စပို့တင်းနဲ့ ပ အကျော့မှာ အမှားလုပ်ခဲ့တဲ့ ကစားသမားကို ကစားခွင့်ထပ်ပေးဖွယ်ရှိနေတဲ့ အာတီတာနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
အာဆင်နယ်ဂန္တဝင်ကစားသမားကြီး မာတင် ကီရွန်က မန်ချက်စတာစီးတီးကစားသမားတွေဟာ အာဆင်နယ်အသင်းက ဖူလ်ဟမ်အသင်းကို ဂိုးပြတ်နိုင်တဲ့ပွဲကို ကြည့်ပြီး စိတ်ထဲ တခုခုခံစားနေကြရမယ်လို့ ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အသင်းအဖြစ် ပပ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းတစ်သင်းထဲရှိရာကနေ ယခုအခါ နောက်ထပ် တစ်သင်း အဖြစ်အာဆင်နယ်အသင်းပေါ်လာပြီလို့ သူတို့ စိတ်ထဲ ရှိနေကြပြီလို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။
ကီရွန်က “အာဆင်နယ်အသင်းဟာ ၃ ဂိုးပြတ်နိုင်ပေမယ့် တကယ်က အရမ်းကောင်းတဲ့ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတာပါ။ ဖူလ်ဟမ်မှာ ပေါ်လင်ညာ မပါနိုင်ဘူးဆိုတာထက် အာဆင်နယ်အသင်းရဲ့ Pressing ကစားပုံနဲ့ ရွေ့လျားမှုတွေက အရမ်းကောင်းနေခဲ့လို့ မယှဉ်နိုင်ခဲ့တာပါ။ ထရော့စ်ဆာ့ဒ်အနေနဲ့ ဘောလုံးကို တလုံးမှ မဆုံးရှုံးစေခဲ့တာတွေ့ရသလို ဂိုးရဖို့ ၃ ကြိမ် ဖန်တီးပေးခဲ့နိုင်တယ်။ ဒီပွဲက အသည်းပေါက်မတတ်ယှဉ်ပြိုင်လေ့ရှိတဲ့ ဒါဘီပွဲစစ်စစ်တွေထဲက တပွဲပါ။ ဖူလ်ဟမ်က အာဆင်နယ်ရဲ့ မျက်နှာပေါ်က အပြုံးတွေကို ဖျက်ဆီးဖို့ လုပ်ခဲ့ပေမယ့် လက်လျော့ခဲ့ရတယ်။ ဂိုးသွင်းသာ သေချာရင် ပထမပိုင်းမှာတင် ၆ ဂိုး ၇ ဂိုးလောက်ထိ ဖြစ်သွားနိုင်တယ်။ အံ့သြစရာခြေစွမ်းပါပဲ။”လို့ ချီးကျူးပြောခဲ့ပါတယ်။
ကီယွန်က ဆက်လက်ပြီး ” ဒါက အထင်ကြီးစရာ ပါပဲ။ တခြားသူတွေထက် မန်စီးတီးကစားသမားတွေက အာဆင်နယ်ခြေစွမ်းကို ကြည့်ပြီး တအံ့တသြဖြစ်ကြလိမ့်မယ်။ လွန်ခဲ့တဲ့ လေး ငါးနှစ်က ခုလိုပုံစံနဲ့ ပရီးမီးယားလိဂ်မှာ အံ့သြဖွယ်ဖြစ်စေခဲ့တဲ့ သူတို့ မန်စီးတီးအသင်းကို အမှတ်ရသွားစေမှာမလို့ပါ” ခုလက်ရှိက မန်ချက်စတာစီးတီးက ဖလားကိုင်ဆောင်ထားသူတွေပါ။ အာဆင်နယ်က ရာသီကုန်ထိ ခုလိုဆက်သွားပြီး ဖလားပိုင်ဆိုင်သူတွေဖြစ်လာမယ် ကျွန်တော်ထင်တယ်”လို့ ထပ်လောင်းပြောခဲ့ပါတယ်။
လာမည့် ကြာသပတေးညမှာ စပို့တင်းလစ္စဘွန်းနဲ့ အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ် ဒုတိယအကျော့မှာ နည်းပြအာတီတာအနေနဲ့ ကစားသမားသစ် ခီဗီယောကို ပွဲထွက်ခွင့်ပေးလိမ့်ဦးမယ်လို့ သတင်းများက ဆိုပါတယ်။ ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပထမအကျော့မှာ နည်းပြအာတီတာဟာ ခီဗီယောကို ပွဲဦးထွက် ပွဲထွက်ကစားစေခဲ့ပေမယ့် အသက် ၂၃ နှစ်အရွယ်နောက်ခံကစားသမားဟာ ခြေစွမ်းအကောင်းဆုံးတော့ ပြနိုင်ခဲ့ခြင်းမရှိပဲ အမှားအနည်းငယ်လည်း ရှိခဲ့ပါတယ်။ နည်းပြအာတီတာအနေနဲ့ ခီဗီယောကို ဖူလ်ဟမ်နဲ့ပွဲမှာ အရန်စာရင်းမှာပါ မခေါ်သွားရခြင်းမှာ ပရီးမီးယားလိဂ်ရဲ့ ကစားသမား ၂၀ ယောက်သာ လူစာရင်းမှာ ပါဝင်ရမယ်ဆိုတဲ့ စည်းမျဉ်းကြောင့် ဒဏ်ရာက ပြန်ကောင်းလာတဲ့ ဂျေးဇုကိုပါ ခေါ်ယူသွားရတဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ယူအီးအက်ဖ်ရဲ့ စည်းမျဉ်းတွေကတော့ ကွဲပြားခြားနားပြီး လူစာရင်းမှာ ၂၃ ယောက်ထိ ထည့်သွင်းနိုင်တယ်ဆိုတာကြောင့် ခီဗီယောကို လာမယ့် သောကြာနေ့ပွဲ လူစာရင်းမှာ နည်းပြအာတီတာအနေနဲ့ ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ပါဝင်ဖို့မရှိတဲ့ အယ်နီလ်နီနဲ့ အန်ကီးတီးယားတို့ အစား လူငယ်ကစားသမားတွေထဲက နှစ်ဦးကို လူစာရင်းထဲ ထည့်သွင်းဖို့လည်း ရှိနေပါတယ်လို့ သတင်းများအရ သိရှိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ဂိုးသမားကြီးတွေဖြစ်တဲ့ ဒေးဗစ်ဆီးမန်းနဲ့ ဘော့ ဝဲလ်ဆန်တို့ဟာ အာဆင်နယ်အသင်းလေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ကြပြီး London Football Award 2023 မှာ အကောင်းဆုံး ဂိုးသမားဆုရရှိခဲ့တဲ့ အာရွမ် ရမ်စ်ဒေးလ်နဲ့ နေ့လည်စာ အတူစားခဲ့ကြတယ်လို့ သိရှိရပါတယ်။ အသက် ၈၂ အရွယ်ရှိ ဘော့ ဝဲလ်ဆန်ဟာ အာဆင်နယ်အသင်းမှာ ၁၉၆၃ မှ ၁၉၇၄ ထိ ပွဲပေါင်း ၃၁၀ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ ယူရိုပီယမ် ဖဲလ်စ်ဖလား ၁ ကြိမ်ရရှိခဲ့ပါတဲ့ ဂန္တဝင် ဂိုးသမားကြီး တစ်ဦးဖြစ်ပါတယ်။ ဒေးဗစ်ဆီးမန်းကတော့ အာဆင်နယ်အသင်းမှာ ၁၉၉၀ ကနေ ၂၀၀၃ ထိ ပွဲပေါင်း ၄၀၅ ပွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်၊ European Cup Winners’ Cup ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၃ ကြိမ် တိတိ အတူတကွ ရယူနိုင်ခဲ့တဲ့ ဂန္တဝင် ဂိုးသမားကြီးပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့အဓိကပစ်မှတ် ကစားသမား နှစ်ဦးကို ပြောင်းရွှေ့ကြေး ပိုပေးကာ ကြားဖြတ်ခေါ်ယူသွားခဲ့တဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းဟာ ယခုအခါမှာတော့ အာဆင်နယ်အသင်းရဲ့ ဟေးအန့် အကယ်ဒမီထွက် ခြေစွမ်းထက် အသက် ၁၆ နှစ်အရွယ် ကစားသမားလေး အီသန် ဝမ်နယ်ရီကို ခေါ်ယူဖို့ ပြုလုပ်နေတယ်လို့ သတင်းများ ထွက်ရှိနေပါတယ်။ ကွင်းလယ်တိုက်စစ်၊ ဘယ်တောင်ပံတိုက်စစ်နဲ့ အထောင်တိုက်စစ်တွေမှာ ကစားနိုင်တဲ့ ကြယ်ပွင့်လေး။
နည်းပြအာတီတာအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လူစားဝင်ကစားခွင့်ပေးခဲ့လို့ (၁၅) နှစ်နဲ့ (၁၈၁) ရက်နဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းရေးထိုးထားနိုင်တဲ့ ဒီကစားသမားလေးဟာ ဂန်းနားအသင်းနဲ့ ပညာသင်ဆုသတ်မှတ်ချက်များကို သဘောတူဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ပြိုင်ဘက်အသင်းများက ခေါ်ယူဖို့ စတင်ခြေလှမ်းလှမ်းနိုင်ကြခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းလိုပဲ မန်ချက်စတာစီးတီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းများအရ သိရှိရပါတယ်။
အာဆင်နယ်အသင်းရဲ့နာမည်ကျော် သတင်းထောက် ချားလ် ဝတ်စ် အနေနဲ့ ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးကဲ့သို့ အာဆင်နယ်အသင်းကို Revolution လုပ်ပေးနေတဲ့ လက်ရှိအာဆင်နယ်နည်းပြ အာတီတာအကြောင်းကို ကိုယ်တိုင် ရေးသားထုတ်ဝေမယ့် Revolution: The Rise of Arteta’s Arsenal စာအုပ်ကို သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ဝေတော့မှာ ဖြစ်ပြီး အမေဇုန်ဒေါ့ကွန်း ဒေ့ါယူကေမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ကြောင်း ပြောကြာသွားခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ နည်းပြအာတီတာရဲ့ အာဆင်နယ်ကို ပြန်လည်တည်ဆောက်ရေးကာလအတွင်းက အနိမ့် အမြင့်တွေ၊ ပြဇာတ်ဆန်ဆန် ပြောင်းလဲမှုတွေနဲ့ ရူးလောက်တဲ့ကာလတွေ စတဲ့အဖြစ်အပျက်အကြောင်းအရောတွေ ပါဝင်မယ်လို့ ရေးသားသူ ချားလ်ဝတ်စ်က ပြောခဲ့ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
ZAWGYI:
အာဆင္နယ္ဂႏၲဝင္ကစားသမားႀကီး မာတင္ ကီ႐ြန္က မန္ခ်က္စတာစီးတီးကစားသမားေတြဟာ အာဆင္နယ္အသင္းက ဖူလ္ဟမ္အသင္းကို ဂိုးျပတ္ႏိုင္တဲ့ပြဲကို ၾကည့္ၿပီး စိတ္ထဲ တခုခုခံစားေနၾကရမယ္လို႔ ေျပာခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး အသင္းအျဖစ္ ပပ္ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးအသင္းတစ္သင္းထဲရွိရာကေန ယခုအခါ ေနာက္ထပ္ တစ္သင္း အျဖစ္အာဆင္နယ္အသင္းေပၚလာၿပီလို႔ သူတို႔ စိတ္ထဲ ရွိေနၾကၿပီလို႔ ေျပာခဲ့တာလည္းျဖစ္ပါတယ္။
ကီ႐ြန္က “အာဆင္နယ္အသင္းဟာ ၃ ဂိုးျပတ္ႏိုင္ေပမယ့္ တကယ္က အရမ္းေကာင္းတဲ့ ဖူလ္ဟမ္အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားခဲ့ရတာပါ။ ဖူလ္ဟမ္မွာ ေပၚလင္ညာ မပါႏိုင္ဘူးဆိုတာထက္ အာဆင္နယ္အသင္းရဲ႕ Pressing ကစားပုံနဲ႔ ေ႐ြ႕လ်ားမႈေတြက အရမ္းေကာင္းေနခဲ့လို႔ မယွဥ္ႏိုင္ခဲ့တာပါ။ ထေရာ့စ္ဆာ့ဒ္အေနနဲ႔ ေဘာလုံးကို တလုံးမွ မဆုံးရႈံးေစခဲ့တာေတြ႕ရသလို ဂိုးရဖို႔ ၃ ႀကိမ္ ဖန္တီးေပးခဲ့ႏိုင္တယ္။ ဒီပြဲက အသည္းေပါက္မတတ္ယွဥ္ၿပိဳင္ေလ့ရွိတဲ့ ဒါဘီပြဲစစ္စစ္ေတြထဲက တပြဲပါ။ ဖူလ္ဟမ္က အာဆင္နယ္ရဲ႕ မ်က္ႏွာေပၚက အၿပဳံးေတြကို ဖ်က္ဆီးဖို႔ လုပ္ခဲ့ေပမယ့္ လက္ေလ်ာ့ခဲ့ရတယ္။ ဂိုးသြင္းသာ ေသခ်ာရင္ ပထမပိုင္းမွာတင္ ၆ ဂိုး ၇ ဂိုးေလာက္ထိ ျဖစ္သြားႏိုင္တယ္။ အံ့ၾသစရာေျခစြမ္းပါပဲ။”လို႔ ခ်ီးက်ဴးေျပာခဲ့ပါတယ္။
ကီယြန္က ဆက္လက္ၿပီး ” ဒါက အထင္ႀကီးစရာ ပါပဲ။ တျခားသူေတြထက္ မန္စီးတီးကစားသမားေတြက အာဆင္နယ္ေျခစြမ္းကို ၾကည့္ၿပီး တအံ့တၾသျဖစ္ၾကလိမ့္မယ္။ လြန္ခဲ့တဲ့ ေလး ငါးႏွစ္က ခုလိုပုံစံနဲ႔ ပရီးမီးယားလိဂ္မွာ အံ့ၾသဖြယ္ျဖစ္ေစခဲ့တဲ့ သူတို႔ မန္စီးတီးအသင္းကို အမွတ္ရသြားေစမွာမလို႔ပါ” ခုလက္ရွိက မန္ခ်က္စတာစီးတီးက ဖလားကိုင္ေဆာင္ထားသူေတြပါ။ အာဆင္နယ္က ရာသီကုန္ထိ ခုလိုဆက္သြားၿပီး ဖလားပိုင္ဆိုင္သူေတြျဖစ္လာမယ္ ကြၽန္ေတာ္ထင္တယ္”လို႔ ထပ္ေလာင္းေျပာခဲ့ပါတယ္။
လာမည့္ ၾကာသပေတးညမွာ စပို႔တင္းလစၥဘြန္းနဲ႔ အမ္းမရိတ္စ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားမယ့္ ယူ႐ိုပါလိဂ္ ဒုတိယအေက်ာ့မွာ နည္းျပအာတီတာအေနနဲ႔ ကစားသမားသစ္ ခီဗီေယာကို ပြဲထြက္ခြင့္ေပးလိမ့္ဦးမယ္လို႔ သတင္းမ်ားက ဆိုပါတယ္။ ေပၚတူဂီေျမမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ ပထမအေက်ာ့မွာ နည္းျပအာတီတာဟာ ခီဗီေယာကို ပြဲဦးထြက္ ပြဲထြက္ကစားေစခဲ့ေပမယ့္ အသက္ ၂၃ ႏွစ္အ႐ြယ္ေနာက္ခံကစားသမားဟာ ေျခစြမ္းအေကာင္းဆုံးေတာ့ ျပႏိုင္ခဲ့ျခင္းမရွိပဲ အမွားအနည္းငယ္လည္း ရွိခဲ့ပါတယ္။ နည္းျပအာတီတာအေနနဲ႔ ခီဗီေယာကို ဖူလ္ဟမ္နဲ႔ပြဲမွာ အရန္စာရင္းမွာပါ မေခၚသြားရျခင္းမွာ ပရီးမီးယားလိဂ္ရဲ႕ ကစားသမား ၂၀ ေယာက္သာ လူစာရင္းမွာ ပါဝင္ရမယ္ဆိုတဲ့ စည္းမ်ဥ္းေၾကာင့္ ဒဏ္ရာက ျပန္ေကာင္းလာတဲ့ ေဂ်းဇုကိုပါ ေခၚယူသြားရတဲ့အတြက္ျဖစ္တယ္လို႔ ဆိုပါတယ္။ ယူအီးအက္ဖ္ရဲ႕ စည္းမ်ဥ္းေတြကေတာ့ ကြဲျပားျခားနားၿပီး လူစာရင္းမွာ ၂၃ ေယာက္ထိ ထည့္သြင္းႏိုင္တယ္ဆိုတာေၾကာင့္ ခီဗီေယာကို လာမယ့္ ေသာၾကာေန႔ပြဲ လူစာရင္းမွာ နည္းျပအာတီတာအေနနဲ႔ ထည့္သြင္းလာမွာ ျဖစ္ပါတယ္။ ဒဏ္ရာေၾကာင့္ ပါဝင္ဖို႔မရွိတဲ့ အယ္နီလ္နီနဲ႔ အန္ကီးတီးယားတို႔ အစား လူငယ္ကစားသမားေတြထဲက ႏွစ္ဦးကို လူစာရင္းထဲ ထည့္သြင္းဖို႔လည္း ရွိေနပါတယ္လို႔ သတင္းမ်ားအရ သိရွိရပါတယ္။
အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္ ဂိုးသမားႀကီးေတြျဖစ္တဲ့ ေဒးဗစ္ဆီးမန္းနဲ႔ ေဘာ့ ဝဲလ္ဆန္တို႔ဟာ အာဆင္နယ္အသင္းေလ့က်င့္ေရးကြင္းကို ေရာက္ရွိလာခဲ့ၾကၿပီး London Football Award 2023 မွာ အေကာင္းဆုံး ဂိုးသမားဆုရရွိခဲ့တဲ့ အာ႐ြမ္ ရမ္စ္ေဒးလ္နဲ႔ ေန႔လည္စာ အတူစားခဲ့ၾကတယ္လို႔ သိရွိရပါတယ္။ အသက္ ၈၂ အ႐ြယ္ရွိ ေဘာ့ ဝဲလ္ဆန္ဟာ အာဆင္နယ္အသင္းမွာ ၁၉၆၃ မွ ၁၉၇၄ ထိ ပြဲေပါင္း ၃၁၀ ကစားေပးခဲ့ၿပီး ပရီးမီးယားလိဂ္ ဖလား ၁ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္နဲ႔ ယူ႐ိုပီယမ္ ဖဲလ္စ္ဖလား ၁ ႀကိမ္ရရွိခဲ့ပါတဲ့ ဂႏၲဝင္ ဂိုးသမားႀကီး တစ္ဦးျဖစ္ပါတယ္။ ေဒးဗစ္ဆီးမန္းကေတာ့ အာဆင္နယ္အသင္းမွာ ၁၉၉၀ ကေန ၂၀၀၃ ထိ ပြဲေပါင္း ၄၀၅ ပြဲ ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ ဖလား ၃ ႀကိမ္၊ အက္ဖ္ေအဖလား ၄ ႀကိမ္၊ လိဂ္ဖလား ၁ ႀကိမ္၊ European Cup Winners’ Cup ၁ ႀကိမ္၊ ကြန္ျမဴနတီဒိုင္း ၃ ႀကိမ္ တိတိ အတူတကြ ရယူႏိုင္ခဲ့တဲ့ ဂႏၲဝင္ ဂိုးသမားႀကီးပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္အသင္းရဲ႕အဓိကပစ္မွတ္ ကစားသမား ႏွစ္ဦးကို ေျပာင္းေ႐ႊ႕ေၾကး ပိုေပးကာ ၾကားျဖတ္ေခၚယူသြားခဲ့တဲ့ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းဟာ ယခုအခါမွာေတာ့ အာဆင္နယ္အသင္းရဲ႕ ေဟးအန႔္ အကယ္ဒမီထြက္ ေျခစြမ္းထက္ အသက္ ၁၆ ႏွစ္အ႐ြယ္ ကစားသမားေလး အီသန္ ဝမ္နယ္ရီကို ေခၚယူဖို႔ ျပဳလုပ္ေနတယ္လို႔ သတင္းမ်ား ထြက္ရွိေနပါတယ္။ ကြင္းလယ္တိုက္စစ္၊ ဘယ္ေတာင္ပံတိုက္စစ္နဲ႔ အေထာင္တိုက္စစ္ေတြမွာ ကစားႏိုင္တဲ့ ၾကယ္ပြင့္ေလး။ နည္းျပအာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ စက္တင္ဘာလက ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ လူစားဝင္ကစားခြင့္ေပးခဲ့လို႔ (၁၅) ႏွစ္နဲ႔ (၁၈၁) ရက္နဲ႔ ပရီးမီးယားလိဂ္မွာ ကစားခြင့္ရတဲ့ အသက္အငယ္ဆုံး ကစားသမားအျဖစ္ မွတ္တမ္းေရးထိုးထားႏိုင္တဲ့ ဒီကစားသမားေလးဟာ ဂန္းနားအသင္းနဲ႔ ပညာသင္ဆုသတ္မွတ္ခ်က္မ်ားကို သေဘာတူဖို႔ ျငင္းဆန္ခဲ့တဲ့အတြက္ ၿပိဳင္ဘက္အသင္းမ်ားက ေခၚယူဖို႔ စတင္ေျခလွမ္းလွမ္းႏိုင္ၾကျခင္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းလိုပဲ မန္ခ်က္စတာစီးတီးအသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းမ်ားအရ သိရွိရပါတယ္။
အာဆင္နယ္အသင္းရဲ႕နာမည္ေက်ာ္ သတင္းေထာက္ ခ်ားလ္ ဝတ္စ္ အေနနဲ႔ ဂႏၲဝင္နည္းျပႀကီး အာဆင္ဝင္းဂါးကဲ့သို႔ အာဆင္နယ္အသင္းကို Revolution လုပ္ေပးေနတဲ့ လက္ရွိအာဆင္နယ္နည္းျပ အာတီတာအေၾကာင္းကို ကိုယ္တိုင္ ေရးသားထုတ္ေဝမယ့္ Revolution: The Rise of Arteta’s Arsenal စာအုပ္ကို ၾသဂုတ္လ ၃၁ ရက္ေန႔မွာ ထုတ္ေဝေတာ့မွာ ျဖစ္ၿပီး အေမဇုန္ေဒါ့ကြန္း ေဒ့ါယူေကမွာ ႀကိဳတင္မွာယူႏိုင္ၿပီျဖစ္ေၾကာင္း ေျပာၾကာသြားခဲ့ပါတယ္။ ဒီစာအုပ္ထဲမွာ နည္းျပအာတီတာရဲ႔ အာဆင္နယ္ကို ျပန္လည္တည္ေဆာက္ေရးကာလအတြင္းက အနိမ့္ အျမင့္ေတြ၊ ျပဇာတ္ဆန္ဆန္ ေျပာင္းလဲမႈေတြနဲ႔ ရူးေလာက္တဲ့ကာလေတြ စတဲ့အျဖစ္အပ်က္အေၾကာင္းအေရာေတြ ပါ၀င္မယ္လို႔ ေရးသားသူ ခ်ားလ္၀တ္စ္က ေျပာခဲ့ပါတယ္။
ARSENAL MYANMAR
PHOTOS CREDIT
- Posted In:
- News