ငွေကြေးသုံးစွဲနေမှုတွေကို ရပ်တန့်သွားတော့မယ့် အာဆင်နယ် user

ငွေကြေးသုံးစွဲနေမှုတွေကို ရပ်တန့်သွားတော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို ခေါ်ယူနိုင်ပြီးနောက်ပိုင်း ကစားသမားအဝင်ကို ရပ်တန့်သွားဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဒင်း ဂျုံးစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့ ဆုဖလားစိန်ခေါ်နိုင်ခဲ့ပြီး ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီးနောက် အာဆင်ဝင်းဂါးလက်ထက်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့တာကြောင့် ယခုနွေရာသီအပြောင်းအရွှေ့မှာ အမှန်တကယ် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းရဲ့  ယခုနွေရာသီပထမဆုံး ကစားသမားခေါ်ယူမှုဟာ ချဲလ်ဆီးကြယ်ပွင့် ခိုင် ဟာဗတ်ဇ်ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖစြ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျာမန်ကြယ်ပွင့်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၃ ရာသီအချိန်ကုန်ဆုံးခဲ့ပြီး ၎င်းရဲ့ အကောင်းဆုံးအခိုက်အတန့်ဟာ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းဘက်ကို အနိုင်ဂိုး သွင်းယူခဲ့တဲ့အချိန်ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အိုင်းယက်နောက်ခံလူ တင်းဘားအတွက်လည်း ယူရိုသန်း ၄၀ နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပြီး ဒတ်ချ်နောက်ခံကစားသမားဟာ ဂန်းနားတွေနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် သိပ်မကြာခင်အချိန်အတွင်း တရားဝင်ကြေညာသွားတော့မှာဖြစ်ပါတယ်။

အာတီတာအတွက် ယခုနွေရာသီရဲ့ အကြီးမားဆုံး ကစားသမားခေါ်ယူမှုက ဒီကလန် ရိုက်ဖြစ်ပြီး အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ဟာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်အတွက် ပေါင် ၁၀၅ သန်းနဲ့ နောက်ဆုံးမှာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် မကြာမီအချိန်အတွင်း ဆေးစစ်မှု ခံယူသွားတော့မှာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာစီးတီးအသင်းဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း လာမယ့်ရာသီကို အမ်းမရိတ်စ်မှာပဲ ကစားသွားတော့မှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဒီလိုကြီးမားတဲ့ ကစားသမားခေါ်ယူမှုနဲ့ နွေရာသီလှုပ်ရှားမှု ပထမအဆင့်ကို အဆုံးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစကားကို ပြောခဲ့တဲ့သူကတော့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ် ဒင်း ဂျုံးစ်ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ နောက်ထပ် ကစားသမားခေါ်ယူမှုတွေကို ထပ်မြင်ရဖို့က အသင်းမှာရှိနေတဲ့ လူပိုတွေကို ရှင်းထုတ်ဖို့ အာရုံစိုက်နေတာကြောင့် နောက်ထပ် ကစားသမားအဝင်ကို လတ်တလောမှာ ထပ်မြင်ရဖွယ်မရှိသေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာရုံစိုက်မှုတွေက ဒီ ပထမဆုံးခေါ်ယူခဲ့တဲ့ ၃ ယောက်အပေါ်မှာ အရမ်းကို အပြင်းအထန်ဖြစ်ခဲ့ပြီး ညာတောင်ပံအတွက် သူတို့တွေ ဘယ်သူ့ကိုခေါ်မယ်ဆိုတာ ခုထိ မသေချာသေးပါဘူး။ အဲဒီတော့ အာဆင်နယ်လူစာရင်းထဲက အသေးစား ရှင်းထုတ်မှုတွေ ပြီးတဲ့အချိန်အထိ စောင့်ဆိုင်းရမယ်လို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်။ ပြီးရင်တော့ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ အာဆင်နယ်က တောင်ပံနေရာတွေက အဲဒီကစားသမားတွေကို ရှင်းထုတ်နိုင်ပြီဆိုတာနဲ့ ကစားသမားခေါ်ယူမှု ဒုတိယအဆင့်ကို အသက်သွင်းဖို့ အဆင်သင့်ဖြစ်နေမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet