နည်းပြအာတီတာ အောင်မြင်နေရတဲ့ လျှို့ဝှက်ချက်ကို ဖောက်သည်ချခဲ့တဲ့ ဂျေးဇု admin

နည်းပြအာတီတာ အောင်မြင်နေရတဲ့ လျှို့ဝှက်ချက်ကို ဖောက်သည်ချခဲ့တဲ့ ဂျေးဇု

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ထိပ်ဆုံး ၄ နေရာနဲ့ လွဲချော်ပြီး စိတ်ပျက်ခဲ့ရတာ တစ်နှစ်သာရှိသေးချိန်မှာ အများစု မထင်မှတ်ထားတဲ့ အမှတ်ပေးဖလားစိန်ခေါ်သူတွေအဖြစ် တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်ရတဲ့ ပကတိအမှန်တရားက အာတီတာရဲ့ အစွမ်းအစနဲ့ လူငယ်ကစားသမားတွေက ပိုမို ကောင်းမွန်လာတာကြောင့် ဖြစ်ပါတယ်။ ဂန်းနားတွေဟာ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၆ မှတ်သာနဲ့ ဦးဆောင်နေပေမယ့်လည်း မန်စီးတီးထက် ၁ ပွဲပိုကစားထားပြီး ယခုလနောက်ဆုံးအပတ်မှာ အစ်တီဟတ်ကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက်တော့ ဘယ်နေရာမှာ ရောက်နေပြီလဲဆိုတာကို သိရဖို့အတွက် ကြီးမားတဲ့ စမ်းသပ်မှုဖြစ်လာမှာဖြစ်ပြီး ဒီလိုမြင့်တက်လာမှုနောက်ကွယ်မှာ ချုပ်ကိုင်ထားသူအတွက်တော့ အသေးစိတ်အချက်အလက်တွေက အမ်းမရိတ်စ်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးရာမှာ မရှိမဖြစ် အရေးပါခဲ့တာဖြစ်ပါတယ်။

ရိုးရိုးသားသားပြောရရင် ခင်ဗျား တစ်နေ့ချင်းစီပဲ သွားရမှာပါ။ ဘောလုံးမှာက ခင်ဗျား မထင်ထားဘဲ တစ်လအတွင်း ဖြစ်သွားနိုင်တာတွေ အများကြီးပါ။ ကျွန်တော်တို့ ရည်မှန်းချက်က ဒီအသင်းကို သူနဲ့ သက်ဆိုင်တဲ့နေရာကို ပို့ဆောင်ပေးဖို့ ဖြစ်ပြီး ဖြစ်နိုင်သမျှ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားဖို့ပါ။ အဲဒါက ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားနေတဲ့အရာပါလို့ အာတီတာက ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒါက အသင်းကို အမြင့်ရောက်အောင် ပို့ဆောင်ပေးဖို့ ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို နားလည်မှုနဲ့ အမြင်ဖြစ်နိုင်ပြီး အသင်းက ဘယ်လိုဖြစ်ပြီး ထိပ်ဆုံးကို ပြန်ရောက်အောင် လုပ်နိုင်ခဲ့လဲဆိုတာကို ဆွေးနွေးခဲ့ချိန်မှာ ဂျေးဇု ပြောပြခဲ့တဲ့အရာလည်း ဖြစ်ပါတယ်။

ခင်ဗျားသိလား။ သူတို့တွေ အတွင်းဘက်မှာ အလုပ်စလုပ်တဲ့အချိန်မှာ အသင်းက သူတို့တွေ သွားချင်တဲ့နေရာကို သိထားပြီးသားဖြစ်ပုံပေါ်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ပြောနေတာမဟုတ်ပါဘူး။ ဒီမှာ ကျွန်တော်တို့အတွက် ရှိနေတဲ့ အားလုံးကို ပြောနေတာဖြစ်ပြီး အားလုံးက အကူအညီအများကြီး ပေးခဲ့ကြပါတယ်။

ဂျေးဇုအနေနဲ့ အာတီတာနဲ့ အလုပ်လုပ်ခဲ့တာ ပထမဆုံးအကြိမ်တော့မဟုတ်တော့ဘဲ မန်ချက်စတာစီးတီးမှာတုန်းက စပိန်လူမျိုးနည်းပြနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဂျေးဇုက အာတီတာရဲ့ ဆုဖလားစိန်ခေါ်မှုမှာ အကျိုးသက်ရောက်မှုကို ဆွေးနွေးရာမှာ ပထမဆုံး ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်သိခဲ့ကြတာ အချိန်အတော်ကြာပါပြီ။ ကျွန်တော် စီးတီးမှာတုန်းက သူနဲ့ အများကြီး လေ့ကျင့်ခဲ့ရတယ်။

ကျွန်တော် ဂိုးမသွင်းနိုင်တဲ့ ဆိုးရွားတဲ့အချိန်အပိုင်းအခြားတွေကို ဖြတ်သန်းခဲ့ရတာ ခင်ဗျား သိမှာဖြစ်ပြီး သူက ကျွန်တော့်သွင်းဂိုးအချို့ကို ပြသထားတဲ့ ဗီဒီယိုကို ပြခဲ့ပြီး အဲဒါက ကျွန်တော့်ကို အများကြီး အကူအညီဖြစ်စေခဲ့ပါတယ်။ သူက ဒီလိုမျိုးနည်းပြဖြစ်ပြီး အားလုံးကို ဂရုစိုက်တယ်။ အားလုံးကို စောင့်ရှောက်တယ်။ ကစားသမားတွေမှမဟုတ်ဘဲ အသင်းမှာ ရှိတဲ့လူတိုင်းကို ဂရုစိုက်တာပါလို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet