စပို့တင်းနဲ့ပွဲက စွမ်းဆောင်ရည်နဲ့ ခီဗီယောရဲ့ပွဲဦးထွက်ကို တုံ့ပြန်ခဲ့တဲ့ ဆာလီဘာ
အာဆင်နယ်နောက်ခံလူ ဝီလီယံ ဆာလီဘာဟာ စပို့တင်း လစ္စဘွန်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂန်းနားတွေဟာ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ နောက်တဆင့် တက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
စပို့တင်း လစ္စဘွန်းနဲ့ပွဲမှာ ဇန်နဝါရီ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ခီဗီယော ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ပိုလန်နောက်ခံလူဟာ စပို့တင်းရဲ့ ပထမဆုံးဂိုးမှာ အမှားအချို့ လုပ်ခဲ့ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ ခီဗီယောဟာ ဖြတ်တင်ပေးပို့မှုကို ရှင်းလင်းနိုင်ခြင်းမရှိခဲ့တာကြောင့် ဂွန်ဆာလို အင်နာစီယိုက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပြီး ဂိုးသမား မတ် တန်နာကို ပိုအပြစ်တင်ရမှာဖြစ်ပါလိမ့်မယ်။
အဲဒီဖြစ်စဉ်ကလွဲရင် ယာကုဘ် ခီဗီယေဟာ တခြားအမှား များများစားစား ပြုလုပ်ခဲ့တာမျိုး မရှိဘဲ အာတီတာက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ၆ ခုအထိ ပြုလုပ်ခဲ့ပြီး ပွဲဦးထွက်ကစားသမားတစ်ဦးအနေနဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာလို့ စပိန်လူမျိုးနည်းပြက တွေးခဲ့မိမှာဖြစ်ပါတယ်။
ဂန်းနားနောက်ခံလူ ဝီလီယံ ဆာလီဘာကတော့ စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး အမြင့်ဘောတစ်ဦးချင်းရင်ဆိုင်တိုက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းအနိုင်ရ၊ ဘောလုံးပေးပို့မှု ၉၁ ရာခိုင်နှုန်း တိကျ၊ ဘောလုံးထိတွေ့မှု ၉၅ ကြိမ်၊ ဘောလုံးပိုင်ဆိုင်မှု ၈ ကြိမ်အနိုင်ရ၊ တစ်ဦးချင်း ယှဉ်ပြိုင်မှု ၆ ကြိမ်မှာ ၄ ကြိမ်အနိုင်ရ၊ ရှင်းထုတ်မှု ၄ ကြိမ်၊ တိကျတဲ့အဝေးဘောပေးပို့မှု ၄ ကြိမ်၊ ဂိုးကန်သွင်းမှု ၁ ကြိမ်မှာ သွင်းဂိုး ၁ ဂိုး စတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဝီလီယံ ဆာလီဘာကို BT Sport က အင်တာဗျူးခဲ့ပြီး ဂန်းနားနောက်ခံလူက စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်က စွမ်းဆောင်ရည်၊ အသင်းဖော်သစ် ခီဗီယောရဲ့ ပွဲဦးထွက် ခြေစွမ်းနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မေး- စွမ်းဆောင်ရည်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ- ဒီနေ့က လွယ်ကူတဲ့ပွဲမဟုတ်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပထမဂိုးသွင်းယူခဲ့ပြီးတော့ သူတို့တွေ ၁-၁ ဖြစ်စေမယ့် ချေပဂိုး ပြန်သွင်းခဲ့ပြီး နောက်တော့ ကျွန်တော်တို့ ၂-၁ နဲ့ ဦးဆောင်ခဲ့တယ်။ ကျွန်တော်တို့ အမြဲတမ်း ဘယ်တော့မှ အရှုံးမပေးခဲ့တဲ့အတိုင်းပဲ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပြီး ကျွန်တော်တို့ အိမ်ကွင်းမှာ ပြန်ကစားရမယ့်ပွဲရှိပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့ အရာအားလုံးကို ပေးသွားမှာပါ။ ကျွန်တော်တို့ သွင်းဂိုး ၂ ဂိုးခွင့်ပြုပေးခဲ့ရပြီး အရေးအကြီးဆုံးရာက ကျွန်တော်တို့ မရှုံးနိမ့်ခဲ့တာပါ။ ကျွန်တော်တို့ နောက်ထပ်တစ်ပွဲ ကစားရဦးမှာပါ။
မေး- ဦးဆောင်ဂိုးရပြီးတော့ နောက်ကနေ လိုက်ကစားရတာနဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့လား။
ဖြေ- ပျက်တာပေါ့။ ၂ ဂိုးပေးရတာက အမြဲတမ်း ဆိုးရွားပြီး တစ်လုံးက တည်ကန်ဘောကပေးခဲ့ရပြီး နောက်တစ်လုံးက တန်ပြန်တိုက်စစ်ကပါ။ ဒါပေမယ့် အဲဒါက အဆင်ပြေပါတယ်။ ကျွန်တော်တို့ မရှုံးနိမ့်ခဲ့ဘူး။ အဲဒါက အရေးအကြီးဆုံးအရာဖြစ်ပြီး ကျွန်တော်တို့ လာမယ့်ပွဲကို အိမ်ကွင်းမှာ ကစားသွားရမှာပါ။
မေး- ခီဗီယာနဲ့ အတူတူ တွဲကစားရတာ ဘယ်လိုလဲ။
ဖြေ- ဒါက သူ့ရဲ့ ပထမဆုံးပွဲဖြစ်ပြီး သူ ကောင်းကောင်း ကစားခဲ့ပါတယ်။ ကျွန်တော်လည်း သူနဲ့အတူတူ ပထမဆုံး ကစားခဲ့တာပါ။ ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ ကျွန်တော်တို့ ၂ ဂိုး ခွင့်ပြုခဲ့ရတယ်။ ဒါပေမယ့် ရပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး အဲဒါက ကောင်းပါတယ်။
မေး- ခီဗီယောနဲ့ ဘယ်လောက်များများ လေ့ကျင့်ခဲ့လဲ။
ဖြေ- ကျွန်တော်တို့ အတူတူ အများကြီး လေ့ကျင့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးမှာ ကျွန်တော်တို့ အတွဲတွေကို အမြဲတမ်း ပြောင်းလို့ပါ။ အဲဒါကြောင့် ကျွန်တော်တို့ အတူတူ ကောင်းကောင်း ကစားနိုင်ခဲ့တာပါ။ ပထမဆုံးအကြိမ် သူနဲ့ တွဲကစားရတာက မဆိုးရွားခဲ့ပါဘူး။
မေး- ဒီရလဒ်ကြောင့် အာဆင်နယ်ရဲ့ အခြေအနေကို ဘယ်လိုထင်လဲ။
ဖြေ- အဲဒါက အဆင်ပြေတယ်။ အဆင်ပြေတယ်။ ကျွန်တော်တို့ ဒီမှာ အနိုင်လိုချင်ခဲ့ပေမယ့် အဲဒါက အဆင်ပြေပါတယ်။ ကျွန်တော်တို့ မရှုံးဘူးလေ။ ကျွန်တော်တို့ လာမယ့်ပွဲကို အာရုံစိုက်ရမှာဖြစ်ပြီး ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး အမြဲတမ်းလိုပဲ အရာအားလုံး ပေးသွားမှာမို့လု့ိပါ။
မေး- အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းကိုစကားပြောခဲ့တဲ့ နောက်ထပ် ပြန်လာနိုင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာလား။
ဖြေ- သူတို့တွေ ဂိုးသွင်းနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း အမြဲတမ်း ပြန်လာနိုင်တယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးဘဲ အဲဒါက အသင်းရဲ့ စိတ်ဓာတ်ကောင်းပါ။ ကျွန်တော်တို့ ဒါကို အချိန်တိုင်းလုပ်သွားရမှာပါ။ ဦးဆောင်နိုင်တာကတော့ အမြဲတမ်း ပိုကောင်းမွန်ခဲ့ပေမယ့် ကျွန်တော်တို့ မဦးဆောင်နိုင်ရင် ကျွန်တော်တို့ ပြန်လာရမှာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ေနာက္ခံလူ ဝီလီယံ ဆာလီဘာဟာ စပို႔တင္း လစၥဘြန္းနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဂန္းနားေတြဟာ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကေန ေနာက္တဆင့္ တက္ေရာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
စပို႔တင္း လစၥဘြန္းနဲ႔ပြဲမွာ ဇန္နဝါရီ ကစားသမားေခၚယူမႈျဖစ္တဲ့ ခီဗီေယာ ပြဲဦးထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီး ပိုလန္ေနာက္ခံလူဟာ စပို႔တင္းရဲ႕ ပထမဆုံးဂိုးမွာ အမွားအခ်ိဳ႕ လုပ္ခဲ့ပုံေပၚခဲ့တာ ျဖစ္ပါတယ္။ ခီဗီေယာဟာ ျဖတ္တင္ေပးပို႔မႈကို ရွင္းလင္းႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ဂြန္ဆာလို အင္နာစီယိုက ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဂိုးသမား မတ္ တန္နာကို ပိုအျပစ္တင္ရမွာျဖစ္ပါလိမ့္မယ္။
အဲဒီျဖစ္စဥ္ကလြဲရင္ ယာကုဘ္ ခီဗီေယာဟာ တျခားအမွား မ်ားမ်ားစားစား ျပဳလုပ္ခဲ့တာမ်ိဳး မရွိဘဲ အာတီတာက ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္က လူစာရင္းကို အေျပာင္းအလဲ ၆ ခုအထိ ျပဳလုပ္ခဲ့ၿပီး ပြဲဦးထြက္ကစားသမားတစ္ဦးအေနနဲ႔ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့တာလို႔ စပိန္လူမ်ိဳးနည္းျပက ေတြးခဲ့မိမွာျဖစ္ပါတယ္။ ဂန္းနားေနာက္ခံလူ ဝီလီယံ ဆာလီဘာဟာ စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့ၿပီး အျမင့္ေဘာတစ္ဦးခ်င္းရင္ဆိုင္တိုက္ပြဲမွာ ၁၀၀ ရာခိုင္ႏႈန္းအႏိုင္ရ၊ ေဘာလုံးေပးပို႔မႈ ၉၁ ရာခိုင္ႏႈန္း တိက်၊ ေဘာလုံးထိေတြ႕မႈ ၉၅ ႀကိမ္၊ ေဘာလုံးပိုင္ဆိုင္မႈ ၈ ႀကိမ္အႏိုင္ရ၊ တစ္ဦးခ်င္း ယွဥ္ၿပိဳင္မႈ ၆ ႀကိမ္မွာ ၄ ႀကိမ္အႏိုင္ရ၊ ရွင္းထုတ္မႈ ၄ ႀကိမ္၊ တိက်တဲ့အေဝးေဘာေပးပို႔မႈ ၄ ႀကိမ္၊ ဂိုးကန္သြင္းမႈ ၁ ႀကိမ္မွာ သြင္းဂိုး ၁ ဂိုး စတဲ့ မွတ္တမ္းေတြကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးမွာ ဝီလီယံ ဆာလီဘာကို BT Sport က အင္တာဗ်ဴးခဲ့ၿပီး ဂန္းနားေနာက္ခံလူက စပို႔တင္းလစၥဘြန္းနဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္၊ အသင္းေဖာ္သစ္ ခီဗီေယာရဲ႕ ပြဲဦးထြက္ ေျခစြမ္းနဲ႔ပတ္သက္ၿပီး တုံ႔ျပန္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။
ေမး- စြမ္းေဆာင္ရည္အေပၚ ဘယ္လိုျမင္လဲ။
ေျဖ- ဒီေန႔က လြယ္ကူတဲ့ပြဲမဟုတ္ခဲ့ဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ပထမဂိုးသြင္းယူခဲ့ၿပီးေတာ့ သူတို႔ေတြ ၁-၁ ျဖစ္ေစမယ့္ ေခ်ပဂိုး ျပန္သြင္းခဲ့ၿပီး ေနာက္ေတာ့ ကြၽန္ေတာ္တို႔ ၂-၁ နဲ႔ ဦးေဆာင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ အၿမဲတမ္း ဘယ္ေတာ့မွ အရႈံးမေပးခဲ့တဲ့အတိုင္းပဲ ဒုတိယေျမာက္ဂိုးကို သြင္းယူခဲ့ၿပီး ကြၽန္ေတာ္တို႔ အိမ္ကြင္းမွာ ျပန္ကစားရမယ့္ပြဲရွိပါတယ္။ ကြၽန္ေတာ္တို႔ အႏိုင္ရဖို႔ အရာအားလုံးကို ေပးသြားမွာပါ။ ကြၽန္ေတာ္တို႔ သြင္းဂိုး ၂ ဂိုးခြင့္ျပဳေပးခဲ့ရၿပီး အေရးအႀကီးဆုံးရာက ကြၽန္ေတာ္တို႔ မရႈံးနိမ့္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ ေနာက္ထပ္တစ္ပြဲ ကစားရဦးမွာပါ။
ေမး- ဦးေဆာင္ဂိုးရၿပီးေတာ့ ေနာက္ကေန လိုက္ကစားရတာနဲ႔ပတ္သက္ၿပီး စိတ္ပ်က္ခဲ့လား။
ေျဖ- ပ်က္တာေပါ့။ ၂ ဂိုးေပးရတာက အၿမဲတမ္း ဆိုး႐ြားၿပီး တစ္လုံးက တည္ကန္ေဘာကေပးခဲ့ရၿပီး ေနာက္တစ္လုံးက တန္ျပန္တိုက္စစ္ကပါ။ ဒါေပမယ့္ အဲဒါက အဆင္ေျပပါတယ္။ ကြၽန္ေတာ္တို႔ မရႈံးနိမ့္ခဲ့ဘူး။ အဲဒါက အေရးအႀကီးဆုံးအရာျဖစ္ၿပီး ကြၽန္ေတာ္တို႔ လာမယ့္ပြဲကို အိမ္ကြင္းမွာ ကစားသြားရမွာပါ။
ေမး- ခီဗီယာနဲ႔ အတူတူ တြဲကစားရတာ ဘယ္လိုလဲ။
ေျဖ- ဒါက သူ႔ရဲ႕ ပထမဆုံးပြဲျဖစ္ၿပီး သူ ေကာင္းေကာင္း ကစားခဲ့ပါတယ္။ ကြၽန္ေတာ္လည္း သူနဲ႔အတူတူ ပထမဆုံး ကစားခဲ့တာပါ။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း လုပ္ႏိုင္ခဲ့တယ္။ ကံမေကာင္းစြာနဲ႔ ကြၽန္ေတာ္တို႔ ၂ ဂိုး ခြင့္ျပဳခဲ့ရတယ္။ ဒါေပမယ့္ ရပါတယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့ၿပီး အဲဒါက ေကာင္းပါတယ္။
ေမး- ခီဗီေယာနဲ႔ ဘယ္ေလာက္မ်ားမ်ား ေလ့က်င့္ခဲ့လဲ။
ေျဖ- ကြၽန္ေတာ္တို႔ အတူတူ အမ်ားႀကီး ေလ့က်င့္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ေလ့က်င့္ေရးမွာ ကြၽန္ေတာ္တို႔ အတြဲေတြကို အၿမဲတမ္း ေျပာင္းလို႔ပါ။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ အတူတူ ေကာင္းေကာင္း ကစားႏိုင္ခဲ့တာပါ။ ပထမဆုံးအႀကိမ္ သူနဲ႔ တြဲကစားရတာက မဆိုး႐ြားခဲ့ပါဘူး။
ေမး- ဒီရလဒ္ေၾကာင့္ အာဆင္နယ္ရဲ႕ အေျခအေနကို ဘယ္လိုထင္လဲ။
ေျဖ- အဲဒါက အဆင္ေျပတယ္။ အဆင္ေျပတယ္။ ကြၽန္ေတာ္တို႔ ဒီမွာ အႏိုင္လိုခ်င္ခဲ့ေပမယ့္ အဲဒါက အဆင္ေျပပါတယ္။ ကြၽန္ေတာ္တို႔ မရႈံးဘူးေလ။ ကြၽန္ေတာ္တို႔ လာမယ့္ပြဲကို အာ႐ုံစိုက္ရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ကံေကာင္းခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အိမ္ကြင္းမွာ ကစားရမွာျဖစ္ၿပီး အၿမဲတမ္းလိုပဲ အရာအားလုံး ေပးသြားမွာမို႔လု႔ိပါ။
ေမး- အာဆင္နယ္ရဲ႕ စိတ္ဓာတ္ပိုင္းကိုစကားေျပာခဲ့တဲ့ ေနာက္ထပ္ ျပန္လာႏိုင္တဲ့ပြဲတစ္ပြဲျဖစ္ခဲ့တာလား။
ေျဖ- သူတို႔ေတြ ဂိုးသြင္းႏိုင္တယ္ဆိုတာ ကြၽန္ေတာ္တို႔ သိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔လည္း အၿမဲတမ္း ျပန္လာႏိုင္တယ္ဆိုတာကို သိပါတယ္။ ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ အရႈံးမေပးဘဲ အဲဒါက အသင္းရဲ႕ စိတ္ဓာတ္ေကာင္းပါ။ ကြၽန္ေတာ္တို႔ ဒါကို အခ်ိန္တိုင္းလုပ္သြားရမွာပါ။ ဦးေဆာင္ႏိုင္တာကေတာ့ အၿမဲတမ္း ပိုေကာင္းမြန္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ မဦးေဆာင္ႏိုင္ရင္ ကြၽန္ေတာ္တို႔ ျပန္လာရမွာပါ။
Arsenal Myanmar
Ref: Internet