ပေါင် ၁၀၅ သန်းတန်အပြောင်းအရွှေ့မတိုင်ခင် တွေ့ဆုံမှုမှာ အာတီတာကို အံ့အားသင့်ခဲ့တဲ့ ရိုက်စ်
ဒီကလန် ရိုက်စ်ဟာ ဇန်နဝါရီလတုန်းက အာဆင်နယ်နည်းပြ အာတီတာနဲ့ တွေ့ဆုံခဲ့ပြီးနောက် စပိန်လူမျိုးနည်းပြကို အံ့ဩတကြီးဖြစ်ခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။
အာတီတာဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် အဓိကပစ်မှတ်တွေထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပြီး အာဆင်နယ်ဟာ ယခုအပတ်မှာ ဝက်စ်ဟမ်းအသင်းကို ပေါင် ၁၀၅ သန်းပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့အစီအစဉ်ကို ဖျက်ဆီးဖို့ ခြိမ်းခြောက်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ပေါင်သန်း ၉၀ နဲ့ ကနဦးကမ်းလှမ်းမှုကို ဝက်စ်ဟမ်းရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပြီးနောက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခြင်းမရှိတာဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်အနေနဲ့ အာဆင်နယ်အစား ပက် ဂွါဒီယိုလာရဲ့အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်မလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို ပိုမိုပြောင်းရွှေ့ချင်တဲ့နေရာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
The Sunday Times ရဲ့ ဖော်ပြချက်အရ ဒီကလန် ရိုက်စ်ဟာ အာတီတာနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပြီး ၎င်းရဲ့ ခြေစွမ်းနဲ့ အရည်အချင်းတွေကို တိုးတက်အောင် လုပ်ပေးနိုင်တဲ့ အာဆင်နယ်နည်းပြရဲ့ စီမံကိန်းကို အထင်ကြီးနှစ်သက်ခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းကလည်း ဒီကလန် ရိုက်စ်ဟာ သင်လွယ်တတ်လွယ်တဲ့ ကစားသမားဆိုတာကို သတိပြုမိခဲ့တယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပြီး ဂန်းနားတွေရဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ့်အစီအစဉ်ကို စမစ် ရိုးက ထောက်ခံခဲ့ပြီးဖြစ်ပါတယ်။
“ကျွန်တော် သူနဲ့ပတ်သက်ပြီး လုံလောက်အောင် မချီးမွမ်းတတ်ဘူး။ ကျွန်တော့် ပထမဆုံး စခန်းသွင်းလေ့ကျင့်ရေးကို မှတ်မိသေးတယ်။ သူက ဘယ်လောက်တောင်ကောင်းလဲဆိုတာကို ကျွန်တော် အံ့အားသင့်ခဲ့ရတယ်။ သူက လေ့ကျင့်ရေးမှာ အကောင်းဆုံးဖြစ်ခဲ့တယ်။ သူ့ရဲ့ အဆင့်အတန်း၊ လုပ်အားနှုန်း၊ နည်းစနစ်ပိုင်း သူလုပ်သမျှ အရာအားလုံးက အကောင်းဆုံးဖြစ်ခဲ့တယ်။ စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရမ်းငယ်သေးတယ်။ သူက တကယ်ကို ကောင်းပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အိုင်းယက်စ်နောက်ခံလူ ယူရီယန် တင်းဘားကို ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး အာတီတာဟာ ဗဟိုခံစစ်နဲ့ ညာနောက်ခံနေရာမှာပါ ကစားနိုင်တဲ့ ဒတ်ချ်နောက်ခံကစားသမားရဲ့ အရည်အချင်းကြောင့် ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News