စိုးရိမ်စရာ ဒဏ်ရာသတင်း ၂ ခုကို အတည်ပြုခဲ့တဲ့ အာတီတာ
အာဆင်နယ်အသင်းဟာ နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မာတင် အော်ဒီဂွါဒ်နဲ့ ထရော့ဆာ့ဒ်တို့ရဲ့ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေရတယ်လို့ အာတီတာက အတည်ပြု ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ ကြာသပတေးနေ့ညက ရာသီကြို ခြေစမ်းပွဲအဖြစ် ဂျာမနီမှာ နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ စိတ်ပျက်စရာ စွမ်းဆောင်ရည်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပြီး ပွဲမကစားခင်ကတည်းက မာတင် အော်ဒီဂွါဒ်ဟာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပွဲထွက်လူစာရင်းထဲကနေ နုတ်ထွက်ခဲ့ရတဲ့အတွက် ဗီယာရာက ဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။
အာတီတာက ထရော့ဆာ့ဒ်ကလည်း မက်စ် မားလော့ခ်ကွင်းမှာ နာရီပိုင်းအကြာ ကစားပေးခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
“အိုဒီနဲ့ လီယိုတို့က ရုန်းကန်နေရပါတယ်။ ကျွန်တော်တို့ ဒီအပတ်ထဲမှာ တခြားကစားသမားတွေလည်း ဒဏ်ရာရခဲ့တာရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သတိကြီးကြီးထားရပါမယ်။ ခုက ရာသီကြိုဖြစ်ပြီး သူတို့ထဲက အချို့က လေ့ကျင့်ရေး ၂ ချိန်၊ ၃ ချိန်လောက်ပဲ ဆင်းရသေးတာပါ။ အဲဒီတော့ ကျွန်တော်တို့ တစ်ဆင့်ချင်းစီ သွားရမှာပါ။”
အာတီတာက အော်ဒီဂွါဒ်ဟာ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ရေးဆင်းနေတုန်းမှာ ဘယ်ဖက် ခြေသလုံး ဒဏ်ရာရရှိသွားပြီးနောက် ပွဲကစားဖို့ လုံလောက်တဲ့ သက်တောင့်သက်သာရှိမှု မရှိဘူးလို့ ခံစားခဲ့ရတာဖြစ်ပြီး ထရော့ဆာ့ဒ်ရဲ့ ပြဿနာကလည်း ကြီးမားတဲ့ပြဿနာမဟုတ်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဇင်ချန်ကိုက နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မပါဝင်ခဲ့တဲ့ ကစားသမားအများအပြားထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ခြေသလုံး ဒဏ်ရာရရှိသွားခဲ့မှုကို ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဂါဘရီယဲလ် မာတီနယ်လီ၊ မိုဟာမက် အယ်လ်နန်နီ၊ တိုမီယဆုတို့အားလုံးကလည်း လေ့ကျင့်ရေး ပြန်ဆင်းနေကြပြီဖြစ်ပေမယ့်လည်း နုရင်ဘတ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး ဟိုးဒင်းနဲ့ မားကင်ညို့စ်တို့လည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။
ဘူကာယို ဆာကာက ပထမပိုင်း အစောပိုင်းမှာ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်း ခံခဲ့ရပေမယ့် ပြဿနာကြီးကြီးမားမား ရှိပုံမပေါ်တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet