ဆာလီဘာဒဏ်ရာ၊ မာတီနယ်လီရဲ့လွဲချော်မှုအပါအဝင် အာတီတာ ပြောခဲ့သမျှ coyg

ဆာလီဘာဒဏ်ရာ၊ မာတီနယ်လီရဲ့လွဲချော်မှုအပါအဝင် အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ ကြာသပတေးနေ့ညက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ စပို့တင်းလစ္စဘွန်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှကို ဖြေကြားပေးခဲ့ပါတယ်။

မေး- တိုမီယဆုနဲ့ ဆာလီဘာတို့ ဘယ်လိုနေလဲ။

ဖြေ- ကျွန်တော်မသိဘူး။ တိုမီယဆုရဲ့ ချက်ချင်းတုံ့ပြန်မှုနဲ့ ကျွန်တော့်ကို သူပြောခဲ့တဲ့ပုံအရ တော်တော်လေးပြင်းထန်တဲ့ပေါ်ပါတယ်။ ဒါပေမယ့် အဲဒါက အရမ်းစောလွန်းသေးတာ သိသာပါတယ်။ ဝီလီရောလား။ ကျွန်တော်မသိပါဘူး။ သူ သက်တောင့်သက်သာမဖြစ်ခဲ့ဘဲ ဆက်ကစားလို့မရနိုင်တာကြောင့် ကျွန်တော်တို့ သူ့ကို လူစားလဲခဲ့ရတာပါ။

မေး- မာတီနယ်လီရော ဘယ်လိုအခြေအနေရှိလဲ။ သူ ဘယ်လို တုံ့ပြန်သွားမှာလဲ။

ဖြေ- သူ ကောင်းကောင်း တုံ့ပြန်သွားမှာပါ။ ဒီနေ့ စိတ်ပျက်ခဲ့တာ သိသာပါတယ်။ ကျွန်တော်တို့အားလုံးလည်း စိတ်ပျက်ပါတယ်။ ခင်ဗျား ဒီုလိ ဆံးဖြတ်ချက်မျိုး ချမှတ်ရတဲ့အခါ ဖြစ်နိုင်ခြေတွေက ရှိနေပါတယ်။ သူ ဒီကနေ ဆာကာ အရင်တုန်းက လုပ်ခဲ့တဲ့အတိုင်း သင်ယူရမှာဖြစ်ပြီး ရှေ့ဆက်သွားရမှာပါ။

မေး- လေ့ကျင့်ရေးအခန်းထဲမှာ ဘာတွေ တွေးနေခဲ့ကြလဲ။

ဖြေ- ကျွန်တော်တို့ အားလုံး စိတ်ပျက်ခဲ့ကြတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာ ပြန်ကြည့်ရမှာဖြစ်ပြီး အနိင်ရဖို့ ပိုမိုကောင်းမွန်အောင်၊ ပိုမိုကြီးမားတဲ့ ဂိုးကွာခြားချက် ရရှိအောင် လုပ်ရမှာဖြစ်ပြီး ပြိုင်ပွဲရဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ နောက်ဆုံး မိနစ် ၂၀ နဲ့ အချိန်ပိုအပေါ်မှာ အားထားလို့မရနိုင်ပါဘူး။ အခု ကျွန်တော်တို့မှာ အာရုံစိုက်စရာဆိုလို့ ၁၁ ပွဲပဲ ရှိပါတယ်။ အားလုံးက အရာတစ်ခုတည်းကိုပဲ စဉ်းစားနေပြီး အဲဒါက ပဲလေ့စ်ပါ။ အဲဒီပွဲကို အနိုင်ရဖို့အတွက် အကောင်းဆုံးစိတ်ဓာတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ ရှိနေရမှာပါ။

မေး- ဂျေးဇုကို ပထမပိုင်းအပြီးမှာ လူစားလဲဖို့ စီစဉ်ထားခဲ့တာလား။

ဖြေ- ဟုတ်ပါတယ်။ ကျွန်တော်တို့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အရန်ကစားသမားတွေကို ကျွန်တော်တို့ စီမံခန့်ခွဲရမှာမို့လို့ပါ။ သူ့ကို လူစားလဲခဲ့တာ ဘုရားသခင်ကျေးဇူးတော်ပဲ။ အထူးသဖြင့် စျေးကွက် ၂ ခုအပြီးမှာ ပထမပိုင်းမှာ အသုံးပြုခဲ့ရတယ်။ ဒါက စီစဉ်ထားခဲ့တာပါ။ လီယိုကလည်း ဒဏ်ရာရနေရာကနေ ဝင်ကစားခဲ့တယ်။ ပွဲက အချိန်ပိုထိသွားတော့မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပြီး အဲဒါကို စီမံခန့်ခွဲခဲ့တယ်။ သူ့ပုံစံကြည့်ရတာ အဆင်ပြေပါတယ်။

မေး- စပို့တင်း လစ္စဘွန်းကို ရှုံးနိမ့်ခဲ့တဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ- အဲဒါက ကြီးမားတဲ့ထိုးနှက်ချက်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းမဟုတ်ခဲ့တဲ့ ပထမဆုံး ၇၅ မိနစ် ရှိခဲ့တယ်။ ကျွန်တော်တို့ ဘောလုံးတိုင်းကို ပေးပစ်ခဲ့ပြီး ပွဲကို အသာစီးရယူဖို့အတွက် အင်အားမရှိခဲ့ဘူး။ အချိန်ပိုမှာ အနိုင်ရရှိဖို့ ကြီးမားတဲ့ အခွင့်အရေးတွေ ရှိခဲ့တယ်။ ပင်နယ်တီမှာ မရေရာမသေချာမှုတွေ အများကြီး ရှိခဲ့ပါတယ်။ အချိန်ပိုဆက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် မယုံနိုင်စရာ အင်အားတွေကို ပြသခဲ့ပြီး နောက်တဆင့်ဆက်သွားဖို့ အကောင်းဆုံးနေ့မဟုတ်တဲ့အချိန်မှာ ထိပ်တန်းစိတ်ဓာတ်ပိုင်းကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ထပ်ကြီးမားတဲ့ အခွင့်အရေး ၂ ခုရခဲ့ပြီး အနိုင်မရခဲ့ဘူး။ အဆုံးမှာတော့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး အဲဒါက ထီထိုးသလိုပဲ။ ဒီနေ့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ပုံစံအတိုင်း မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာ ပြန်ကြည့်ရမယ်။ ကျွန်​တော်တို့ နောက်တဆင့်တက်ဖို့ ကောင်းသင့်သလောက် မကောင်းခဲ့တာ ဘာကြောင့်လဲ။ ကျွန်တော်တို့ စပို့တင်းကို ဂုဏ်ပြုပြီး အခု ကျွန်တော်တို့မှာ ၁၁ ပွဲကစားဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ လာမယ့် ပဲလေ့စ်နဲ့ပွဲက ဖိုင်နယ်ပါ။ ကျွန်တော်တို့ အခုအချိန်လုပ်နေတဲ့အလုပ်တိုင်းက ပဲလေ့စ်နဲ့ပွဲအတွက် ဦးတည်ရမှာဖြစ်ပြီး ကျွန်တော်တို့ ဒီပွဲကထက် အများကြီးပိုကောင်းမွန်အောင်လုပ်ရမှာပါ။

Arsenal Myanmar

Ref: Internet

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ ၾကာသပေတးေန႔ညက အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ စပို႔တင္းလစၥဘြန္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုသမွ်ကို ေျဖၾကားေပးခဲ့ပါတယ္။

ေမး- တိုမီယဆုနဲ႔ ဆာလီဘာတို႔ ဘယ္လိုေနလဲ။

ေျဖ- ကြၽန္ေတာ္မသိဘူး။ တိုမီယဆုရဲ႕ ခ်က္ခ်င္းတုံ႔ျပန္မႈနဲ႔ ကြၽန္ေတာ့္ကို သူေျပာခဲ့တဲ့ပုံအရ ေတာ္ေတာ္ေလးျပင္းထန္တဲ့ေပၚပါတယ္။ ဒါေပမယ့္ အဲဒါက အရမ္းေစာလြန္းေသးတာ သိသာပါတယ္။ ဝီလီေရာလား။ ကြၽန္ေတာ္မသိပါဘူး။ သူ သက္ေတာင့္သက္သာမျဖစ္ခဲ့ဘဲ ဆက္ကစားလို႔မရႏိုင္တာေၾကာင့္ ကြၽန္ေတာ္တို႔ သူ႔ကို လူစားလဲခဲ့ရတာပါ။

ေမး- မာတီနယ္လီေရာ ဘယ္လိုအေျခအေနရွိလဲ။ သူ ဘယ္လို တုံ႔ျပန္သြားမွာလဲ။

ေျဖ- သူ ေကာင္းေကာင္း တုံ႔ျပန္သြားမွာပါ။ ဒီေန႔ စိတ္ပ်က္ခဲ့တာ သိသာပါတယ္။ ကြၽန္ေတာ္တို႔အားလုံးလည္း စိတ္ပ်က္ပါတယ္။ ခင္ဗ်ား ဒီုလိ ဆံးျဖတ္ခ်က္မ်ိဳး ခ်မွတ္ရတဲ့အခါ ျဖစ္ႏိုင္ေျခေတြက ရွိေနပါတယ္။ သူ ဒီကေန ဆာကာ အရင္တုန္းက လုပ္ခဲ့တဲ့အတိုင္း သင္ယူရမွာျဖစ္ၿပီး ေရွ႕ဆက္သြားရမွာပါ။

ေမး- ေလ့က်င့္ေရးအခန္းထဲမွာ ဘာေတြ ေတြးေနခဲ့ၾကလဲ။

ေျဖ- ကြၽန္ေတာ္တို႔ အားလုံး စိတ္ပ်က္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာ ျပန္ၾကည့္ရမွာျဖစ္ၿပီး အနိင္ရဖို႔ ပိုမိုေကာင္းမြန္ေအာင္၊ ပိုမိုႀကီးမားတဲ့ ဂိုးကြာျခားခ်က္ ရရွိေအာင္ လုပ္ရမွာျဖစ္ၿပီး ၿပိဳင္ပြဲရဲ႕ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ေနာက္ဆုံး မိနစ္ ၂၀ နဲ႔ အခ်ိန္ပိုအေပၚမွာ အားထားလို႔မရႏိုင္ပါဘူး။ အခု ကြၽန္ေတာ္တို႔မွာ အာ႐ုံစိုက္စရာဆိုလို႔ ၁၁ ပြဲပဲ ရွိပါတယ္။ အားလုံးက အရာတစ္ခုတည္းကိုပဲ စဥ္းစားေနၿပီး အဲဒါက ပဲေလ့စ္ပါ။ အဲဒီပြဲကို အႏိုင္ရဖို႔အတြက္ အေကာင္းဆုံးစိတ္ဓာတ္ပိုင္းနဲ႔ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနမွာ ရွိေနရမွာပါ။

ေမး- ေဂ်းဇုကို ပထမပိုင္းအၿပီးမွာ လူစားလဲဖို႔ စီစဥ္ထားခဲ့တာလား။

ေျဖ- ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ လူစားလဲဖို႔ ဆုံးျဖတ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အရန္ကစားသမားေတြကို ကြၽန္ေတာ္တို႔ စီမံခန႔္ခြဲရမွာမို႔လို႔ပါ။ သူ႔ကို လူစားလဲခဲ့တာ ဘုရားသခင္ေက်းဇူးေတာ္ပဲ။ အထူးသျဖင့္ ေစ်းကြက္ ၂ ခုအၿပီးမွာ ပထမပိုင္းမွာ အသုံးျပဳခဲ့ရတယ္။ ဒါက စီစဥ္ထားခဲ့တာပါ။ လီယိုကလည္း ဒဏ္ရာရေနရာကေန ဝင္ကစားခဲ့တယ္။ ပြဲက အခ်ိန္ပိုထိသြားေတာ့မယ္ဆိုတာ ကြၽန္ေတာ္တို႔ သိခဲ့ၿပီး အဲဒါကို စီမံခန႔္ခြဲခဲ့တယ္။ သူ႔ပုံစံၾကည့္ရတာ အဆင္ေျပပါတယ္။

ေမး- စပို႔တင္း လစၥဘြန္းကို ရႈံးနိမ့္ခဲ့တဲ့အေပၚမွာေရာ ဘာေျပာခ်င္လဲ။

ေျဖ- အဲဒါက ႀကီးမားတဲ့ထိုးႏွက္ခ်က္ဆိုတာ သိသာပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အဆင့္အတန္းမဟုတ္ခဲ့တဲ့ ပထမဆုံး ၇၅ မိနစ္ ရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ ေဘာလုံးတိုင္းကို ေပးပစ္ခဲ့ၿပီး ပြဲကို အသာစီးရယူဖို႔အတြက္ အင္အားမရွိခဲ့ဘူး။ အခ်ိန္ပိုမွာ အႏိုင္ရရွိဖို႔ ႀကီးမားတဲ့ အခြင့္အေရးေတြ ရွိခဲ့တယ္။ ပင္နယ္တီမွာ မေရရာမေသခ်ာမႈေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ အခ်ိန္ပိုဆက္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ မယုံႏိုင္စရာ အင္အားေတြကို ျပသခဲ့ၿပီး ေနာက္တဆင့္ဆက္သြားဖို႔ အေကာင္းဆုံးေန႔မဟုတ္တဲ့အခ်ိန္မွာ ထိပ္တန္းစိတ္ဓာတ္ပိုင္းကို ျပသခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေနာက္ထပ္ႀကီးမားတဲ့ အခြင့္အေရး ၂ ခုရခဲ့ၿပီး အႏိုင္မရခဲ့ဘူး။ အဆုံးမွာေတာ့ ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရၿပီး အဲဒါက ထီထိုးသလိုပဲ။ ဒီေန႔ ကြၽန္ေတာ္တို႔ ျဖစ္ခ်င္တဲ့ပုံစံအတိုင္း မျဖစ္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာ ျပန္ၾကည့္ရမယ္။ ကြၽန္​ေတာ္တို႔ ေနာက္တဆင့္တက္ဖို႔ ေကာင္းသင့္သေလာက္ မေကာင္းခဲ့တာ ဘာေၾကာင့္လဲ။ ကြၽန္ေတာ္တို႔ စပို႔တင္းကို ဂုဏ္ျပဳၿပီး အခု ကြၽန္ေတာ္တို႔မွာ ၁၁ ပြဲကစားဖို႔ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ လာမယ့္ ပဲေလ့စ္နဲ႔ပြဲက ဖိုင္နယ္ပါ။ ကြၽန္ေတာ္တို႔ အခုအခ်ိန္လုပ္ေနတဲ့အလုပ္တိုင္းက ပဲေလ့စ္နဲ႔ပြဲအတြက္ ဦးတည္ရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ဒီပြဲကထက္ အမ်ားႀကီးပိုေကာင္းမြန္ေအာင္လုပ္ရမွာပါ။

Arsenal Myanmar

Ref: Internet