စာချုပ်သစ်ကြောင့် အာဆင်နယ်ရဲ့လစာအမြင့်မားဆုံးကစားသမားဖြစ်လာတော့မယ့် ဆာကာ coyg

စာချုပ်သစ်ကြောင့် အာဆင်နယ်ရဲ့လစာအမြင့်မားဆုံးကစားသမားဖြစ်လာတော့မယ့် ဆာကာ

ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ကို ချုပ်ဆိုတဲ့အချိန်ကျရင် တစ်ရာသီကို ပေါင် ၁၅ သန်းနီးပါးအထိ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆာကာဟာ ယခုရာသီမှာ အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာသူဖြစ်ပြီး တနင်္ဂနွေနေ့က ယူကရိန်းနဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့သွင်းဂိုးနဲ့ ဥရောပဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက Sportsmail က ဆာကာဟာ အနည်းဆုံး တစ်နှစ်ကို ပေါင် ၁၀ သန်းတန်ကြေးရှိတဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပေမယ့်လည်း သတင်းရင်းမြစ်တွေက ၎င်းရဲ့ စာချုပ်တန်ဖိုးအမှန်က ဆုကြေးငွေတွေနဲ့ အခြားပေးချေမှုအပါအဝင် ပေါင် ၁၅ သန်းနီးပါးရှိတယ်လို့ သိရပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းဝန်းကျင်အထိ ရရှိမှာဖြစ်ပါတယ်။

စာချုပ်သစ် ချုပ်ဆိုလိုက်တာနဲ့ ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းမှာ လစာ အကောင်းဆုံး ကစားသမားဖြစ်လာတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းသမိုင်းမှာလည်း လစာအမြင့်မားဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာကာရဲ့ စာချုပ်သစ်ဟာ အရင်တုန်းက အိုဇေးလ်ရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ ကိုတော့ မီမှာမဟုတ်သေးဘဲ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် အရေးကြီးတဲ့ ကစားသမားဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

မန်စီးတီးအပါအဝင် ကလပ်အသင်းအများအပြားက လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆာကာရဲ့ အနာဂတ်ကို အနီးကပ်စောင့်ကြည့်နေခဲ့ကြတာဖြစ်ပေမယ့် အင်္ဂလန်ကြယ်ပွင့်က နည်းပြ အာတီတာလက်အောက်မှာ အသင်းရဲ့ ဦးတည်ချက်ကို ယုံကြည်မှုရှိနေခဲ့တာကြောင့် မြောက်လန်ဒန်မှာပဲ ဆက်ရှိနေချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ၎င်းရဲ့ ကစားသမားဘဝ ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ကစားချင်နေပြီဖြစ်ပြီး ဂန်းနားတွေဟာ ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပထိပ်တန်းပြိုင်ပွဲကို ဝင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet