ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလား အခွင့်အရေးကို ခန့်မှန်းလိုက်တဲ့ ရော်ဘင် ဗန်ပါစီ coyg

ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလား အခွင့်အရေးကို ခန့်မှန်းလိုက်တဲ့ ရော်ဘင် ဗန်ပါစီ

ရော်ဘင် ဗန်ပါစီက အသင်းဟောင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားအတွက် ၁၉ နှစ်ကြာ စောင့်ဆိုင်းနေရမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ၂၀၀၃-၂၀၀၄ ရာသီတုန်းက အာဆင်ဝင်းဂါးလက်အောက်မှာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက ထိပ်တန်းပြိုင်ပွဲမှာ ထိပ်ဆုံး ၄ နေရာဝင်နိုင်ဖို့တောင် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
အူနိုင်း အမ်မရီ၊ ဖရက်ဒီ ယွန်းဘတ်တို့ကလည်း မျှော်လင့်ခဲ့တဲ့အတိုင်း အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာဖြစ်ပေမယ့်လည်း မီခေးလ် အာတီတာက ဂန်းနားတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

အာတီတာက ချာကာ၊ ဆာကာ၊ ဇင်ချန်ကို၊ အော်ဒီဂွါဒ်တို့လို ကစာသးမားတွေနဲ့အတူ စိတ်လှုပ်ရှားစရာ တိုက်စစ်အားကောင်းတဲ့အသင်းကို ဖွဲ့စည်းပေးခဲ့ပြီး ရာသီနောက်ဆုံးရက်သတ္တပတ်တွေကို ရောက်ရှိနေချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိဖြတ်ပြီး ဦးဆောင်ထားတာဖြစ်ပါတယ်။

ဖိအားတွေက ရာသီကုန်ပိုင်းမှာ ကွဲပြားခြားနားတဲ့အရာတွေကို ဖြစ်လာနိုင်စေပေမယ့်လည်း ဗန်ပါစီက ဂန်းနားတွေဟာ အက်စတန် ဗီလာ၊ ဘုန်းမောက်တို့ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ချန်ပီယံတွေရဲ့ နှလုံးသားကို ပြသခဲ့ပြီးဖြစ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“ခင်ဗျား ဒီအချိန်အပိုင်းအခြားကို ကြည့်မယ်ဆိုရင် ရမှတ်တစ်မှတ်ချင်းစီတိုင်းက တကယ်ကို အရေးကြီးနေပြီဖြစ်တဲ့အချိန်ပါ။ သူတို့တွေမှာ ခက်ခဲတဲ့ပွဲစဉ်အများအပြားရှိခဲ့ပြီး အနိုင် ၃ မှတ် ရယူနိုင်ခဲ့တယ်။ အဲဒါက ချန်ပီယံအသင်း လုပ်ရမယ့်အရာဖြစ်ပြီး သူတို့တွေက အဲဒါကို သက်သေပြသနိုင်ခဲ့ပါတယ်။”

ဗန်ပါစီက အာဆင်နယ်အသင်း ၂၀၀၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပြီး နောက်ရာသီမှာ ဖီယင်နုကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာ ဂန်းနားတွေကို အက်ဖ်အေဖလားရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်တိုက်စစ်မှူးရဲ့ ကစားသမားဘဝ တစ်ခုတည်းသော ပရီးမီးယားလိဂ်ဖလားအောင်ပွဲဟာ ၂၀၁၃ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်နဲ့ ရရှိခဲ့တာဖြစ်ပေမယ့်လည်း ဗန်ပါစီက ၎င်းရဲ့ အသင်းဟောင်း အာဆင်နယ်သာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဝမ်းမြောက်ပျော်ရွှင်မိမှာဖြစ်ပြီး အဲဒီလို လုပ်နိုင်လိမ့်မယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

“နောက်ဆုံးအပိုင်းက အမြဲတမ်း ခက်ခဲခဲ့ပြီး အဲဒါက စိတ်ဝင်တစားစောင့်ကြည့်သွားရမှာပါ။ ကျွန်တော့် တစ်ဦးတည်းခံစားချက်ကတော့ သူတို့တွေ အဲဒါကို ရင်ဆိုင်သွားပြီး ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိသွားပါလိမ့်မယ်။ လိဂ်ဖလားမရခဲ့တာ တော်တော်လေး ကြာခဲ့ပါပြီ။ အဲဒီတော့ သူတို့ အဲဒါကို အနိင်ရရင် သူတို့အတွက် ပျော်ရွှင်မိမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ နိင်ငံတကာအားလပ်ရက်မတိုင်ခင်တုန်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပို့တင်း လစ္စဘွန်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် ၎င်းတို့ရဲ့ အဓိကအာရုံဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအပေါ်မှာသာ ရှိတော့တာဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ဂွါဒီယိုလာရဲ့အသင်းက အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေရတာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ဧပြီလ ၁ ရက်နေ့မှာ တန်းဆင်းအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုခံနေရတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet