ပရီးမီးယားလိဂ်ဆုဖလားအတွက် ဝန်ခံမှုပြုလုပ်လိုက်ပြီး ဂန်းနားတွေကို ဝေဖန်လိုက်တဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို မရနိုင်တော့ပေမယ့် လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဖြစ်လာအောင် လုပ်နိုင်တဲ့အစွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ရဲ့ ပထမဆုံးရာသီမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ မျှော်မှန်းခြင်း မခံခဲ့ရပေမယ့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ မယုံနိုင်စရာခြေစွမ်း ရရှိလာပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၈ ပွဲနိုင်၊ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
တန်ဟက်ရဲ့အသင်းဟာ ကာရာဘောင်းဖလားကို အနိင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်းနေပြီး အချို့က မန်ယူနိုက်တက်အနေနဲ့ ဆုဖလား ၄ လုံးတပြိုင်နက်ရရှိနိုင်တယ်လို့ အိပ်မက်မက်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးတို့ကို ကျော်ဖြတ်နိုင်ဖို့က ခက်ခဲမှာဖြစ်ပြီး လီဗာပူးလ်ကို ၇-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆောက်သမ်တန်ကို ဂိုးမရှိသရေကျခဲ့တာကြောင့် တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်လို့မရနိုင်တော့ပုံပေါ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၆ မှင်္တ၊ မန်စီးတီးနဲ့ ၁၁ မှတ်ကွာမှာ တစ်ပွဲလျော့နဲ့ ရပ်တည်နေတာဖြစ်ပြီး တန်ဟက်က လက်ရှိမှာတော့ ဂန်းနားတွေနဲ့ စီးတီးကို အနိုင်ယူဖို့ မဖြစ်နိုင်ဖွယ်များတယ်လို့ ဝန်ခံခဲ့ပေမယ့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးလိဂ်ဖလားရရှိဖို့ လိုအပ်တဲ့အရာတွေရှိတယ်ဆိုတာကို သက်သေပြသခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ ကွာဟချက်က ရှိနေသေးတယ်ဆိုတာကိုလည်း သိနေပါတယ်။ ကျွန်တော်တို့ အဲဒီကွာဟချက်ကို လျင်လျင်မြန်မြန်နဲ့ နီးကပ်အောင်လုပ်နိုင်မယ်လို့ မျှော်မှန်းလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိင်ရဖို့ ကြိုးစားနေပြီး ထိပ်တန်းအသင်းတွေအားလုံးကို ကျွန်တော်တို့ အနိုင်ယူခဲ့တယ်။ ကျွန်တော်တို့က ထိပ်တန်းအသင်းတွေကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။
ကျွန်တော်တို့ ရှေ့ကို အရမ်းကြိုတွေးလို့မရဘဲ တစ်ပွဲချင်းစီ အာရုံစိုက်သွားရမှာပါ။ အချိန်ကြာလာရင် ကျွန်တော်တို့ အဲဒါကို လုပ်လာနိုင်မှာပါ။ ပရီးမီးယားလိဂ်က အခုလောက်ဘယ်တုန်းကမှ မခက်ခဲခဲ့ဖူးဘူး။ အခုဆိုရင် ယှဉ်ပြိုင်သူတွေ အများကြီးရှိနေပြီ။ ၂ ကောင်တည်းပြေးတဲ့ပြိုင်ပွဲမဟုတ်ပါဘူး။ ၅ ကောင်၊ ၆ ကောင်၊ ၇ ကောင်လောက်ကို ပြေးနေတာပါ။ ကျွန်တော်တို့လိုချင်တာကို အသင်း ၆ သင်း၊ ၇ သင်းလောက်ကလည်း လိုချင်တာပါ။ ကျွန်တော်တို့ အဲဒါကို ရရှိအောင် လုပ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် ကျွ်နတော်တို့အသင်းထဲမှာ ဆက်သွားဖို့ ခြေလှမ်းလှမ်းရဦးမယ်ဆိုတာကို သတိပြုမိနေကြပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
အဲရစ် တန်ဟက် ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီး ဂန်းနားတွေက ကံကောင်းနေတယ်လို့ ပြောကြားခဲ့ပြီး ၎င်းရဲ့အသင်းကတော့ ကာစီမီရို အနီကတ်နဲ့ ၄ ပွဲပယ်ခံရမှု၊ အန်တိုနီ နာမကျန်းဖြစ်မှု၊ ဂါနာချို ဒဏ်ရရှိသွားမှုတို့ကြောင့် ကံဆိုးနေတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။
တန်ဟက်က တခြားပရိးမီးယားလိဂ်ကလပ်အသင်းတွေနဲ့ ၎င်းရဲ့ ကံတရားကို နှိုင်းယှဉ်ခဲ့ပြီး အာတီတာဟာ တစ်ရာသီလုံး လူစာရင်းကနေ လုံးဝကို ကြံ့ခိုင်မှုပြည့်ဝလုနီးပါးအသင်းကို ရွေးချယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်အတွက် အိုကေ။ ငါ့အသင်းကို ငါ ရွေးချယ်နိုင်တယ်။ နည်းဗျူဟာ ချဉ်းကပ်မှုကနေဆိုရင်လည်း အဲဒါက ပြီးပြည့်စုံခဲ့တယ်ဆိုတာ တစ်ပွဲတည်းမှာပဲ ရှိခဲ့တယ်။ အဲဒါက မန်စီးတီးနဲ့ အိမ်ကွင်းမှာ ကစားတုန်းကပါ။ အဲဒါက ဒီရာသီမှာ တစ်ကြိမ်ပဲ ကြုံဖူးသေးပါတယ်။ တခြားအချိန်တွေ၊ ပွဲစဉ်တိုင်းမှာ ကစားသမားတစ်ယောက် ပွဲပယ်ခံရတယ်။ တစ်ယောက် ဒဏ်ရာရတာ ဒါမှမဟုတ် နာမကျန်းဖြစ်တာတွေ ရှိတယ်။ ကျွန်တော်တို့ အဲဒီကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရပေမယ့် ခင်ဗျား ကျွန်တော် အာဆင်နယ်ကို မြင်တဲ့အတိုင်း သူတို့တွေက တချိန်လုံး သူတို့လူစာရင်းက အသုံးပြုလို့ ရနိုင်နေလုနီးပါးဖြစ်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဓိကတိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုကို နိုဝင်ဘာကတည်းက ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်နဲ့ ပထမဆုံးအကြိမ် ပြန်လည် ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ စမစ်ရိုးကလည်း ကာလရှည် လွဲချော်နေခဲ့သူဖြစ်ပြီး အန်ကီးတီးယားကလည်း နောက်ဆုံး ၃ ပွဲစလုံး လွဲချော်ခဲ့ပြီးနောက် ပြန်လည်ကစားပေးနိုင်ဖို့ ရက်သတ္တပတ်အနည်းငယ်လိုသေးတာဖြစ်ပါတယ်။ သောမတ်စ် ပါတေးကလည်း ဒဏ်ရာ ပြဿနာကြောင့် မန်ချက်စတာစီးတီးနဲ့ အက်စတန် ဗီလာတို့နဲ့ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပြီး တန်ဟက် ပြောတဲ့ လူစာရင်းထဲက ကြိုက်တဲ့ကစားသမားကို အချိန်မရွေး အသုံးပြုလို့ရနိုင်တယ်ဆိုတဲ့ ပြောဆိုမှုက မှန်ကန်မှု မရှိတာ သိသာထင်ရှားပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္က ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို မရႏိုင္ေတာ့ေပမယ့္ လာမယ့္ႏွစ္မွာ ခ်န္ပီယံလိဂ္ျဖစ္လာေအာင္ လုပ္ႏိုင္တဲ့အစြမ္းရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ တန္ဟက္ရဲ႕ ပထမဆုံးရာသီမွာ ဆုဖလားေတြကို စိန္ေခၚႏိုင္ဖို႔ ေမွ်ာ္မွန္းျခင္း မခံခဲ့ရေပမယ့္လည္း ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ မယုံႏိုင္စရာေျခစြမ္း ရရွိလာၿပီးေနာက္ ေနာက္ဆုံးကစားခဲ့တဲ့ ၁၁ ပြဲမွာ ၈ ပြဲႏိုင္၊ ၁ ပြဲသာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
တန္ဟက္ရဲ႕အသင္းဟာ ကာရာေဘာင္းဖလားကို အနိင္ရရွိခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား၊ ယူ႐ိုပါလိဂ္ဖလားတို႔ကို ရယူႏိုင္ဖို႔အတြက္ ဆက္လက္ ႀကိဳးပမ္းေနၿပီး အခ်ိဳ႕က မန္ယူႏိုက္တက္အေနနဲ႔ ဆုဖလား ၄ လုံးတၿပိဳင္နက္ရရွိႏိုင္တယ္လို႔ အိပ္မက္မက္ေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္တဲ့ အာဆင္နယ္၊ မန္စီးတီးတို႔ကို ေက်ာ္ျဖတ္ႏိုင္ဖို႔က ခက္ခဲမွာျဖစ္ၿပီး လီဗာပူးလ္ကို ၇-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေဆာက္သမ္တန္ကို ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ တန္ဟက္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ေမွ်ာ္လင့္လို႔မရႏိုင္ေတာ့ပုံေပၚပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၃ ေနရာမွာ ဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၁၆ မွတၤ၊ မန္စီးတီးနဲ႔ ၁၁ မွတ္ကြာမွာ တစ္ပြဲေလ်ာ့နဲ႔ ရပ္တည္ေနတာျဖစ္ၿပီး တန္ဟက္က လက္ရွိမွာေတာ့ ဂန္းနားေတြနဲ႔ စီးတီးကို အႏိုင္ယူဖို႔ မျဖစ္ႏိုင္ဖြယ္မ်ားတယ္လို႔ ဝန္ခံခဲ့ေပမယ့္ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးလိဂ္ဖလားရရွိဖို႔ လိုအပ္တဲ့အရာေတြရွိတယ္ဆိုတာကို သက္ေသျပသခဲ့ၿပီးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ တိုးတက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ထင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ၾကားမွာ ကြာဟခ်က္က ရွိေနေသးတယ္ဆိုတာကိုလည္း သိေနပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီကြာဟခ်က္ကို လ်င္လ်င္ျမန္ျမန္နဲ႔ နီးကပ္ေအာင္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းလို႔မရႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ပြဲစဥ္တိုင္းကို အနိင္ရဖို႔ ႀကိဳးစားေနၿပီး ထိပ္တန္းအသင္းေတြအားလုံးကို ကြၽန္ေတာ္တို႔ အႏိုင္ယူခဲ့တယ္။ ကြၽန္ေတာ္တို႔က ထိပ္တန္းအသင္းေတြကို အႏိုင္ယူႏိုင္စြမ္းရွိပါတယ္။
ကြၽန္ေတာ္တို႔ ပိုၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ အဲဒါကို လုပ္ႏိုင္ေအာင္ ေနာက္ထပ္ေျခလွမ္းလွမ္းရမွာပါ။ ကြၽန္ေတာ္တို႔ ေရွ႕ကို အရမ္းႀကိဳေတြးလို႔မရဘဲ တစ္ပြဲခ်င္းစီ အာ႐ုံစိုက္သြားရမွာပါ။ အခ်ိန္ၾကာလာရင္ ကြၽန္ေတာ္တို႔ အဲဒါကို လုပ္လာႏိုင္မွာပါ။ ပရီးမီးယားလိဂ္က အခုေလာက္ဘယ္တုန္းကမွ မခက္ခဲခဲ့ဖူးဘူး။ အခုဆိုရင္ ယွဥ္ၿပိဳင္သူေတြ အမ်ားႀကီးရွိေနၿပီ။ ၂ ေကာင္တည္းေျပးတဲ့ၿပိဳင္ပြဲမဟုတ္ပါဘူး။ ၅ ေကာင္၊ ၆ ေကာင္၊ ၇ ေကာင္ေလာက္ကို ေျပးေနတာပါ။ ကြၽန္ေတာ္တို႔လိုခ်င္တာကို အသင္း ၆ သင္း၊ ၇ သင္းေလာက္ကလည္း လိုခ်င္တာပါ။ ကြၽန္ေတာ္တို႔ အဲဒါကို ရရွိေအာင္ လုပ္ႏိုင္စြမ္းရွိတယ္။ ဒါေပမယ့္ ကြၽ္နေတာ္တို႔အသင္းထဲမွာ ဆက္သြားဖို႔ ေျခလွမ္းလွမ္းရဦးမယ္ဆိုတာကို သတိျပဳမိေနၾကပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
အဲရစ္ တန္ဟက္ ယခုရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ပတ္သက္ၿပီး ဂန္းနားေတြက ကံေကာင္းေနတယ္လို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ႕အသင္းကေတာ့ ကာစီမီ႐ို အနီကတ္နဲ႔ ၄ ပြဲပယ္ခံရမႈ၊ အန္တိုနီ နာမက်န္းျဖစ္မႈ၊ ဂါနာခ်ိဳ ဒဏ္ရရွိသြားမႈတို႔ေၾကာင့္ ကံဆိုးေနတယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။
တန္ဟက္က တျခားပရိးမီးယားလိဂ္ကလပ္အသင္းေတြနဲ႔ ၎ရဲ႕ ကံတရားကို ႏႈိင္းယွဥ္ခဲ့ၿပီး အာတီတာဟာ တစ္ရာသီလုံး လူစာရင္းကေန လုံးဝကို ႀကံ့ခိုင္မႈျပည့္ဝလုနီးပါးအသင္းကို ေ႐ြးခ်ယ္ႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ့္အတြက္ အိုေက။ ငါ့အသင္းကို ငါ ေ႐ြးခ်ယ္ႏိုင္တယ္။ နည္းဗ်ဴဟာ ခ်ဥ္းကပ္မႈကေနဆိုရင္လည္း အဲဒါက ၿပီးျပည့္စုံခဲ့တယ္ဆိုတာ တစ္ပြဲတည္းမွာပဲ ရွိခဲ့တယ္။ အဲဒါက မန္စီးတီးနဲ႔ အိမ္ကြင္းမွာ ကစားတုန္းကပါ။ အဲဒါက ဒီရာသီမွာ တစ္ႀကိမ္ပဲ ႀကဳံဖူးေသးပါတယ္။ တျခားအခ်ိန္ေတြ၊ ပြဲစဥ္တိုင္းမွာ ကစားသမားတစ္ေယာက္ ပြဲပယ္ခံရတယ္။ တစ္ေယာက္ ဒဏ္ရာရတာ ဒါမွမဟုတ္ နာမက်န္းျဖစ္တာေတြ ရွိတယ္။ ကြၽန္ေတာ္တို႔ အဲဒီကိစၥေတြကို ရင္ဆိုင္ေျဖရွင္းခဲ့ရေပမယ့္ ခင္ဗ်ား ကြၽန္ေတာ္ အာဆင္နယ္ကို ျမင္တဲ့အတိုင္း သူတို႔ေတြက တခ်ိန္လုံး သူတို႔လူစာရင္းက အသုံးျပဳလို႔ ရႏိုင္ေနလုနီးပါးျဖစ္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ အဓိကတိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်းဇုကို ႏိုဝင္ဘာကတည္းက ဆုံးရႈံးခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာ လူစားဝင္ကစားသမားအျဖစ္နဲ႔ ပထမဆုံးအႀကိမ္ ျပန္လည္ ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ စမစ္႐ိုးကလည္း ကာလရွည္ လြဲေခ်ာ္ေနခဲ့သူျဖစ္ၿပီး အန္ကီးတီးယားကလည္း ေနာက္ဆုံး ၃ ပြဲစလုံး လြဲေခ်ာ္ခဲ့ၿပီးေနာက္ ျပန္လည္ကစားေပးႏိုင္ဖို႔ ရက္သတၱပတ္အနည္းငယ္လိုေသးတာျဖစ္ပါတယ္။ ေသာမတ္စ္ ပါေတးကလည္း ဒဏ္ရာ ျပႆနာေၾကာင့္ မန္ခ်က္စတာစီးတီးနဲ႔ အက္စတန္ ဗီလာတို႔နဲ႔ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး တန္ဟက္ ေျပာတဲ့ လူစာရင္းထဲက ႀကိဳက္တဲ့ကစားသမားကို အခ်ိန္မေ႐ြး အသုံးျပဳလို႔ရႏိုင္တယ္ဆိုတဲ့ ေျပာဆိုမႈက မွန္ကန္မႈ မရွိတာ သိသာထင္ရွားပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Critics' Talk
- News
- Team News