ဆုဖလားပြိုင်ပွဲမှာ ဆာကာအတွက် စိုးရိမ်မှုကို သတိပေးခဲ့တဲ့ အီယန် ရိုက်
အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က အာတီတာကို ယခုလကုန် ရာသီမကုန်ဆုံးခင် ဘူကာယို ဆာကာရဲ့ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲအပေါ် အကျိုးသက်ရောက်မှု အမြင့်မားဆုံးဖြစ်လာအောင် ကောင်းကောင်း အနားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ယခုရာသီအစကတည်းက အာဆင်နယ်အတွက် ကြီးကြီးမားမား အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးမှာ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆာကာဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာဆင်နယ်ရဲ့ ဆုဖလား စိန်ခေါ်မှုမှာ အဓိက မောင်းနှင်အားတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ခြေစွမ်းအနည်းငယ် ကျဆင်းလာပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ နောက်ဆုံးပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ညနေ နယူးကာဆယ် အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ဂန်းနားတွေအတွက် ပုံမှန် ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ကစားပေးသွားဖွယ်ရှိနေပေမယ့်လည်း အီယန် ရိုက်က အင်္ဂလန်တောင်ပံကစားသမားကို သိပ်မဝေးလှတဲ့အနာဂတ်မှာ ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခြင်းအားဖြင့် အကျိုးအမြတ်ရှိနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ဆာကာက နည်းနည်းလေး အနားရသင့်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နည်းနည်းလေးတော့ နားသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့်ပါးစပ်က ကျွန်တော့် ဦးနှောက်အတွက် အရမ်းမြန်လွန်းနေတာ ဖြစ်နိုင်ပါတယ်။ အခုလိုအခြေအနေမှာ ကျွန်တော်တို့ နောက်ထပ် ဘယ်ပွဲမှ ရှုံးလို့ မရတော့ပါဘူး။ ကျွန်တော်တို့ အဓိကကစားသမားအားလုံးကို လိုအပ်တယ်။ ဒါပေမယ့် ကျွန်တော် သူ့အတွက် စိုးရိမ်နေမိတာပါ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet