ဆာလီဘာနဲ့ပတ်သက်ပြီး တစ်ပူပေါ် နှစ်ပူဆင့်နေရတဲ့ အာဆင်နယ် coyg

ဆာလီဘာနဲ့ပတ်သက်ပြီး တစ်ပူပေါ် နှစ်ပူဆင့်နေရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တဲ့ ဝီလီယံ ဆာလီဘာနဲ့ပတ်သက်ပြီး နောက်ထပ် စိုးရိမ်စရာတွေ ရှိလာနေတယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ ဝီလီယံ ဆာလီဘာရဲ့ စာချုပ်ကို လာမယ့် ရာသီထက် ကျော်လွန်ပြီး သက်တမ်းတိုးမြှင့်နိုင်ဖို့ ပြင်သစ် နောက်ခံကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးနေတာ ဖြစ်ပြီး အာဆင်နယ်နောက်ခံကစားသမားဟာ မတ်လက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အသင်းရဲ့ ရာသီနှောင်းပိုင်း ပွဲစဉ်တွေကို လွဲချော်နေတဲ့ ကစားသမားဖြစ်ပါတယ်။

ဆာလီဘာကို အာဆင်နယ်အသင်းက ၂၀၁၉ ခုနှစ်မှာ စန် အီတျန်အသင်းကနေ ခေါ်ယူခဲ့ပြီးကတည်းက ယခုရာသီဟာ ပြင်သစ်နောက်ခံကစားသမားအတွက် ပထမဆုံး ရာသီပြည့် ပါဝင်ကစားခွင့်ရတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

ဥရောပ ကလပ်အသင်းအများအပြားဟာ အာဆင်နယ်နောက်ခံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့်လည်း ဂန်းနားတွေဟာ ဆာလီဘာကို မရမက ထိန်းသိမ်းသွားချင်နေပြီး စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။

RMC Sport ရဲ့ ဖော်ပြချက်အရ ဝီလီယံ ဆာလီဘာကို ကလပ်အသင်း အများအပြားက ပစ်မှတ်ထားနေတာကြောင့် ဆွေးနွေးညှိနှိုင်းရာမှာ အားကောင်းနေတဲ့ ပြင်သစ်နောက်ခံလူရဲ့ ကိုယ်စားလှယ်တွေနဲ့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ သဘောတူညီမှု ရရှိဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဝီလီယံ ဆာလီဘာအနေနဲ့ လာမယ့်ရာသီထက် ကျော်လွန်ပြီး အမ်းမရိတ်စ်မှာ ဆက်နေလိမ့်မယ်လို့ ယုံကြည်ချက်ရှိရှိနဲ့ တွန်းအားပေး လုပ်ဆောင်နေပေမယ့်လည်း လက်ရှိမှာတော့ ပြင်သစ်ကြယ်ပွင့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေရပြီဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet