ဖာဘရီဂတ်စ် နည်းပြလုပ်ဖို့ ခြေလှမ်းစလာချိန်မှာ အနာဂတ်နည်းပြကို ဆုံးဖြတ်ခဲ့တဲ့ ဂန်းနားပရိသတ်များ coyg

ဖာဘရီဂတ်စ် နည်းပြလုပ်ဖို့ ခြေလှမ်းစလာချိန်မှာ အနာဂတ်နည်းပြကို ဆုံးဖြတ်ခဲ့တဲ့ ဂန်းနားပရိသတ်များ

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်ဟာ နည်းပြ လောကကို ဝင်ရောက်ဖို့အတွက် ကစားသမားဘဝကနေ အနားယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပိန်ဂျာနယ်လစ် အယ်လ်ဖရက်ဒို မာတီနက်ဇ်ရဲ့ ပြောကြားချက်အရ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ သိပ်မကြာခင်မှာ စီးရီးဘီကလပ် ကိုမိုအတွက် ကစားပေးနေတဲ့ ကစားသမားဘဝကို အဆုံးသတ်တော့မှာဖြစ်ပြီး ဂွါဒီယိုလာ၊ ဇာဗီတို့လိုမျိုး နည်းပြဖြစ်လာဖို့ စတင်လုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြ၊ အာဆင်ဝင်းဂါး၊ ကွန်တီ၊ မော်ရင်ညိုတို့လိုမျိုး နည်းပြတွေလက်အောက်မှ ကစားခဲ့တဲ့ ဖာဘရီဂတ်စ်အနေနဲ့ နည်းပြလောကကို ဝင်ရောက်ဖို့ လုပ်ဆောင်လာတဲ့ သတင်းဟာ အံ့အားသင့်စရာတော့မဟုတ်ဘဲ စပိန်ကွင်းလယ်ကြယ်ပွင့်က ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြအဖြစ်နဲ့ ကိုယ့်ကိုကိုယ် စမ်းသပ်ချင်တယ်လို့ အရင်တုန်းက ပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။ အဲဒီအပြင် ဖာဘရီဂတ်စ်ဟာ တစ်နေ့မှာ ဘာစီလိုနာ ဒါမှမဟုတ် အာဆင်နယ်ရဲ့ နည်းပြဖြစ်လာဖို့ အိပ်မက်ရှိတယ်လို့ ပြောကြားခဲ့ပြီး ဒီပြောဆိုမှုဟာ အာဆင်နယ်ယူ-၁၈ နည်းပြ ဂျက်ခ် ဝီလ်ရှိုင်းယားနဲ့အတူ အလုပ်လုပ်ဖို့နဲ့ ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်း အသင်းကို အာတီတာ ဘယ်လို ပြုပြင်ပြောင်းလဲပေးခဲ့လဲဆိုတာကို လေ့လာဖို့ မကြာသေးမီက လန်ဒန် ကိုလ်နီကွင်းကို ပြန်ရောက်လာပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

“သိပ်မကြာသေးခင်က လေ့ကျင့်ရေးကွင်းမှာ ရှိနေခဲ့ရတာက ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော်အရင်တုန်းက အဲဒီမှာ မရှိခဲ့ဖူးသလိုမျိုး ခံစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အရာအားလုံးက အများကြီး ပြောင်းလဲသွားခဲ့လို့ပါ။ လေ့ကျင့်ရေးကွင်းက နည်းပြက အားလုံးကို ပြောင်းလဲနေစေတာဟာ အာတီတာလုပ်ခဲ့တာက ၉၅ ရာခိုင်နှုန်းပါတယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်။ အာတီတာက အရာအားလုံးကို ပြောင်းလဲခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အသင်းရဲ့ခံယူချက်၊ လေ့ကျင့်ရေးကွင်းပတ်ဝန်းကျင်က အပြုသဘောဆောင်တဲ့သတင်းစကားအများအပြား၊ အများကြီး ပိုကြီးမားလာတဲ့ အဆောက်အဦးတွေ၊ ပိုကောင်းမွန်လာတဲ့ ကိရိယာတွေ၊ ကွင်းတွေ အစရှိတာတွေကို အမည်ပေးခဲ့တာပါ။ ဝင်ပေါက်မှာလည်း အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ဆုဖလား လွတ်နေတဲ့ သင်္ကေတရှိပြီး အာတီတာက ငါ့ကောင်တွေ ငါတို့တွေ အဲဒီနေရာမှာ ဆုဖလားကို ထည့်ဖို့လိုတယ် ဆိုတဲ့ သတင်းစကားကို ပြသချင်တာလို့ ထင်ပါတယ်”

“နေ့တိုင်း ကစားသမားတွေက အဲဒီကို သွားကြပြီး ဆုဖလားမရှိဘဲ သင်္ကေတသက်သက်ပဲ မြင်နေရတယ်။ အဲဒီတော့ ဒါက ခင်ဗျား ပရီးမီးယားလိဂ်ဖလားကို အဲဒီမှာ ထည့်သွင်းချင်တယ်ဆိုရင် နေ့တိုင်း လေ့ကျင့်ရေးကွင်းကိုသွားပြီး ခင်ဗျားကိုယ် ခင်ဗျား သက်သေပြသဖို့ဆိုတဲ့ သတင်းစကားနဲ့ လှုံ့ဆော်မှုတစ်ခုလိုမျိုးပါပဲ။ အာတီတာက အာဆင်ဝင်းဂါးထွက်ခွာပြီးနောက်ပိုင်းကတည်းက အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးနိုင်ခဲ့ပြီး သူလုပ်ခဲ့တာတွေက ထူးခြားဆန်းကြယ်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဖာဘရီဂတ်စ်ဟာ တစ်နေ့မှာ အာဆင်နယ်ကို နည်းပြဖို့ အိပ်မက် မက်နေတာဖြစ်ပေမယ့်လည်း လူမှုကွန်ရက်ပေါ်က ဂန်းနားပရိသတ်တွေကတော့ နည်းပြ အာတီတာသာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဂရာနစ် ချာကာကို နည်းပြသစ်အဖြစ် သတ်မှတ်ထားပြီး ဖာဘရီဂတ်စ်ကို နည်းပြအဖြစ် မမြင်ချင်တဲ့ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။

“အာတီတာက သူ အနားယူတဲ့အထိ ငါတို့ နည်းပြဖြစ်နေလိမ့်မယ်။ သူ အနားယူသွားရင်တောင်မှပဲ ချာကာက နည်းပြရာထူးအတွက် စောင့်ဆိုင်းနေလိမ့်မယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “သူ့အနေနဲ့ အာဆင်နယ်ကို နည်းပြဖို့ အိပ်မက် မက်ခဲ့တယ်ဆိုရင် အဲဒါက အချိန်တေ်ာတော်ကြာပါလိမ့်မယ်။ ငါတို့မှာ နည်းပြသစ်ဖြစ်လာဖို့ စောင့်ဆိုင်းနေတဲ့ ချာကာ ရှိနေပြီးသားပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက် ပေးခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ချာကာက အရင်တုန်းက အာတီတာဆီကနေ နည်းပြပိုင်းမှာ တိုးတက်မှုရှိလာအောင် သင်ယူနေတယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပြီး “မီခေးလ်က အရမ်း ပါးနပ်ပြီး တော်တယ်လို့ ထင်တယ်။ သူက အားလုံးထက် ကြိုပြီး သိနေတယ်။ ကျွန်တော် မီခေးလ်ဆီကနေ ကျွန်တော့်ရဲ့ နည်းပြဝမ်းစာကို ဖြည့်ဖို့ အများကြီး လေ့လာသင်ယူနေပြီး အဲဒီလို သင်ယူနေရတာကို ပျော်ရွှင်နေပါတယ်”လို့ ချာကာက ပြောကြားခဲ့ပါတယ်။

စပိန်အသင်းအနေနဲ့ ကမ္ဘာ့ဖလား ၂၀၁၀ ကို ရယူပြီးနောက် ဖာဘရီဂတ်စ်သည် စပိန်အသင်းဖော်ဖြစ်တဲ့ ဘာစီလိုနာကစားသမားများနဲ့အတူရှိနေခဲ့အပြီး အမ်းမရိတ်စ်ကွင်းကို ပြန်အရောက်မှာ ဘာစီလိုနာသို့ ပြောင်းရွှေ့ချင်ကြောင်း အသင်းကို ဖိအားပေးတောင်းဆိုခဲ့ပါတယ်။ နည်းပြကြီးအာဆင်ဝင်းဂါးကိုယ်တိုင် ညှိနှိုင်းမရတော့သည့်အဆုံး ပြောင်းခွင့်ပြုလိုက်ရပါတယ်။ အာဆင်ဝင်းဂါးက ” ကျွန်တော်တို့ ဖာဘရီဂတ်စ်ကို အာဆင်နယ်အသင်းကနေ မထွက်ခွာစေချင်တဲ့ စိတ်က ရှင်းရှင်းလင်းလင်းရှိပါတယ်။ ဒါပေမယ့် သူရဲ့ မွေးရပ်မြေအသင်းဆီ ပြောင်းရွှေ့လိုတဲ့ ဖာဘရီဂတ်စ်ရဲ့ ဆန္ဒကို ကျွန်တော်တို့ နားလည်ပြီး အခု ဘာစီလိုနာရဲ့ ကမ်းလမ်းမှုကို လက်ခံပြီး သူ့ကို ပြောင်းရွှေ့ခွင်ြ့ပုလိုက်ပါပြီ။ အာဆင်နယ်အသင်းမှာ ကစားပေးခဲ့မှုအတွက် ကျေးဇူးတင်ပြီး သူ့အနာဂတ်မှာ အောင်မြင်ပါဆိုလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီအချိန်က ဘာစီလိုနာအသင်းဟာ သူတို့အသင်းကို အရမ်းပြောင်းရွှေ့ချင်နေတဲ့ ဖာဘရီဂတ်စ်အတွက် ပြောင်းရွှေ့ကြေးကို ဈေးကွက်ပေါက်ဈေးထက် နှိမ်ကာ ပေါင် ၂၅ သန်းခွဲသာ ပေးခဲ့ပြီး အာဆင်နယ်အသင်းကလည်း အသင်းကို ဖိအားပေးတောင်းဆိုနေတဲ့ ဖာဘရီဂတ်စ်ကြောင့် သဘောတူခဲ့လိုက်ရတာ ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ဟာ ဘာစီလိုနာမှာ အဆင်မပြေဖြစ်ပြီး အရန်ခုံထိုင်နေရချိန် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ချင်ပြီး အာဆင်နယ်အသင်းကို ပြန်ပြောင်းရွှေ့ချင်တယ်ဆိုခဲ့ပေမယ့် နည်းပြကြီး အာဆင်ဝင်းဂါးကိုယ်တိုင် မခေါ်ယူချင်တော့လို့ ပယ်ချခဲ့တဲ့အတွက် မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပြီး ယခုတော့ ကစားသမားဘဝက အနားယူပြီးနောက် နည်းပြဘ၀ စတင်ဖို့ သင်ယူရန် အာဆင်နယ်အသင်းဆီ တခေါက်ပြန်လည်ရောက်ရှိနေခြင်းဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet

ZAWGYI:

အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း ဖာဘရီဂတ္စ္ဟာ နည္းျပ ေလာကကို ဝင္ေရာက္ဖို႔အတြက္ ကစားသမားဘဝကေန အနားယူဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စပိန္ဂ်ာနယ္လစ္ အယ္လ္ဖရက္ဒို မာတီနက္ဇ္ရဲ႕ ေျပာၾကားခ်က္အရ အသက္ ၃၅ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ သိပ္မၾကာခင္မွာ စီးရီးဘီကလပ္ ကိုမိုအတြက္ ကစားေပးေနတဲ့ ကစားသမားဘဝကို အဆုံးသတ္ေတာ့မွာျဖစ္ၿပီး ဂြါဒီယိုလာ၊ ဇာဗီတို႔လိုမ်ိဳး နည္းျပျဖစ္လာဖို႔ စတင္လုပ္ေဆာင္သြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

မန္စီးတီးနည္းျပ၊ အာဆင္ဝင္းဂါး၊ ကြန္တီ၊ ေမာ္ရင္ညိဳတို႔လိုမ်ိဳး နည္းျပေတြလက္ေအာက္မွ ကစားခဲ့တဲ့ ဖာဘရီဂတ္စ္အေနနဲ႔ နည္းျပေလာကကို ဝင္ေရာက္ဖို႔ လုပ္ေဆာင္လာတဲ့ သတင္းဟာ အံ့အားသင့္စရာေတာ့မဟုတ္ဘဲ စပိန္ကြင္းလယ္ၾကယ္ပြင့္က ကစားသမားဘဝကေန အနားယူၿပီးေနာက္ နည္းျပအျဖစ္နဲ႔ ကိုယ့္ကိုကိုယ္ စမ္းသပ္ခ်င္တယ္လို႔ အရင္တုန္းက ေျပာဆိုခဲ့ဖူးတာျဖစ္ပါတယ္။ အဲဒီအျပင္ ဖာဘရီဂတ္စ္ဟာ တစ္ေန႔မွာ ဘာစီလိုနာ ဒါမွမဟုတ္ အာဆင္နယ္ရဲ႕ နည္းျပျဖစ္လာဖို႔ အိပ္မက္ရွိတယ္လို႔ ေျပာၾကားခဲ့ၿပီး ဒီေျပာဆိုမႈဟာ အာဆင္နယ္ယူ-၁၈ နည္းျပ ဂ်က္ခ္ ဝီလ္ရႈိင္းယားနဲ႔အတူ အလုပ္လုပ္ဖို႔နဲ႔ ၿပီးခဲ့တဲ့ ၃ ႏွစ္ခြဲအတြင္း အသင္းကို အာတီတာ ဘယ္လို ျပဳျပင္ေျပာင္းလဲေပးခဲ့လဲဆိုတာကို ေလ့လာဖို႔ မၾကာေသးမီက လန္ဒန္ ကိုလ္နီကြင္းကို ျပန္ေရာက္လာၿပီးေနာက္ ထြက္ေပၚလာတာျဖစ္ပါတယ္။

“သိပ္မၾကာေသးခင္က ေလ့က်င့္ေရးကြင္းမွာ ရွိေနခဲ့ရတာက ကြၽန္ေတာ္ ကံေကာင္းခဲ့ပါတယ္။ ကြၽန္ေတာ္အရင္တုန္းက အဲဒီမွာ မရွိခဲ့ဖူးသလိုမ်ိဳး ခံစားခဲ့ရတယ္။ ဘာလို႔လဲဆိုေတာ့ အရာအားလုံးက အမ်ားႀကီး ေျပာင္းလဲသြားခဲ့လို႔ပါ။ ေလ့က်င့္ေရးကြင္းက နည္းျပက အားလုံးကို ေျပာင္းလဲေနေစတာဟာ အာတီတာလုပ္ခဲ့တာက ၉၅ ရာခိုင္ႏႈန္းပါတယ္လို႔ ကြၽန္ေတာ့္ကို ေျပာခဲ့တယ္။ အာတီတာက အရာအားလုံးကို ေျပာင္းလဲခဲ့တယ္။ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အသင္းရဲ႕ခံယူခ်က္၊ ေလ့က်င့္ေရးကြင္းပတ္ဝန္းက်င္က အျပဳသေဘာေဆာင္တဲ့သတင္းစကားအမ်ားအျပား၊ အမ်ားႀကီး ပိုႀကီးမားလာတဲ့ အေဆာက္အဦးေတြ၊ ပိုေကာင္းမြန္လာတဲ့ ကိရိယာေတြ၊ ကြင္းေတြ အစရိွတာေတြကို အမည္ေပးခဲ့တာပါ။ ဝင္ေပါက္မွာလည္း အာဆင္နယ္အသင္းမွာ ပရီးမီးယားလိဂ္ဆုဖလား လြတ္ေနတဲ့ သေကၤတရွိၿပီး အာတီတာက ငါ့ေကာင္ေတြ ငါတို႔ေတြ အဲဒီေနရာမွာ ဆုဖလားကို ထည့္ဖို႔လိုတယ္ ဆိုတဲ့ သတင္းစကားကို ျပသခ်င္တာလို႔ ထင္ပါတယ္”

“ေန႔တိုင္း ကစားသမားေတြက အဲဒီကို သြားၾကၿပီး ဆုဖလားမရွိဘဲ သေကၤတသက္သက္ပဲ ျမင္ေနရတယ္။ အဲဒီေတာ့ ဒါက ခင္ဗ်ား ပရီးမီးယားလိဂ္ဖလားကို အဲဒီမွာ ထည့္သြင္းခ်င္တယ္ဆိုရင္ ေန႔တိုင္း ေလ့က်င့္ေရးကြင္းကိုသြားၿပီး ခင္ဗ်ားကိုယ္ ခင္ဗ်ား သက္ေသျပသဖို႔ဆိုတဲ့ သတင္းစကားနဲ႔ လႈံ႕ေဆာ္မႈတစ္ခုလိုမ်ိဳးပါပဲ။ အာတီတာက အာဆင္ဝင္းဂါးထြက္ခြာၿပီးေနာက္ပိုင္းကတည္းက အသင္းရဲ႕ စိတ္ပိုင္းဆိုင္ရာကို ေျပာင္းလဲေပးႏိုင္ခဲ့ၿပီး သူလုပ္ခဲ့တာေတြက ထူးျခားဆန္းၾကယ္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဖာဘရီဂတ္စ္ဟာ တစ္ေန႔မွာ အာဆင္နယ္ကို နည္းျပဖို႔ အိပ္မက္ မက္ေနတာျဖစ္ေပမယ့္လည္း လူမႈကြန္ရက္ေပၚက ဂန္းနားပရိသတ္ေတြကေတာ့ နည္းျပ အာတီတာသာ အသင္းကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ဂရာနစ္ ခ်ာကာကို နည္းျပသစ္အျဖစ္ သတ္မွတ္ထားၿပီး ဖာဘရီဂတ္စ္ကို နည္းျပအျဖစ္ မျမင္ခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ ေျပာၾကားခဲ့ၾကပါတယ္။

“အာတီတာက သူ အနားယူတဲ့အထိ ငါတို႔ နည္းျပျဖစ္ေနလိမ့္မယ္။ သူ အနားယူသြားရင္ေတာင္မွပဲ ခ်ာကာက နည္းျပရာထူးအတြက္ ေစာင့္ဆိုင္းေနလိမ့္မယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “သူ႔အေနနဲ႔ အာဆင္နယ္ကို နည္းျပဖို႔ အိပ္မက္ မက္ခဲ့တယ္ဆိုရင္ အဲဒါက အခ်ိန္ေတ္ာေတာ္ၾကာပါလိမ့္မယ္။ ငါတို႔မွာ နည္းျပသစ္ျဖစ္လာဖို႔ ေစာင့္ဆိုင္းေနတဲ့ ခ်ာကာ ရွိေနၿပီးသားပါ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ ေပးခဲ့ပါတယ္။

စိတ္ဝင္စားစရာေကာင္းတာက ခ်ာကာက အရင္တုန္းက အာတီတာဆီကေန နည္းျပပိုင္းမွာ တိုးတက္မႈရွိလာေအာင္ သင္ယူေနတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ၿပီး “မီေခးလ္က အရမ္း ပါးနပ္ၿပီး ေတာ္တယ္လို႔ ထင္တယ္။ သူက အားလုံးထက္ ႀကိဳၿပီး သိေနတယ္။ ကြၽန္ေတာ္ မီေခးလ္ဆီကေန ကြၽန္ေတာ့္ရဲ႕ နည္းျပဝမ္းစာကို ျဖည့္ဖို႔ အမ်ားႀကီး ေလ့လာသင္ယူေနၿပီး အဲဒီလို သင္ယူေနရတာကို ေပ်ာ္႐ႊင္ေနပါတယ္”လို႔ ခ်ာကာက ေျပာၾကားခဲ့ပါတယ္။

စပိန္အသင္းအေနနဲ႔ ကမာၻ႔ဖလား ၂၀၁၀ ကို ရယူၿပီးေနာက္ ဖာဘရီဂတ္စ္သည္ စပိန္အသင္းေဖာ္ျဖစ္တဲ့ ဘာစီလိုနာကစားသမားမ်ားနဲ႔အတူရွိေနခဲ့အၿပီး အမ္းမရိတ္စ္ကြင္းကို ျပန္အေရာက္မွာ ဘာစီလိုနာသို႔ ေျပာင္းေ႐ႊ႕ခ်င္ေၾကာင္း အသင္းကို ဖိအားေပးေတာင္းဆိုခဲ့ပါတယ္။ နည္းျပႀကီးအာဆင္ဝင္းဂါးကိုယ္တိုင္ ညႇိႏႈိင္းမရေတာ့သည့္အဆုံး ေျပာင္းခြင့္ျပဳလိုက္ရပါတယ္။ အာဆင္ဝင္းဂါးက ” ကြၽန္ေတာ္တို႔ ဖာဘရီဂတ္စ္ကို အာဆင္နယ္အသင္းကေန မထြက္ခြာေစခ်င္တဲ့ စိတ္က ရွင္းရွင္းလင္းလင္းရွိပါတယ္။ ဒါေပမယ့္ သူရဲ႕ ေမြးရပ္ေျမအသင္းဆီ ေျပာင္းေ႐ႊ႕လိုတဲ့ ဖာဘရီဂတ္စ္ရဲ႕ ဆႏၵကို ကြၽန္ေတာ္တို႔ နားလည္ၿပီး အခု ဘာစီလိုနာရဲ႕ ကမ္းလမ္းမႈကို လက္ခံၿပီး သူ႔ကို ေျပာင္းေ႐ႊ႕ခြင္ျ့ပဳလိုက္ပါၿပီ။ အာဆင္နယ္အသင္းမွာ ကစားေပးခဲ့မႈအတြက္ ေက်းဇူးတင္ၿပီး သူ႔အနာဂတ္မွာ ေအာင္ျမင္ပါဆိုလို႔ ဆုေတာင္းေပးလိုက္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

အဲဒီအခ်ိန္က ဘာစီလိုနာအသင္းဟာ သူတို႔အသင္းကို အရမ္းေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ ဖာဘရီဂတ္စ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေဈးကြက္ေပါက္ေဈးထက္ ႏွိမ္ကာ ေပါင္ ၂၅ သန္းခြဲသာ ေပးခဲ့ၿပီး အာဆင္နယ္အသင္းကလည္း အသင္းကို ဖိအားေပးေတာင္းဆိုေနတဲ့ ဖာဘရီဂတ္စ္ေၾကာင့္ သေဘာတူခဲ့လိုက္ရတာ ျဖစ္ပါတယ္။ ဖာဘရီဂတ္စ္ဟာ ဘာစီလိုနာမွာ အဆင္မေျပျဖစ္ၿပီး အရန္ခုံထိုင္ေနရခ်ိန္ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခ်င္ၿပီး အာဆင္နယ္အသင္းကို ျပန္ေျပာင္းေ႐ႊ႕ခ်င္တယ္ဆိုခဲ့ေပမယ့္ နည္းျပႀကီး အာဆင္ဝင္းဂါးကိုယ္တိုင္ မေခၚယူခ်င္ေတာ့လို႔ ပယ္ခ်ခဲ့တဲ့အတြက္ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ျခင္းျဖစ္ၿပီး ယခုေတာ့ ကစားသမားဘဝက အနားယူၿပီးေနာက္ နည္းျပဘ၀ စတင္ဖို႔ သင္ယူရန္ အာဆင္နယ္အသင္းဆီ တေခါက္ျပန္လည္ေရာက္ရွိေနျခင္းျဖစ္ပါတယ္။

Arsenal Myanmar
Ref: Internet