ဆာလီဘာရဲ့ စာချုပ်တောင်းဆိုမှုကြောင့် တုန်လှုပ်ခဲ့ရတဲ့ အာဆင်နယ် 150 150 coyg

ဆာလီဘာရဲ့ စာချုပ်တောင်းဆိုမှုကြောင့် တုန်လှုပ်ခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဝီလီယံ ဆာလီဘာရဲ့ စာချုပ်သစ်နဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေအပေါ် စိုးရိမ်ပူပင်မှုတွေ မြင့်တက်လာနေပြီး ပြင်သစ်နောက်ခံကစားသမားရဲ့ တောင်းဆိုမှုကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမားဟာ အာဆင်နယ်နဲ့ ချုပ်ဆိုထားတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၄ သောင်းနဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး တခြား စာချုပ်သက်တမ်းကုန်ဆုံးခါနီးကစားသမားတွေလိုမျိုး စာချုပ်ထဲမှာ တစ်နှစ်သက်တမ်းတိုးခွင့်မပါဝင်တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ မကြာသေးမီက ဆာကာနဲ့ အာရွန် ရမ်းစ်ဒေးလ်တို့လို ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးဖြစ်ပေမယ့်လည်း ဆာလီဘာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးမှုဟာ ထင်ထားတာထက် ပြဿနာတွေ ပိုမိုများပြားနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆာလီဘာရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အာဆင်နယ် ထိပ်ပိုင်းတာဝန်ရှိသူတွေကို လစာ တောင်းဆိုမှုနဲ့အတူ အံ့အားသင့်တုန်လှုပ်စေခဲ့ပြီး ယခုနွေရာသီမှာ ပြင်သစ်နောက်ခံကစားသမားကို ရောင်းချရနိုင်တယ်ဆိုတဲ့ ကြောက်ရွံ့မှုတွေ ကြီးထွားလာနေပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားရဲ့ စာချုပ်ကို သက်တမ်းကုန်ဆုံးတဲ့အထိ နေခွင့်ပြုမှာမဟုတ်ဘဲ စာချုပ်သစ်သာ ချုပ်ဆိုနိုင်ခြင်းမရှိဘူးဆိုရင် ယခုနွေရာသီက ဆာလီဘာကို ရောင်းထုတ်ပြီး ငွေရှာဖို့ နောက်ဆုံးအခွင့်အရေးဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

လနဲ့ချီ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း နှစ်ဖက်စလုံးက သဘောတူညီဖို့ လမ်းစရှာမတွေ့သေးဘူးလို့ သိရပြီး အာဆင်နယ်အသင်းက ဝီလီယံ ဆာလီဘာကို တစ်ပတ်လုပ်ခလစာ ပေါင် ၁၂၀၀၀၀ နဲ့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်နောက်ခံကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့ တောင်းဆိုထားတဲ့ ပမာဏနဲ့ နည်းနည်းလေးတောင် မနီးစပ်တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းမယ့် ပမာဏက ပိုပြီး များပြားနိုင်တယ်လို့ ထင်မြင်နေတာဖြစ်နိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းက ၎င်းတို့ မပေးချေနိုင်တဲ့ လစာပမာဏနဲ့ ဆာလီဘာကို ကမ်းလှမ်းနိုင်တာကို ကြောက်ရွံ့နေပြီး လိဂူးဝမ်းချန်ပီယံတွေဟာ ပြင်သစ်နောက်ခံလူကို ခေါ်ယူဖို့ ဘာမဆို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လိဂူးဝမ်းကလပ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပဲရစ်ကို ငယ်ရွယ်ပြီး အားကောင်းတဲ့ ပြင်သစ်ကစားသမားတွေ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဆာလီဘာက ထိပ်တန်းပစ်မှတ်အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဆာလီဘာရဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် အချိန်ပို အလုပ်လုပ်ခဲ့ပြီး လာမယ့်ရာသီသစ်ကို ၎င်းရဲ့ အနာဂတ် မရေမရာဖြစ်နေမှုနဲ့ မသွားချင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ပီအက်စ်ဂျီက အာဆင်နယ်နဲ့ ဆာလီဘာတို့ စာချုပ်သစ် မချုပ်ဆိုဖြစ်ဘူးဆိုရင် ပြင်သစ်နောက်ခံလူကို စျေးပေါပေါနဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပြီး ဂန်းနားတွေအနေနဲ့ ၂၀၁၉ ခုနှစ်တုန်းက ပေးချေခဲ့ရတဲ့ ပေါင် ၂၇ သန်းကို ပြန်ရအောင်လုပ်ဖို့တောင် ရုန်းကန်ရနိုင်တာဖြစ်ပါတယ်။

ဆာလီဘာဟာ မာဆေးလ်အသင်းမှာ အငှားကစားသမားဘဝနဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် အမ်းမရိတ်စ်မှာ အကောင်းဆုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး မတ်လမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီနောက်ဆုံးပွဲစဉ်တွေကို ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ကစားပုံဟာ ပြင်သစ်နောက်ခံလူ မပါဝင်နိုင်တဲ့အချိန်ကတည်းက သိသိသာသာ ကျဆင်းလာခဲ့တာကြောင့် ၂၄ မှတ် ရနိုင်တဲ့အထဲက ၉ မှတ်သာ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ဆေးအဖွဲ့က ရာသီကြိုအတွက် အချိန်မီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet