နယူးကာဆယ်နဲ့ပွဲမှာ အာတီတာပွဲထုတ်သင့်တဲ့ ပွဲထွက်လူစာရင်း
အာဆင်နယ်အသင်းဟာ ယနေ့ညမှာ စိန့် ဂျိမ်းစ်ပါ့ခ်ကို မဖြစ်မနေ အနိုင်ကစားရမယ်ဆိုတဲ့စိတ်နဲ့ သွားရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ရာသီနောက်ဆုံး ၄ ပွဲမှာ အနိုင်ကစားနိုင်မှ ဆုဖလားမျှော်လင့်ချက် အသက်ဆက်နိုင်မှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ နယူးကာဆယ်ယူနိုက်တက်ကို အနိုင်ကစားနိုင်မှသာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ရမှတ် ၄ မှတ် ကွာဟနေမှုကို ၁ မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းထက် တစ်ပွဲပိုနေဦးမှာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံ ရရှိနေတဲ့ တတိယနေရာက အသင်းဖြစ်ပြီး အာတီတာအနေနဲ့ ရာသီရဲ့ အခုလိုအချိန်မှာ မရင်ဆိုင်ချင်တဲ့ ပြိုင်ဘက်တွေအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ပွဲစဉ်မှာ အာတီတာအနေနဲ့ လူထုတ်ပုံ မှန်ကန်ဖို့ လိုအပ်မှာဖြစ်ပြီး နယူးကာဆယ်နဲ့ ကစားရမယ့် စိန့် ဂျိမ်းစ်ပါ့ခ်မှာ ဘယ်ကစားသမားတွေကို ပွဲထုတ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ညာတောင်ပံ- ဆာကာ
ဝီလီယံ ဆာလီဘာရဲ့ တိုက်စစ်ကို လိုက်ပါနိုင်စွမ်း ပျောက်ဆုံးနေတယ်လို့ အများစုထက် ပိုပြီး ခံစားခဲ့ရနိုင်တဲ့ ဆာကာအတွက် ပွဲစဉ်အနည်းငယ်မှာ တော်တော်လေး တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါတောင်မှပဲ ဒီပွဲမှာ ဆာကာအနေနဲ့ ပွဲထွက်ကစားပေးသွားဦးမှာ သေချာပါတယ်။
အထောင်တိုက်စစ်-ဂါဘရီယဲလ် ဂျေးဇု
ဆောက်သမ်တန်၊ မန်စီးတီးတို့နဲ့ပွဲစဉ်မှာ အကောင်းဆုံးပုံစံမှာ မရှိခဲ့တာဖြစ်နိုင်ပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးဟာ ၆ ပွဲမှာ ၅ ဂိုး သွင်းယူထားတာဖြစ်ပြီး အာဆင်နယ်အနေနဲ့ နယူးကာဆယ် နောက်တန်းကို အိပ်မက်ဆိုးတွေ ပေးချင်တယ်ဆိုရင် ဂျေးဇုကို လိုအပ်မှာ သေချာပါတယ်။
ဘယ်တောင်ပံ-မာတီနယ်လီ
မာတီနယ်လီနဲ့ ထရော့ဆာ့ဒ်ကြားမှာ တော်တော်လေး ရွေးရခက်ပေမယ့်လည်း ထရစ်ပီယာက နယူးကာဆယ်ရဲ့ အကြီးမားဆုံးတိုက်စစ် ခြိမ်းခြောက်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ အာတီတာက ဒီတစ်ပွဲမှာတော့ မာတီနယ်လီရဲ့ မြန်နှုန်းကို အသုံးချသွားနိုင်ပါတယ်။
ကွင်းလယ်တိုက်စစ်-အော်ဒီဂွါဒ်
အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ဟာ ယခုရာသီ ဂန်းနားတွေရဲ့ ကစားပုံကို အဓိက သတ်မှတ်ပေးသူဖြစ်တဲ့အတွက် ဒီပွဲမှာ မဖြစ်မနေ ပါဝင်ရမယ့်သူဆိုတာ အထူးပြောစရာမရှိပါဘူး။
ကွင်းလယ်ခံစစ်- ပါတေး
ဂျော်ဂျင်ညိုက ချဲလ်ဆီးနဲ့ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်လည်း သောမတ်စ် ပါတေးက အနားယူဖို့ လိုအပ်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပြီး ယခုရာသီ အာဆင်နယ်ကွင်းလယ်မှာ အဓိက ထောက်တိုင်ဖြစ်တာကြောင့် ဒီပွဲမှာတော့ ပြန်ပါလာမှာဖြစ်ပါတယ်။
ကွင်းလယ်ခံစစ်- ချာကာ
ချဲလ်ဆီးနဲ့ပွဲမှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသခဲ့တဲ့ ချာကာရဲ့ ကစားပေါက်ဟာ ကျောနံပါတ် ၁၀ ကစားသမားလိုပဲလို့တောင် ချီးကျူးခံခဲ့ရပြီး ဒီရာသီမှာ ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်း ပွဲထွက်ပါဝင်ကစားပေးခဲ့သူဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားဦးမှာဖြစ်ပါတယ်။
ညာနောက်ခံ- ဘန် ဝှိုက်
ဘန် ဝှိုက်ဟာ ယခုရာသီမှာ ၃၂ ပွဲ(လူစားဝင် ၂ ပွဲ) ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ဘောလုံးပေးပို့မှု ပျမ်းမျှ ၅၂ ကြိမ်ကို ဘောလုံးပေးပို့ရာမှာအောင်မြင်မှုနှုန်း ၈၆ ရာခိုင်နှုန်းနဲ့အတူ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဗဟိုခံစစ်- ဂါဘရီယဲလ်
ဘရာဇီးလ်နောက်ခံလူဟာ ချဲလ်ဆီးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ဖို့ မရေရာမသေချာတဲ့အခြေအနေမှာရှိနေပြီး အာဆင်နယ်နည်းပြ အာတီတာက ဒီနေ့မှာ ဂါဘရီယဲလ် အခြေအနေကို အကဲဖြတ်သွားမယ်လို့ ပြောကြားထားပေမယ့်လည်း စပိန်လူမျိုးနည်းပြဟာ ပွဲထွက်လူစာရင်းနဲ့ပတ်သက်လာရင် အလွန်လျှို့ဝှက်ချက်များသူဖြစ်ပါတယ်။ တကယ်လို့ ဂါဘရီယဲလ်သာ မပါဝင်နိုင်ဘူးဆိုရင်တော့ ဟိုးဒင်းကို အသုံးပြုရနိုင်ပါတယ်။
ဗဟိုခံစစ်-ခီဗီယော
ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲချိန်ပြည့် ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ခီဗီယောဟာ အထင်ကြီးစရာခြေစွမ်းနဲ့အတူ အာတီတာကို ယုံကြည်စိတ်ချစေခဲ့တာဖြစ်ပြီး ဒီနေ့ပွဲစဉ်မှာလည်း နောက်ထပ်တစ်ကြိမ် အစွမ်းပြနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။
ဘယ်နောက်ခံ-ဇင်ချန်ကို
ဇင်ချန်ကိုဟာ မန်ချက်စတာစီးတီးက ဝက်ဟမ်းကို အနိုင်ရခဲ့ပြီး ၄ မှတ်အထိ ဖြတ်နိုင်ခဲ့ပြီးနောက် အများစုက အာဆင်နယ် ဖလားမရနိုင်တော့ဘူးလို့ ပြောကြပေမယ့်လည်း ဂန်းနားတွေက မန်စီးတီးကို အလဲထိုးနိုင်တဲ့ အနေအထားမှာရှိနေတုန်းပဲလို့ ယုံကြည်နေပြီး နယူးကာဆယ်နဲ့ပွဲမှာ ချဲလ်ဆီးနဲ့ပွဲတုန်းကလိုပဲ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။
ဂိုး- အာရွန် ရမ်းစ်ဒေးလ်
အာရွန် ရမ်းစ်ဒေးလ်ဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ပွဲထွက်ပါဝင်ကစားပေးထားခဲ့သူဖြစ်ပြီး ပေးဂိုးမရှိ ၁၂ ပွဲနဲ့ သွင်းဂိုး ၃၉ ဂိုး ခွင့်ပြုထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ နောက်ထပ်ပေးဂိုးမရှိ ပွဲစဉ်တစ်ပွဲ ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့လို့ စိတ်ပျက်ခဲ့ရတဲ့ ရမ်းစ်ဒေးလ်အတွက် နယူးကာဆယ်နဲ့ပွဲစဉ်က ပိုမိုခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet