ဂန်းနားတွေရဲ့ ဆုဖလားပြိုင်ပွဲပေါ် စီးတီးအဝတ်လဲခန်းထဲ ဘယ်လိုမြင်နေကြသလဲ
မန်ချက်စတာစီးတီးကစားသမားတွေဟာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို လိုက်မီဖို့ အခွင့်အရေးရှိလာအောင် ပရီးမီးယားလိဂ်က လက်ကျန်ပွဲတိုင်းကို အနိုင်ကစားဖို့ စိန်ခေါ်မှုအတိုင်း လုပ်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။
မန်ချက်စတာစီးတီးဟာ စနေနေ့က လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့မှုကြောင့် ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ရရှိခဲ့ပြီး ယခုရာသီမှာ ပထမဆုံးအကြိမ် ၄ ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းက စနေနေ့ညနေမှာ လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ယူပြီး မန်ချက်စတာစီးတီးထက် ၁ ပွဲပို ၈ မှတ်အသာနဲ့ ဦးဆောင်နိုင်မှုကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ယခုလနှောင်းပိုင်း အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ ဂန်းနားတွေ နောက်ထပ် ရမှတ်ဖြတ် ဦးဆောင်မှုကို ရပ်တန့်နိုင်ဖို့ မဖြစ်မနေ အနိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
နည်းပြ ဂွါဒီယိုလာက ဂန်းနားတွေ ဆုဖလား ရယူသွားမှာမကို ရပ်တန့်နိုင်ဖို့ လက်ကျန် ၁၀ ပွဲစလုံးမှာ အနိုင်ကစားသွားဖို့ ပြောကြားထားတာဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲအပြီးမှာ နောက်ခံလူ အကန်းဂျိက မန်စီးတီးနည်းပြရဲ့ ပြောဆိုမှုကို သဘောတူညီကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဂွါဒီယိုလာ ပြောတာ မှန်ပါတယ်။ ကစားဖို့ ပွဲတွေ အများကြီးကျန်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိုင်ကစားရပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့ ရည်မှန်းထားတဲ့အရာဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရာသီကလည်း ကုန်တော့မှာပါ။ အဲဒါက ခက်ခဲတဲ့ ပွဲစဉ်တွေဖြစ်မှာပါ။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ပွဲစဉ်တွေအားလုံးကို အနိုင်ရဖို့ လိုပါတယ်။ အဲဒါက ကျွန်တော်တို့ လုပ်ဆောင်နေတာဖြစ်ပြီး ကျွန်တော်တို့ လိုချင်တဲ့အရာပါ။ ကျွန်တော်တို့ မကြာသေးမီက ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီသတင်းစကားကို မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားကလည်း ထောက်ခံခဲ့ပြီး ဂွါဒီယိုလာရဲ့ အခြားပြောဆိုမှုဖြစ်တဲ့ ဆုဖလားပြိုင်ပွဲတွေမှာ မန်စီးတီးရဲ့ အတွေ့အကြုံက အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ အနည်းငယ်သာ အားကိုးလို့ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
“သူတို့တွေ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ပေမယ့် ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ။ အဲဒါကနှစ်မျိုး ဖြစ်နိုင်ပါတယ်။ လူအချို့က သူတို့တွေက ပိုပြီး အတွေ့အကြုံရှိတယ်လို့ ပြောကြပြီး အခြားလူတွေက အိုး သူတို့တွေ အရင်တုန်းက ဖလားရခဲ့လို့ ဒီဖလားကို ထပ်ပြီးတော့ လိုချင်တော့မှာမဟုတ်ဘူးလို့ ပြောကြတယ်။ ခင်ဗျားတို့ပဲ ဆုံးဖြတ်နေတာပါ”
“အာဆင်နယ်အတွက်ကလည်း အဲဒီအတိုင်းပါပဲ။ တစ်နေ့မှာ သူတို့တွေက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ လုံလောက်တဲ့အတွေ့အကြုံမရှိဘူးလို့ ပြောကြတယ်။ ဒါပေမယ့် နောက်တစ်နေ့ကျတော့ အိုး သူတို့တွေက အရမ်းကို ဆာလောင်နေတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ အဲဒီဖလားကို အနိုင်မရခဲ့ဖူးလို့ပဲဆိုပြီး ပြောကြတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်သွားမှာပါ”
“အတွေ့အကြုံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့တွေက အမှတ်ပေးဇယားထိပ်ဆုံးမှာပါ။ သူတို့တွေက အရမ်းကောင်းပြီး အဲဒီမှာ ရှိနေဖို့ ထိုက်တန်ပါတယ်။ အာဆင်နယ်နဲ့ပွဲက အရမ်းအရေးကြီးတဲ့ပွဲဖြစ်လာမှာဖြစ်ပေမယ့် ကျွန်တော်တို့ အဲဒီပွဲမတိုင်ခင် ပွဲကြီးတွေရှိနေပါတယ်။ အဲဒီပွဲမတိုင်ခင် ကျွန်တော်တို့ ခြေချော်သွားမယ်ဆိုရင် အဲဒီပွဲမှာ ဘာဖြစ်ဖြစ် အရေးပါတော့မှာမဟုတ်ပါဘူး”
မန်ချက်စတာစီးတီးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနိုင်ပွဲဆက် စံချိန်ကို ပိုင်ဆိုင်နေတာဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၁ ပွဲအထိ ရှုံးပွဲမရှိခဲ့တာဖြစ်တာကြောင့် ဘာနာဒိုက မိုးပြာရောင်တပ်သားတွေက ဒီရာသီရဲ့ အကောင်းဆုံးပုံစံမှာ ရှိနေတာ ကျိန်းသေတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီရာသီရဲ့ အကောင်းဆုံးဘောလုံးကစားပုံကို ကစားနေတယ်လို့ ထင်ပါတယ်။ နိုင်ငံတကာအားလပ်ရက်မတိုင်ခင်တုန်းကထက်တောင် ပိုကောင်းနေပါတယ်။ ကျွန်တော်တို့ အခုရှိနေတဲ့ အခိုက်အတန့်က လက်ရှိအချိန်အထိ ကစားခဲ့သမျှထဲမှာ အကောင်းဆုံးပဲ။ အားလုံးက ပွဲစဉ်နဲ့ ချတ်ဆက်သွားပြီး ကောင်းမွန်တဲ့ရုပ်ပိုင်းဆိုင်ရာပုံစံမှာ ရှိနေတဲ့အချိန်မှာ ရာသီရဲ့ အကောင်းဆုံးအချိန်ဖြစ်နေပါပြီ။ ကျွန်တော်တို့ ဒဏ်ရာပြဿနာမရှိသလောက်နီးပါးပါပဲ။ ကျွန်တော်တို့ ဒီအရှိန်အဟုန်ကို ဆက်ထိန်းသိမ်းထားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk