ဂန်းနားနဲ့စီးတီးတို့ရဲ့ ဆုဖလားပြိုင်ပွဲကို ခန့်မှန်းလိုက်တဲ့ အာနိုး coyg

ဂန်းနားနဲ့စီးတီးတို့ရဲ့ ဆုဖလားပြိုင်ပွဲကို ခန့်မှန်းလိုက်တဲ့ အာနိုး

လီဗာပူးလ်ကြယ်ပွင့် ထရင့် အလက်ဇန်းဒါး-အာနိုးက အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲ ဆင်နွှဲနေတဲ့ မန်ချက်စတာစီးတီးသာ နောက်ထပ်ရမှတ်တွေလျော့ကျခဲ့မယ်ဆိုရင် အံ့အားသင့်မိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ၅ ကြိမ်မြောက် အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အမှတ်ပေးဇယားကို တစ်ရာသီလုံး ဦးဆောင်ထားတဲ့ အာဆင်နယ်ကို ၉ ပွဲဆက်တိုက် နိုင်ပွဲနဲ့အတူ ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ဂန်းနားတွေထက် ၁ မှတ်အသာနဲ့ ရပ်တည်နေပြီး တစ်ပွဲလျော့နေသလို ဂိုးကွာခြားချက်မှာလည်း သာလွန်နေတာကြောင့် သမိုင်းဝင် ဖလား ၃ လုံး ရရှိနိုင်တဲ့ လမ်းကြောင်းအပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

အလက်ဇန်းဒါး-အာနိုးက မန်ချက်စတာစီးတီးဟာ ၎င်းတို့ ကစားဖို့ ကျန်ရှိနေတဲ့ လိဂ်ပွဲစဉ်အားလုံးကို အနိုင်ရရှိသွားလိမ့်မယ်လို့ ယုံကြည်နေပြီး ယခုရာသီမှာ အလွန်အားကောင်းတဲ့အခြေအနေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်အတွက် ကိုယ်ချင်းစာမိနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ပထမဆုံး အနိုင်ရရှိဖို့ အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဧပြီလထဲမှာ ရုန်းကန်ခဲ့ရတာကြောင့် ဦးဆောင်နိုင်မှုကို မန်စီးတီးလက်ထဲ ပြန်လွှဲပေးခဲ့ရတာဖြစ်ပါတယ်။

“လိဂ်ပြိုင်ပွဲက အခုအရမ်းသိသာနေပါပြီ။ ကျွန်တော် အဲဒါကို ပြောခဲ့တာ ကြာပါပြီ။ မန်စီးတီးသာ နီးစပ်နိုင်မယ့်နေရာကို တွေ့ရင်၊ ခရစ္စမတ်၊ နယူးရီးယားမှာ သွေးနံ့ကို ရသွားမယ်ဆိုရင် ပြိုင်ပွဲက တကယ်ကို ပြီးသွားမှာပါလို့။ သူတို့တွေ စပြီး အနိုင်ရရှိတာနဲ့ ရပ်တန့်လို့မရတော့ဘဲ အခု ဒီအချိန်မှာ သူတို့တွေ သရေကျရင်တောင် ကျွန်တော် အံ့အားသင့်မိမှာပါ”

“အဲဒါက သူတို့ရဲ့ အတွေးထဲမှာရှိမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါက သတင်းစကားပေးပို့မှုလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ အခုအချိန်မှာ ပွဲစဉ်တွေထဲမှာ နောက်ကနေ လိုက်ကစားရတယ်ဆိုတာတောင် မရှိလို့ပါ။ ပေါက်ကရလျှောက်လုပ်နေတာမရှိဘူး။ ကြောက်ရွံ့နေတာမရှိဘူး။ ပွဲစဉ်အတွင်းမှာ တက်လိုက်၊ ဆင်းလိုက်မရှိဘူး”

“အာဆင်နယ်ကတော့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ရမှတ်တွေလျော့ကျခဲ့ပေမယ့်လည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ပုံစံနဲ့ပါ။ မန်စီးတီးကျတော့ အဲဒါကို ဘယ်လို ဖော်ပြရမှန်းတောင် ကျွန်တော် မသိဘူး။ သူတို့တွေက ကြီးမားပြီး လေးလံတဲ့ ကုန်တင်ကားကြီးလိုပဲ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet