ဆာကာနဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ် ဝေဖန်လိုက်တဲ့ ဂန်းနားအသင်းခေါင်းဆောင်ဟောင်း
အာဆင်နယ်နောက်ခံကစားသမားဟောင်း ဝီလီယံ ဂါးလက်စ်က ဂန်းနားကြယ်ပွင့် ဘူကာယို ဆာကာဟာ လက်ရှိ အပြောင်းအရွှေ့ဈေးကွက်မှာ ရှိသင့်တဲ့ဈေးနှုန်းထက် ပိုများနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆာကာဟာ ယခုရာသီ အာဆင်နယ်ရဲ့ ထိပ်တန်းကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ၂၆ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ အာဆင်နယ်နဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီလို့ သိရပြီး ဆာကာရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဆာကာရဲ့ စာချုပ်သစ်ကို အပြီးသတ်နိုင်ခြင်းမရှိသေးပေမယ့်လည်း သဘောတူညီမှုကတော့ ရရှိထားပြီးဖြစ်ပြီး သေးငယ်တဲ့ အချက်အလက်အချို့ကိုသာ အပြီးသတ်ဖို့ ကျန်တော့တာဖြစ်တယ်လို့ သိရပါတယ်။ ဘူကာယို ဆာကာဟာ လူငယ်ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်မှာ Transfermarkt ရဲ့ ဖော်ပြချက်အရ ယူရိုသန်း ၁၀၀ ဝန်းကျင် တန်ကြေး ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ဂန်းနားတွေအတွက် ၁၄၂ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဝီလီယံ ဂါးလက်စ်က ဒီနေ့ ဈေးကွက်ထဲမှာ ကစားသမားတွေရဲ့ တန်ဖိုး သတ်မှတ်တာနဲ့ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ ယုံကြည်နေပြီး ဆာကာကို ဥပမာအဖြစ် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဂန္တဝင် နောက်ခံကစားသမားက ဆုဖလား အနိုင်ရရှိထားခြင်းမရှိမှုကြောင့ ဆာကာရဲ့ ပြောင်းရွှေ့ကြေးဟာ လက်ရှိ သတ်မှတ်ခံထားရတာထက် ပိုမို နည်းပါးသင့်တယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ကစားသမားတွေရဲ့ တန်ဖိုးသတ်မှတ်မှုတွေနဲ့ပတ်သက်ပြီး အမြဲတမ်း ပြဿနာရှိခဲ့တယ်။ ဆာကာက အသက် ၂၁ နှစ်အရွယ်မှာ ပေါင်သန်း ၁၀၀ နီးပါး တန်နေပြီးဆိုရင် အခု နှုန်းအတိုင်း သူ ဆက်ပြီးတော့ တိုးတက်သွားမယ်ဆိုရင် နောက်ထပ် ၅ နှစ်ကျရင် သူ့ရဲ့တန်ဖိုးက ဘယ်လောက်ဖြစ်နေမှာလဲ။ ပေါင်သန်း ၃၀၀ လား။ ၄၀၀ လား။ လုပ်ကြစမ်းပါ။ ဒါက ရယ်စရာကောင်းပါတယ်။ တစ်ခါတလေ အသင်းတွေက အရမ်းကို ပါးနပ်ပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက ကစားသမားတွေကို ဈေးကြီးပေးပြီး ခေါ်ချင်နေကြလို့ပါ။ ဒါပေမယ့် တစ်ခါတလေ ဒီလိုကစားသမားတွေက ပျောက်ကွယ်သွားတတ်တယ်”
“ကျွန်တော် ဆာကာလိုမျိုး ပွဲစဉ်တိုင်းမှာ တိုးတက်နေတဲ့ အရမ်းကောင်းတဲ့ လူငယ်ကစားသမားမျိုးကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်မသွားစေချင်ပါဘူး။ သူ့အပေါ်မှာ အရမ်းကြီး ဖိအားတွေ မပေးကြပါနဲ့။ ဒီလို ဖိအားတွေက အမြဲတမ်း မီဒီယာတွေဆီကနေ လာပြီး ကစားသမားတွေအပေါ်မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာ ခင်ဗျား ဘယ်တော့မှ မသိနိုင်ဘူး။ ခင်ဗျား ကစားသမားတွေကို သက်သေပြဖို့အတွက်၊ အတွေ့အကြုံတွေပိုရဖို့အတွက်၊ သန်မာလာဖို့အတွက်၊ သူတို့ပုခုံးပေါ်က ဖိအားတွေအားလုံးကို ဖြေရှင်းနိုင်ဖို့အတွက် အချိန်ပေးဖို့ လိုတယ်”
“ခရစ္စတီယာနို ရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းတဲ့အချိန်မှာ အရမ်း အားကောင်းမောင်းသန်ဖြစ်နေခဲ့တယ်။ သူဆို ဘလွန်ဒေါတောင် ရပြီးနေပြီ။ သူ့ရဲ့ တန်ဖိုးက ပေါင်သန်း ၈၀ ဝန်းကျင်ပဲရှိခဲ့ပြီး အဲဒါက သူ့ရဲ့ တန်ဖိုးအစစ်အမှန်ပါ။ ဒီနေ့ခေတ်ကျတော့ ပေါင်သန်း ၁၀၀ တန်ဆိုတဲ့ကစားသမားတွေက ဘာဆုဖလားမှ မရသေးတဲ့ကောင်တွေချည်းပဲ။ အဲဒါကြောင့် ကျွန်တော် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရှိနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ေနာက္ခံကစားသမားေဟာင္း ဝီလီယံ ဂါးလက္စ္က ဂန္းနားၾကယ္ပြင့္ ဘူကာယို ဆာကာဟာ လက္ရွိ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ရွိသင့္တဲ့ေဈးႏႈန္းထက္ ပိုမ်ားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ဆာကာဟာ ယခုရာသီ အာဆင္နယ္ရဲ႕ ထိပ္တန္းၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္ ၂၆ ပြဲမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ထားတဲ့ ကစားသမား ျဖစ္ပါတယ္။ The Athletic ရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အာဆင္နယ္နဲ႔ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီလိုက္ၿပီလို႔ သိရၿပီး ဆာကာရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ ဆာကာရဲ႕ စာခ်ဳပ္သစ္ကို အၿပီးသတ္ႏိုင္ျခင္းမရွိေသးေပမယ့္လည္း သေဘာတူညီမႈကေတာ့ ရရွိထားၿပီးျဖစ္ၿပီး ေသးငယ္တဲ့ အခ်က္အလက္အခ်ိဳ႕ကိုသာ အၿပီးသတ္ဖို႔ က်န္ေတာ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဘူကာယို ဆာကာဟာ လူငယ္ထိပ္တန္းကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ Transfermarkt ရဲ႕ ေဖာ္ျပခ်က္အရ ယူ႐ိုသန္း ၁၀၀ ဝန္းက်င္ တန္ေၾကး ရွိတယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း ၂၀၀၆ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အတြင္း ဂန္းနားေတြအတြက္ ၁၄၂ ပြဲ ပါဝင္ကစားေပးခဲ့တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ဝီလီယံ ဂါးလက္စ္က ဒီေန႔ ေဈးကြက္ထဲမွာ ကစားသမားေတြရဲ႕ တန္ဖိုး သတ္မွတ္တာနဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတယ္လို႔ ယုံၾကည္ေနၿပီး ဆာကာကို ဥပမာအျဖစ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ဂႏၲဝင္ ေနာက္ခံကစားသမားက ဆုဖလား အႏိုင္ရရွိထားျခင္းမရွိမႈေၾကာင့ ဆာကာရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ လက္ရွိ သတ္မွတ္ခံထားရတာထက္ ပိုမို နည္းပါးသင့္တယ္လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ ကစားသမားေတြရဲ႕ တန္ဖိုးသတ္မွတ္မႈေတြနဲ႔ပတ္သက္ၿပီး အၿမဲတမ္း ျပႆနာရွိခဲ့တယ္။ ဆာကာက အသက္ ၂၁ ႏွစ္အ႐ြယ္မွာ ေပါင္သန္း ၁၀၀ နီးပါး တန္ေနၿပီးဆိုရင္ အခု ႏႈန္းအတိုင္း သူ ဆက္ၿပီးေတာ့ တိုးတက္သြားမယ္ဆိုရင္ ေနာက္ထပ္ ၅ ႏွစ္က်ရင္ သူ႔ရဲ႕တန္ဖိုးက ဘယ္ေလာက္ျဖစ္ေနမွာလဲ။ ေပါင္သန္း ၃၀၀ လား။ ၄၀၀ လား။ လုပ္ၾကစမ္းပါ။ ဒါက ရယ္စရာေကာင္းပါတယ္။ တစ္ခါတေလ အသင္းေတြက အရမ္းကို ပါးနပ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အားလုံးက ကစားသမားေတြကို ေဈးႀကီးေပးၿပီး ေခၚခ်င္ေနၾကလို႔ပါ။ ဒါေပမယ့္ တစ္ခါတေလ ဒီလိုကစားသမားေတြက ေပ်ာက္ကြယ္သြားတတ္တယ္”
“ကြၽန္ေတာ္ ဆာကာလိုမ်ိဳး ပြဲစဥ္တိုင္းမွာ တိုးတက္ေနတဲ့ အရမ္းေကာင္းတဲ့ လူငယ္ကစားသမားမ်ိဳးကို လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ေပ်ာက္ကြယ္မသြားေစခ်င္ပါဘူး။ သူ႔အေပၚမွာ အရမ္းႀကီး ဖိအားေတြ မေပးၾကပါနဲ႔။ ဒီလို ဖိအားေတြက အၿမဲတမ္း မီဒီယာေတြဆီကေန လာၿပီး ကစားသမားေတြအေပၚမွာ ဘယ္ေလာက္အထိ အက်ိဳးသက္ေရာက္မႈရွိလဲဆိုတာ ခင္ဗ်ား ဘယ္ေတာ့မွ မသိႏိုင္ဘူး။ ခင္ဗ်ား ကစားသမားေတြကို သက္ေသျပဖို႔အတြက္၊ အေတြ႕အႀကဳံေတြပိုရဖို႔အတြက္၊ သန္မာလာဖို႔အတြက္၊ သူတို႔ပုခုံးေပၚက ဖိအားေတြအားလုံးကို ေျဖရွင္းႏိုင္ဖို႔အတြက္ အခ်ိန္ေပးဖို႔ လိုတယ္”
“ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက မန္ခ်က္စတာယူႏိုက္တက္ကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းတဲ့အခ်ိန္မွာ အရမ္း အားေကာင္းေမာင္းသန္ျဖစ္ေနခဲ့တယ္။ သူဆို ဘလြန္ေဒါေတာင္ ရၿပီးေနၿပီ။ သူ႔ရဲ႕ တန္ဖိုးက ေပါင္သန္း ၈၀ ဝန္းက်င္ပဲရွိခဲ့ၿပီး အဲဒါက သူ႔ရဲ႕ တန္ဖိုးအစစ္အမွန္ပါ။ ဒီေန႔ေခတ္က်ေတာ့ ေပါင္သန္း ၁၀၀ တန္ဆိုတဲ့ကစားသမားေတြက ဘာဆုဖလားမွ မရေသးတဲ့ေကာင္ေတြခ်ည္းပဲ။ အဲဒါေၾကာင့္ ကြၽန္ေတာ္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- News
- Team News