ဆုဖလားအဆုံးအဖြတ်ပွဲမတိုင်ခင် စီးတီးအတွက်သတိပေးလက္ခဏာကို တွေ့ခဲ့တဲ့ အာဆင်ဝင်းဂါး
အာဆင်ဝင်းဂါးက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် နှောင်းပိုင်းအချိန်တွေအတွင်း မန်ချက်စတာစီးတီးအသင်းဆီကနေ ပွဲပမ်းတဲ့လက္ခဏာတွေကို မြင်ခဲ့ရတယ်လို့ ယုံကြည်နေပြီး ဂွါဒီယိုလာရဲ့ ပြောဆိုမှုကို သဘောတူခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ မြူးနစ်မှာ ဘိုင်ယန်မြူးနစ်ကို ၁-၁ နဲ့ သရေကျအောင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရပြီးနောက် ဆီမီးဖိုင်နယ်ကို ၄-၁ နဲ့ တက်ရောက်သွားခဲ့တာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့ ဝင်ဘလေမှာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ တွေ့ဆုံရမှာဖြစ်သလို ဗုဒ္ဓဟူးနေ့ည အစ်တီဟတ်မှာ ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်က သောကြာနေ့ညနေမှာ အမှတ်ပေးဇယား အောက်ခြေက ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးထက် ၂ ပွဲပို ရမှတ် ၇ မှတ်အသာနဲ့ အစ်တီဟတ်ကို လာရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ ကစားသမားခဲ့တဲ့ပွဲစဉ် ၂ ပွဲစလုံး ဒုတိယပိုင်းမှာ ထိခိုက်လွယ်တဲ့ လက္ခဏာတွေပြသခဲ့ပေမယ့်လည်း အာဆင်ဝင်းဂါးက မန်စီးတီးဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အာတီတာရဲ့ဂန်းနားတွေ အမြတ်ထုတ်နိုင်မယ့် ပွဲပမ်းတဲ့လက္ခဏာတွေ ပြသခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“အာဆင်နယ်က သူတို့ရဲ့ ကံကြမ္မာက သူတို့လက်ထဲရှိနေတုန်းပါပဲ။ သူတို့တွေသာ အဲဒီပွဲကို အနိုင်ရရင် ချန်ပီယံရှစ်ကို ရပါလိမ့်မယ်။ ဂွါဒီယိုလာ ပြောခဲ့သလိုပဲ စီးတီးက ပင်ပန်းနေပါပြီ။ သူတို့တွေ နောက်ဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်ကို ပင်ပန်းနွမ်းနယ်စွာနဲ့ အဆုံးသတ်ခဲ့တယ်လို့ ကျွန်တော် တကယ် ခံစားခဲ့ရတယ်။အာဆင်နယ်က အဲဒါကို အခွင့်ကောင်းယူရင် ယူနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်က ဘာပွဲမှ မကစားရလို့ပါ”
“ပရီးမီးယားလိဂ်ပဲ ကစားဖို့ရှိပြီး သူတို့တွေ သောကြာနေ့ပွဲကို ကြိုတင်ပြင်ဆင်မှုတွေ ၅ ရက်လောက် လုပ်ပြီးတော့မှ ကစားသွားမှာပါ။ ရုပ်ပိုင်းဆိုင်ရာအရ သူတို့တွေက အားသာချက်ရှိနေပြီး စီးတီးကို အံ့အားသင့်စေနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ကြည့်ကြတာပေါ့။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလိမ့်မယ်လို့ ထင်နေတုန်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet