စီးတီးနဲ့ဂန်းနားတို့အတွက် အနာဂတ်အပေါ်ကြီးမားတဲ့သဲလွန်စပေးလိုက်တဲ့ ရိုက်စ် coyg

စီးတီးနဲ့ဂန်းနားတို့အတွက် အနာဂတ်အပေါ်ကြီးမားတဲ့သဲလွန်စပေးလိုက်တဲ့ ရိုက်စ်

နွေရာသီအပြောင်းအရွှေ့စျေးကွက် အဖွင့်ရက်သတ္တပတ်စစချင်းမှာပဲ ဒီကလန် ရိုက်စ်ရဲ့ အနာဂတ်ဟာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းက အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းက ကမ်းလှမ်းမှု ၂ ကြိမ်အထိ ပယ်ချခဲ့ပြီးဖြစ်ပါတယ်။

ဂန်းနားတွေဟာ ကွင်းလယ်ကြယ်ပွင့်အတွက် ဝက်စ်ဟမ်းအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကို ပေးချေလိုတဲ့ဆန္ဒမရှိခြင်းက မန်ချက်စတာစီးတီးကို ဒီကလန် ရိုက်စ်အပေါ် စိတ်ဝင်စားမှုကို အရှိန်မြှင့်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဖလား ၃ လုံး ချန်ပီယံတွေဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်သွားတော့မှာဖြစ်ပြီး ဒီကလန် ရိုက်စ်ဟာ အာတီတာရဲ့ ပထမဦးစားပေးခေါ်ယူမှုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ အခုဆိုရင် ၆ လလောက်ရှိပြီဖြစ်ပါတယ်။

ဂရာနစ် ချာကာနဲ့ သောမတ်စ် ပါတေးတို့ ၂ ဦးစလုံးကလည်း ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ဆင်နေတာကြောင့် အာဆင်နယ်ဟာ ကွင်းလယ်မှာ လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ လိုအပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးက ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ထွက်ပေါ်လာတာက အာဆင်နယ်အသင်းအတွက် အဓိကပစ်မှတ်ကို ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ နှစ်သင်းထဲက တစ်သင်းကို ပြောင်းရွှေ့ချင်တာကြောင့် တံခါးဖွင့်ထားတယ်လို့ သိရပါတယ်။

အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ ဒီကလန် ရိုက်စ်က လူမှုကွန်ရက်ပေါ်မှာ နောက်ထပ် သဲလွန်စတစ်ခု ပေးခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်း ပရိသတ်တွေဟာ အင်္ဂလန်ကွင်းလယ်ကစားသမားက အနောက်လန်ဒန်ကလပ်အသင်းကို စွန့်ခွာချင်တဲ့ဆန္ဒကို သဲလွန်စပေးတဲ့အနေနဲ့ ၎င်းရဲ့ တွစ်တာအကောင့်ကို ကြာသပတေးနေ့မှာ အပြောင်းအလဲလုပ်ခဲ့တာကို သတိပြုမိခဲ့ကြတာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ရဲ့ တွစ်တာအကောင့်က ကာဗာပုံအသစ်ဟာ ဝက်စ်ဟမ်းကစားသမားဘဝတလျှောက် ဖြတ်သန်းခဲ့ရတဲ့ ပုံအမျိုးမျိုးပါဝင်တဲ့ ဂရပ်ဖစ်ဓာတ်ပုံဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ လန်ဒန်ကလပ်အသင်းအတွက် ၂၀၁၆-၂၀၁၇ ရာသီကုန်မှာ ပွဲဦးထွက်ခွင့်ရရှိခဲ့ပြီးနောက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ယခုရာသီအစောပိုင်းမှာ ဒီကလန် ရိုက်စ်က ၎င်းရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော်တွေနဲ့ ထိပ်တန်းပြိုင်ပွဲအကြောင်း စကားပြောဆိုခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်တယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ချန်ပီယံလိဂ်မှာ ၁၀၀ ရာခိုင်နှုန်း ကစားချင်ပါတယ်။ အဲဒါကို ကျွန်တော် ပြောနေတာ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကတည်းကပါ။ ကျွန်တော့်အသင်းအတွက် ပုံမှန်ခြေစွမ်းကောင်း ပြသခဲ့ပြီး ကျွန်တော် ဆက်ပြီးတော့ တွန်းအားပေးလုပ်ဆောင်သွားချင်တယ်လို့ ခံစားရတယ်။ ကြီးမားတဲ့ ဆုဖလားတွေအတွက်နဲ့ ချန်ပီယံလိဂ်ကစားနေတဲ့ ဒီက(လက်ရွေးစင်အသင်း)ကျွန်တော့် သူငယ်ချင်းတွေကို မြင်ရတယ်။ ခင်ဗျားမှာ ကစားသမားဘဝက တစ်ကြိမ်ပဲ ရနိုင်မှာဖြစ်ပြီး အဆုံးမှာတော့ ခင်ဗျား ဘာတွေ အနိုင်ရခဲ့လဲနဲ့ ခင်ဗျား ပါဝင်ကစားပေးခဲ့တဲ့ အကြီးမားဆုံးပွဲစဉ်တွေကို ပြန်ပြီး ကြည့်ချင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet