ဂျော်ဂျင်ညိုကို ပွဲထွက်ခွင့်နေရာ ပေးခဲ့ရတာကို ရှင်းလင်းလိုက်တဲ့ ပါတေး
သောမတ်စ် ပါတေးက အာဆင်နယ်အသင်းရဲ့ ပွဲထွက် ၁၁ ဦးစာရင်းထဲက ၎င်းရဲ့နေရာကို ဇန်နဝါရီ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဂျော်ဂျင်ညိုဆီ ပေးခဲ့ရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။
ဂါနာကွင်းလယ်ကစားသမားဟာ ၂၀၂၂-၂၀၂၃ ရာသီပထမပိုင်းအတွင်း အာတီတာရဲ့အသင်းအတွက် နှလုံးခုန်သံဖြစ်ခဲ့ပြီး ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။
ပါတေးဟာ ဂန်းနားတွေအတွက် မရှိမဖြစ် ကြယ်ပွင့်ကစားသမားဖြစ်ခဲ့ပြီး ၎င်းရဲ့ တဟုန်ထိုး ပြေးလွှားမှု၊ ဘောလုံး ပြန်ဆယ်ယူနိုင်မှု စတဲ့ အရည်အချင်းတွေက အာဆင်နယ်အသင်းကို အကူအညီ အများအပြား ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီတလီဝါရင့်ကွင်းလယ်လူ ဂျော်ဂျင်ညိုဟာ အာဆင်နယ်ရဲ့ နောက်ဆုံး ၂ ပွဲမှာ ပွဲထွက်ခွင့်ပေးခြင်း ခံခဲ့ရတာဖြစ်ပြီး ပါတေးက ချဲလ်ဆီးကြယ်ပွင့်ဟောင်းက လေ့ကျင့်ရေးမှာကတည်းက ၎င်းရဲ့နေရာကို ရရှိခဲ့တာဖြစ်တယ်လို့ မုဒိတာစကားပြောကြားခဲ့တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားက အမ်းမရိတ်စ်မှာ ပွဲထွက်ခွင့်အတွက် နောက်ရောက်သွားတယ်ဆိုတဲ့ ပြောဆိုမှုတွေကို “ကျွန်တော့်အတွက်တော့ ဒါက အမြဲတမ်းဖြစ်ပျက်ခဲ့တဲ့အရာပါ။ ကျွန်တော့်မှာ အမြဲတမ်း ယှဉ်ပြိုင်မှုရှိခဲ့ပြီး အဲဒါက ကျွန်တော့်အတွက် ကောင်းပါတယ်။ ကျွန်တော် အဲဒါကို ပျော်ရွှင်ခံစားတယ်။ ကျွန်တော် သူ့အတွက် တကယ်ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ရက်သတ္တပတ် တော်တော်များများမှာ သူက လေ့ကျင့်ရေးမှာ အကောင်းဆုံးဖြစ်ခဲ့ပြီး အဆုံးမှာတော့ ခင်ဗျား သူ့ကို ပွဲစဉ်အတွင်းမှာ မြင်ရတယ်”
“ကျွန်တော် သူ့အတွက် တကယ်ပျော်ရွှင်မိပြီး ကစားသမားတိုင်းက ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေတာကိုလည်း ပျော်ရွှင်မိပါတယ်။ အဲဒီတော့ ဘယ်သူမှ အိပ်နိုင်မှာမဟုတ်ပါဘူး။ အဲဒါက ကောင်းတယ်လို့ ထင်ပြီး အဲဒီနေရာမှာ ရှိနေတဲ့ အားလုံးလည်း သူတို့တွေ အခွင့်အရေးရတဲ့အခါကျရင် ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
“အသင်းရဲ့ ရည်ရွယ်ချက်က ယှဉ်ပြိုင်မှုကို ဖန်တီးဖို့နဲ့ အဲဒါက အသင်းကို ပိုပြီး ကြီးထွားအောင် ကူညီပေးသလို ကျွန်တော်တို့အတွက်လည်း ပွဲထဲမှာ အကောင်းဆုံးပေးနိုင်အောင်တွန်းအားပေးပါတယ်။ အဲဒါက ကောင်းတယ်လို့ ထင်တယ်။ ခင်ဗျားမှာ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုရှိတဲ့အချိန်တိုင်း ပြဿနာမရှိဘဲ အဲဒါက ခင်ဗျား လိုချင်တာကို ရနိုင်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ဒါက လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက သူတို့ရဲ့ အကောင်းဆုံးကို ပေးဖို့ အဆင်သင့်ဖြစ်နေကြလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk