ပါတေးအပေါ် စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်ခဲ့တဲ့ အော်ဒီဂွါဒ် coyg

ပါတေးအပေါ် စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်ခဲ့တဲ့ အော်ဒီဂွါဒ်

မာတင် အော်ဒီဂွါဒ်ဟာ ဆောက်သမ်တန်နဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ သောကြာနေ့ညပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲကစားချိန်နောက်ဆုံးမိနစ်အတွင်း ကိုက် ၃၀ အကွာကနေ ဂိုးကန်သွင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ သောမတ်စ် ပါတေးကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပါတယ်။

ဂါနာကွင်းလယ်လူဟာ ပင်နယ်ဧရိယာအစွန်ကို ပြေးလာခဲ့ချိန်မှာ ရှေ့မှာ ရွေးချယ်စရာတွေ အများအပြားရှိနေခဲ့ပြီး ၎င်းရဲ့ ညာဘက်မှာ အသင်းဖော်တွေထဲက တစ်ဦးဖြစ်တဲ့ အော်ဒီဂွါဒ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပါတေးဟာ လူပေးရမယ့်အစား အဝေးကနေ ကံစမ်းကြည့်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာကြောင့် အာဆင်နယ်အသင်းဖော်တွေဟာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

အထူးသဖြင့် ပါတေးနဲ့ပတ်သက်ပြီး သဘောမကျဖြစ်ခဲ့တာကတော့ အော်ဒီဂွါဒ်ဖြစ်ပြီး အာဆင်နယ်အသင်းခေါင်းဆောင်ဟာ လက်တွေကို လေထဲမှာ ဝှေ့ရမ်းပစ်ခဲ့ပြီးနောက် ဂါနာကွင်းလယ်လူကို ကျောခိုင်းခဲ့တာဖြစ်ပါတယ်။

နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ ပါတေးရဲ့ လူမပေးဘဲ ဂိုးကန်သွင်းဖို့ ကြိုးပမ်းခဲ့မှုကို စိတ်ပျက်ခဲ့တာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး လူပေးခဲ့မယ်ဆိုရင် ဂန်းနားတွေအတွက် အလုပ်ပိုဖြစ်နိုင်တဲ့ အခြေအနေ ရှိနေခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ပါတေးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးခဲ့ပြီး Sky Sports မှာ ပူးတွဲ တင်ဆက်သူအဖြစ် ပြုလုပ်နေချိန်အတွင်း “ပရိသတ်တွေက အော်ဟစ်နေတယ်။ သူတို့တွေ သူ အဲဒီရွေးချယ်မှုကို လုပ်သွားတာ မယုံနိုင်ကြဘူး။ သူ့လိုမျိုး အတွေ့အကြုံရှိတဲ့ ကစားသမားက ဒီလိုမျိုး လုပ်ခဲ့တာ။ အဲဒါက လုံးဝကို ရူးသွပ်မှုဖြစ်ပြီး အာတီတာလည်း သူ့ကို ဒေါသထွက်ပါလိမ့်မယ်။ သူက ၁၀ ကိုက်လောက်အကွာမှာရှိနေတဲ့ အော်ဒီဂွါဒ်ဆီကို လူပေးကစားခဲ့ရမှာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet