ပေါင်သန်း ၃၀ တန်အစားထိုးမှုကို ပြုလုပ်ခဲ့တဲ့ ဘရိုက်တန်ကြောင့် မိတိုမာကို ခေါ်ဖို့ နီးစပ်လာတဲ့ အာဆင်နယ် coyg

ပေါင်သန်း ၃၀ တန်အစားထိုးမှုကို ပြုလုပ်ခဲ့တဲ့ ဘရိုက်တန်ကြောင့် မိတိုမာကို ခေါ်ဖို့ နီးစပ်လာတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဘရိုက်တန်ရဲ့ နောက်ဆုံး အပြောင်းအရွှေ့ လုပ်ဆောင်မှုအပြီး ယခုနွေရာသီမှာ မိတိုမာကို ခေါ်ယူဖို့အတွက် ရှင်းလင်းတဲ့ လမ်းကြောင်း ရရှိခဲ့ပြီဖြစ်ပါတယ်။

အာတီတာဟာ လာမယ့်ရာသီ အလုပ်များတဲ့ ချန်ပီယံလိဂ်ပွဲချိန်စာရင်းကြောင့် ယခုရာသီကုန်မှာ တောင်ပံကစားသမား ခေါ်ယူဖို့အတွက် စျေးကွက်ထဲကို ဝင်ရောက်သွားမယ်လို့ ယူဆခြင်း ခံထားရတာ ဖြစ်ပါတယ်။

မိတိုမာဟာ ယခုရာသီမှာ ဘရိုက်တန်အသင်းအတွက် အထင်ကြီးစရာကောင်းလွန်းတဲ့ ခြေစွမ်း ပြသနိုင်ခဲ့ပြီးနောက် ဂန်းနားတွေအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဂျပန်လက်ရွေးစင်ကြယ်ပွင်ဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ၂ သင်းစလုံးဆီကနေ အာရုံစိုက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းက ယခုနွေရာသီမှာ ကြယ်ပွင့်တောင်ပံကစားသမားကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားထားပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းဟာ မိတိုမာကို ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ ဝက်ဖို့ဒ်က ဂျာအို ပက်ဒရိုကို ပေါင်သန်း ၃၀ တန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့တယ်လို့ The Guardian က ဖော်ပြခဲ့ပြီး အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ဝက်ဖို့ဒ်အတွက် ၁၀၉ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၂၄ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပက်ဒရိုရဲ့ ဘယ်တောင်ပံမှာ ကစားနိုင်စွမ်း ရှိမှုက မိတိုမာအတွက် အသုံးဝင်တဲ့ ကာဗာဖြစ်လာမှာဖြစ်ပြီး ဂျပန်လက်ရွေးစင်ကြယ်ပွင့် ထွက်ခွာဖို့လည်း လမ်းကြောင်းပွင့်သွားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်မှာ မိတိုမာကို အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာအောင် ကူညီပေးနိုင်တဲ့ လျှို့ဝှက်လက်နက်ရှိနေပြီး အဲဒါက ဘရိုက်တန်ကြယ်ပွင့်ရဲ့ လက်ရွေးစင်အသင်းဖော်နဲ့ သူငယ်ချင်းဖြစ်တဲ့ တိုမီယဆုဖြစ်ပါတယ်။

အင်္ဂလန်က ဘဝကို အသားကျအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတာကို ဆွေးနွေးရာမှာ မိတိုမာက ဂန်းနားညာနောက်ခံလူနဲ့ ခင်မင်ရင်းနှီးမှုအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လန်ဒန်မှာ တိုမီယဆုရှိနေတာက ကောင်းမွန်တဲ့ အာမခံချက်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီမှာ နေထိုင်ရတာက ခက်ခဲတယ်လို့ မထင်မိသေးပါဘူး။ သူ လန်ဒန်မှာရှိနေတာက ကောင်းမွန်တဲ့ အာမခံချက်တစ်ခုဖြစ်ပြီး ကျွန်တော် သူ့ကို အလုပ်များတဲ့ပွဲချိန်စာရင်းကြောင့် အများကြီး မတွေ့ဖြစ်ဘူးဆိုရင်တောင်မှပေ့ါ။ ဒါပေမယ့် ကျွန်တော်တို့ ဂျပန်အသင်းအတွက် အသင်းဖော်တွေအဖြစ်နဲ့ အတူတူ ကောင်းကောင်း ကစားနေကြပြီး ပိုမိုမြင့်မားတဲ့အဆင့်အတန်းမှာ ကျွန်တော်တို့ ၂ ယောက်စလုံး ကစားဖို့ ကြိုးစားနေကြပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet