ဂန်းနားပစ်မှတ်နဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုလိုက်တဲ့ ချဲလ်ဆီးဂန္တဝင် user

ဂန်းနားပစ်မှတ်နဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုလိုက်တဲ့ ချဲလ်ဆီးဂန္တဝင်

ဖရန့်ခ် လမ်းပတ်က ချဲလ်ဆီးအသင်းနည်းပြအဖြစ်နဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေခဲ့တဲ့ကာလတုန်းက အာဆင်နယ်ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံရတော့မယ့် ဒီကလန် ရိုက်ကို ခေါ်ယူချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လမ်းပတ်ဟာ ဧပြီလမှာ ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ရာသီကုန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို နောက်ထပ်တစ်ကြိမ် စွန့်ခွာခဲ့သူဖြစ်ပြီး ချဲလ်ဆီးဂန္တဝင်ဟာ ၁၁ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရယူပေးနိုင်ခဲ့တဲ့အထိ ခက်ခဲတဲ့ နည်းပြဒုတိယသက်တမ်းကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဖရန့်ခ် လမ်းပတ်က ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့အချိန်တုန်းက ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်ကို စတမ်းဖို့ဒ် ဘရစ်ချ်ကို ခေါ်ယူဖို့ ရည်မှန်းခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဒီကလန် ရိုက်ကို ချဲလ်ဆီးမှာ ပြီးခဲ့တဲ့တခေါက် မတိုင်ခင် နည်းပြအဖြစ် ရှိနေခဲ့တဲ့အချိန်တုန်းက ခေါ်ယူချင်ခဲ့တယ်။ သူက ကျွန်တော့်ရဲ့ ထိပ်တန်းပစ်မှတ်ပါ။ ကျွန်တော်က ဒီကလေး ဒီကလန်က လာမယ့် ၁၀ နှစ်အတွင်း ချဲလ်ဆီးအသင်းခေါင်းဆောင်ဖြစ်ကို ဖြစ်လိမ့်မယ်ဆိုပြီးတော့ကို သေချာနေခဲ့တာပါ။”

ဒီကလန် ရိုက်ဟာ ၂၀၁၅ ခုနှစ်မှာ ချဲလ်ဆီးအသင်းရဲ့ ထွက်ခွာခွင့်ပေးခြင်း ခံခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ်မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့်လည်း ဝက်စ်ဟမ်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လမှာ ယူရိုပါကွန်းဖရင့်လိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။