ပရီးမီးယားလိဂ်နဲ့ အခြားလိဂ်က ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးပိုမြင့်တဲ့အသင်းဖြစ်လာတဲ့ အာဆင်နယ် user

ပရီးမီးယားလိဂ်နဲ့ အခြားလိဂ်က ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးပိုမြင့်တဲ့အသင်းဖြစ်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘောလုံးလောကမှာ လူစာရင်းတန်ဖိုး ယူရို ၁ ဘီလီယံတန်ကြေးရှိတဲ့ ဒုတိယမြောက် ကလပ်အသင်းဖြစ်လာခဲ့ပြီဖြစ်တယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။

ဂန်းနားတွေဟာ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီး အထင်ကြီးဖွယ် ကောင်းတဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ကြည့်လိုက်သမျှ နေရာတိုင်းမှာ အဆင့်အတန်းတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်ဟာ ယူရို ၁ ဘီလီယံ(အတိအကျပြောရရင် ယူရို ၁.၀၉ ဘီလီယံ) တန်ကြေးရှိတဲ့ ထိပ်တန်းအစုအဖွဲ့ ပိုင်ဆိုင်ထားတဲ့ အသင်းစာရင်းထဲ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်တယ်လို့ Transfermarkt ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ တန်ဖိုးအရှိဆုံး ထိပ်တန်းကစားသမား ၁၈ ဦးကို ပေါင်းလိုက်ရင် ယူရို ၈၉၅ သန်းအထိ ရှိပြီး ဂန်းနားကစားသမားတွေရဲ့ ပျမ်းမျှ စျေးကွက်ပေါက်စျေးဟာ ယူရို ၃၄.၁၇ သန်း ရှိတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ယခုနွေရာသီ ငွေသုံးကြမ်းနေမှုအပြီးမှာ အဲဒီပမာဏဟာလည်း မြင့်တက်လာဖွယ်ရှိပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ ချဲလ်ဆီးကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်း၊ ဝက်စ်ဟမ်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိုင်းက ဂန်းနားတွေဟာ အိုင်းယက်စ်နောက်ခံကစားသမား ယူရီယန် တင်းဘားကို ဆုကြေးငွေ ယူရို ၅ သန်းပါဝင်တဲ့ ယူရိုသန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု အပြည့်အဝ ရရှိခဲ့ပြီဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆုဖလား ၃ လုံးသမိုင်းဝင် ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ကမ္ဘာပေါ်မှာ အာဆင်နယ်အသင်းထက် ပိုမို တန်ဖိုးရှိတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး စုစုပေါင်း ယူရို ၁.၁၉ ဘီလီယံ တန်ကြေးရှိတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ယူရို ၉၇၅.၅၀ သန်းနဲ့ တတိယနေရာမှာ လိုက်နေပြီး တော့ဒ် ဘိုလေ ရောက်လာပြီးကတည်းက နာမည်ကြီးသမျှ လိုက်ဝယ်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ လူစာရင်းက ယူရို ၉၇၅.၅၀ သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေတာဖြစ်ပါတယ်။

ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံးကလပ်အသင်း ၁၀ သင်း

၁။ မန်ချက်စတာစီးတီး(ယူရို ၁.၁၉ ဘီလီယံ)

၂။ အာဆင်နယ်(ယူရို ၁.၀၉ ဘီလီယံ)

၃။ ရီးရဲလ်မက်ဒရစ်(ယူရို ၉၇၅.၅၀ သန်း)

၄။ချဲလ်ဆီး(ယူရို ၉၅၁.၇၀ သန်း)

၅။ ဘိုင်ယန်မြူးနစ်(ယူရို ၉၃၉.၅၀ သန်း)

၆။ ပီအက်စ်ဂျီ(ယူရို ၈၇၀.၆၀ သန်း)

၇၊ ဘာစီလိုနာ(ယူရို ၈၆၀ သန်း)

၈။ လီဗာပူးလ်(ယူရို ၈၄၈.၈၀ သန်း)

၉။ မန်ချက်စတာယူနိုက်တက်(ယူရို ၇၇၃.၈၀ သန်း)

၁၀။ တော့တင်ဟမ်ဟော့စပါး(ယူရို ၇၅၅.၃၀ သန်း)

Arsenal Myanmar

Ref: Internet