ဂန်းနားတွေရဲ့ အဓိကပစ်မှတ်ကို ငွေအားကိုးပြီး ဖြတ်ခုတ်ဦးမယ့် ချဲလ်ဆီးနဲ့ နောက်ဆုံးရဂန်းနားသတင်းများ
-အာဆင်နယ်နည်းပြဟောင်းဖြစ်တဲ့ အက်စတန် ဗီလာနည်းပြ အူနိုင်း အမ်မရီက ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကီရန် တီယာနီကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။ စပိန်လူမျိုးနည်းပြဟာ အာဆင်နယ်ကို တာဝန်ယူ ကိုင်တွယ်နေခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက စကော့နောက်ခံလူကို ခေါ်ယူခဲ့တာဖြစ်ပြီး တီယာနီဟာ အူနိုင်း အမ်မရီလက်အောက်မှာ ၉ ကြိမ်သာကစားခဲ့ရပေမယ့် ထိပ်တန်းကစားသမားဖြစ်ခဲ့တယ်ဆိုတာ အစောကြီးကတည်းက ရှင်းလင်းနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်နဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့ တီယာနီနဲ့ ပြန်လည်ဆုံစည်းဖို့အတွက် အူနိုင်းက စဉ်းစားနေတာဖြစ်တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။
-ချဲလ်ဆီးအသင်းဟာ စုစုပေါင်း ၁၃၂ သန်း ကုန်ကျနိုင်တဲ့ ကွင်းလယ်ကစားသမား ၂ ဦးကို ခေါ်ယူသွားဖို့ စီစဉ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပြီး အဲဒီကစားသမားတွေကတော့ အာဆင်နယ်နဲ့ သတင်းအခိုင်အမာထွက်ပေါ်နေတဲ့ မွိုက်စ် ကိုင်ဆေဒိုနဲ့ စပို့တင်း လစ္စဘွန်းကြယ်ပွင့် အူဂါတီဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ မေဆန် မောင့်ကို ရောင်းထုတ်ပြီး ရလာတဲ့ ငွေကြေးနဲ့ ကိုင်ဆေဒိုကို ခေါ်ယူသွားမှာဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်က မကြာသေးမီက အာဆင်နယ်ကို ကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းလို့ ချီးကျူးခဲ့တာကြောင့် ဘရိုက်တန်ကြယ်ပွင့်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ငွေအားကိုးပြီး အနိုင်ယူသွားမှာဖြစ်ပါတယ်။
-အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ အဓိကပစ်မှတ်ကစားသမားတွေကို ခေါ်ယူဖို့ ဘတ်ဂျက်ကို မြှင့်တင်နိုင်အောင် ကစားသမားအများအပြားကို ရောင်းထုတ်သွားမှာဖြစ်ပြီး အဲဒီထဲက တစ်ဦးကတော့ တိုက်စစ်မှူး ဘာလိုဂန်ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ရင်းမ်စ်မှာ အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့ပြီး လီဂူးဝမ်း ၃၆ ပွဲမှာ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျေးဇု၊ အန်ကီးတီးယား၊ ထရော့ဆာ့ဒ်တို့ ရှိနေပြီးသားဖြစ်တာကြောင့် ဘာလိုဂန်အနေနဲ့ လာမယ့်ရာသီ အာတီတာရဲ့ ပထမအသင်းထဲမှာ ပါဝင်နိုင်ဖို့ ကျိန်းသေပေါက်ရုန်းကန်ရမှာဖြစ်ပါတယ်။ Sky Sports သတင်းထောက် ဒါးမက်ရှ် ရှက်တ်က ဘာလိုဂန်ဟာ အနာဂတ်ကို ဆုံးဖြတ်ချက်မချရသေးပေမယ့် အပြီးသတ်ထွက်ခွာဖို့ စဉ်းစားနေပြီး နောက်ဆုံးဆုံးဖြတ်ချက်ဟာ အာဆင်နယ်အပေါ်မှာပဲ မူတည်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
-ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်ကွင်းလယ်လူ ချာကာကို ခေါ်ယူမယ့်ပြိုင်ပွဲထဲ ဝင်ရောက်လာပြီဖြစ်ပြီး ဆွစ်ကွင်းလယ်လူကို တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်တဲ့ ၃ နှစ်စာချုပ် ကမ်းလှမ်းခဲ့တယ်လို့ ဆွစ်ဇာလန်သတင်းဌာန 4-2-2 က ဖော်ပြခဲ့ပါတယ်။ ချာကာဟာ ယခုနွေရာသီမှာ အာဆင်နယ်ကို စွန့်ခွာတော့မယ်လို့ အသင်းနဲ့ ပရိသတ်တွေကို အသိပေးထားပြီးဖြစ်ပြီး လေဗာကူဆင်အသင်းက လာမယ့်ရက်သတ္တပတ်တွေအတွင်း အပြီးသတ်သဘောတူညီမှုရရှိဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ချာကာဟာ အာဆင်နယ်နဲ့ အချိန်တွေကို အဆုံးသတ်ပြီးနောက် ဂျာမနီကို ပြန်လည်ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး လက်ရှိမှာတော့ လေဗာကူဆင်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကနေ ခိုင်မာတဲ့ ကမ်းလှမ်းမှုနဲ့ ယှဉ်ပြိုင်ခြင်းကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လေဗာ ကူဆင်အသင်းဟာ ၅ နှစ်စာချုပ် ကမ်းလှမ်းထားတာကြောင့် ဘိုင်ယန်ရဲ့ ၃ နှစ်စာချုပ်ကမ်းလှမ်းမှုဟာ ချာကာရဲ့ ကိုယ်စားလှယ်တွေကို စိတ်ကျေနပ်စေမှာမဟုတ်သလို ဆွစ်ကွင်းလယ်လူနဲ့ မိသားစုဟာ မြူးနစ်မှာမနေချင်ဘဲ Rhineland မှာပဲ ထပ်ပြီး နေထိုင်ချင်နေတာဖြစ်ပါတယ်။ လေဗာကူဆင်က ချာကာကို စာချုပ်သက်တမ်းအပြီးမှာ လူငယ်အသင်းနဲ့ အလုပ်လုပ်ဖို့လည်း ကမ်းလှမ်းခဲ့ပြီး အဲဒါက ဂန်းနားကွင်းလယ်လူကို သဘောကျစေခဲ့တာဖြစ်ပါတယ်။
-အာဆင်နယ်အသင်းဟာ မီလင်ကိုဗစ်-ဆားဗစ်ကို ခေါ်ယူဖို့အတွက် ကိုယ်စားလှယ်တွေကို ချဉ်းကပ်ဖို့ ကြိုးပမ်းနေတယ်လို့ အီတလီသတင်းဌာန Corriere dello Sport က ဖော်ပြခဲ့ပါတယ်။ ဂန်းနားတွေဟာ လာဇီယို ကွင်းလယ်ကြယ်ပွင့်ကို ကာလရှည် စိတ်ဝင်စားခဲ့တာဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဆားဗစ်ရဲ့ လာဇီယိုနဲ့ စာချုပ်သက်တမ်းဟာ ၁၂ လအတွင်း သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာက အာဆင်နယ်က လာမယ့်ရာသီမတိုင်ခင် ဆားဘီးယားကွင်းလယ်ကစားသမားကို အမ်းမရိတ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News