထားရပြီး အသင်းနဲ့အတူ လေ့က်င့္ခန်းဆင်းနိုင်ပျြီဖစ္တဲ့ ဂါဘရီယဲလ် ဂေ်းဇုကို အာဆင္နယ္နဲ့ အာတီတာက ဂရုတစိုက်ျပန္လည်အသုံျးပုဖို့ ဆုံျးဖန္ထားကြပါတယ်။ သဘက္ခါ ကစားမယ့် ဖူလ်ဟမ္နဲ့ပြဲတြင်ျပန္လည္ကစားဖို့ ဂေ်းဇုအတြက် စောလြန်းနေသးလို့ ပါဝင္လာဖြယ္မရွိဖို့မ်ားပြီး နိုင်ငံတကာပြဲတြေ မကစားမီ စပို့တင်း (အိမ္ကြင်း)၊ ခရစ္စတယ္ပဲလေ့စ် (အိမ္ကြင်း) ပြဲတခုခုမွာ အာဆင္နယ်အသင်းရဲ့ လူစာရင်းထဲ ပါဝင္လာဖြယ်ရွိတယ္လို့ ခန့္မွန်းမွေ်္လာင့္ထားကြပါတယ်။

ARSENAL MYANMAR
PHOTOS CREDIT