ဂန်းနားတွေရဲ့အားထုတ်မှုကို လေးစားလို့ ဖလားရစေချင်နေတဲ့ လီဗာပူးလ်ဂန္တဝင်
လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဟိုဆေး အန်နရီကေးက အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီး ပရီးမီးယားလိဂ်ဖလားရရှိသွားမှာကို တားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခရစ္စတယ် ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပြီး မန်စီးတီးအသင်းက တစ်ပွဲလျော့နေပေမယ့် ဂန်းနားတွေက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်လိမ့်မယ့်ပုံ ပိုပေါ်လာနေတာဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ပိုမိုလွယ်ကူတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ငြင်းခုံနိုင်ပေမယ့်လည်း အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ အပိုကစားရမှာဖြစ်ပြီး အာတီတာရဲ့အသင်းကတော့ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားတစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။
ဟိုဆေး အန်နရီကေးက လွယ်ကူမှာမဟုတ်ဘူးဆိုတာ သိပေမယ့်လည်း အာဆင်နယ်က မန်စီးတီးကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်နေပြီး ဂန်းနားတွေသာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အင်္ဂလိပ်ဘောလုံးအတွက် ပိုမိုကောင်းမွန်လိမ့်မယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။
“လီဗာပူးလ် ကစားသမားဟောင်းနဲ့ ပရိသတ်တစ်ယောက်အဖြစ်နဲ့ ကျွန်တော်ကတော့ မန်စီးတီးထက်စာရင် အာဆင်နယ်ကို ပိုပြီး ဖလားရစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက နှစ်သင်းကြားက ပြိုင်ဆိုင်မှုတွေကြောင့်ပါ။ ကြားနေပရိသတ်တစ်ယောက်အနေနဲ့လည်း ကျွန်တော် အာဆင်နယ်ကို ဖလားရစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်မှာ မန်စီးတီးက ၄ ကြိမ် ရခဲ့လို့ပါ။ အဲဒီတော့ အာဆင်နယ်သာ ဖလားရရင် ကွဲပြားခြားနားမှုတစ်ခု ဖြစ်ပါလိမ့်မယ်။
အာဆင်နယ်ကို ဖလားမရစေချင်မယ့် ပရိသတ်ဆိုလို့ တော့တင်ဟမ်ဟော့စပါးပရိသတ်တွေပဲရှိမှာဖြစ်ပြီး ချဲလ်ဆီး ပရိသတ်တွေလည်း မရစေချင်လောက်ပါဘူး။ အာဆင်နယ်က မန်စီးတီးလိုက်မီပြီး ပရီးမီးယားလိဂ်ဖလားကို ဆုံးရှုံးခဲ့ရတဲ့အချိန်တုန်းက လီဗာပူးလ် နာကျင်ခဲ့ရတဲ့အတိုင်း တူညီတဲ့နာကျင်မှုကို ခံစားရမလားဆိုတာ ကျွန်တော် ဂရုမစိုက်ပါဘူး။ မန်ချက်စတာစီးတီးက သူတို့ရဲ့ အရမ်းမြင့်မားတဲ့အဆင့်အတန်းကြောင့် ဆိုးရွားတဲ့ရာသီကို ပိုင်ဆိုင်နေပေမယ့် ဒုတိယနေရာမှာရှိနေဆဲဖြစ်ပြီး အာဆင်နယ်ကို နောက်က လိုက်နေတုန်းပါပဲ။ သူတို့တွေ ဒီလို နေရာမှာ ရှိခဲ့ဖူးပြီး အာဆင်နယ်ကတော့ နောက်ကနေ လိုက်တာ မခံခဲ့ရဖူးပါဘူး။ အာဆင်နယ်က ဖလားရသွားလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ သူတို့တွေနဲ့ ထိုက်တန်တယ်။ အဲဒါက ပရီးမီးယားလိဂ်အတွက် အရမ်းကောင်းပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။
အန်နရီကေးရဲ့ လီဗာပူးလ်အသင်းဟာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ တိုက်ပွဲဝင်နေရတာဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာ မန်စီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ပြီးရင် ၈ ရက်အကြာမှာ ဂန်းနားတွေကို အိမ်ကွင်းမှာ ဧည့်ခံသွားရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း ဟိုေဆး အန္နရီေကးက အာဆင္နယ္အသင္းအေနနဲ႔ မန္စီးတီး ပရီးမီးယားလိဂ္ဖလားရရွိသြားမွာကို တားဆီးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ခရစၥတယ္ ပဲေလ့စ္ကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး မန္စီးတီးအသင္းက တစ္ပြဲေလ်ာ့ေနေပမယ့္ ဂန္းနားေတြက ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္လိမ့္မယ့္ပုံ ပိုေပၚလာေနတာျဖစ္ပါတယ္။
ဂြါဒီယိုလာရဲ႕အသင္းဟာ ပိုမိုလြယ္ကူတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္တယ္လို႔ ျငင္းခုံႏိုင္ေပမယ့္လည္း အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြ အပိုကစားရမွာျဖစ္ၿပီး အာတီတာရဲ႕အသင္းကေတာ့ ယူ႐ိုပါလိဂ္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္ဖလားတစ္ခုတည္းအေပၚမွာပဲ အာ႐ုံစိုက္သြားမွာ ျဖစ္ပါတယ္။
ဟိုေဆး အန္နရီေကးက လြယ္ကူမွာမဟုတ္ဘူးဆိုတာ သိေပမယ့္လည္း အာဆင္နယ္က မန္စီးတီးကို အႏိုင္ယူႏိုင္တယ္လို႔ ယုံၾကည္ေနၿပီး ဂန္းနားေတြသာ အႏိုင္ယူႏိုင္ခဲ့မယ္ဆိုရင္ အဂၤလိပ္ေဘာလုံးအတြက္ ပိုမိုေကာင္းမြန္လိမ့္မယ္လို႔ ထင္ျမင္ေနတာ ျဖစ္ပါတယ္။
“လီဗာပူးလ္ ကစားသမားေဟာင္းနဲ႔ ပရိသတ္တစ္ေယာက္အျဖစ္နဲ႔ ကြၽန္ေတာ္ကေတာ့ မန္စီးတီးထက္စာရင္ အာဆင္နယ္ကို ပိုၿပီး ဖလားရေစခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းက ႏွစ္သင္းၾကားက ၿပိဳင္ဆိုင္မႈေတြေၾကာင့္ပါ။ ၾကားေနပရိသတ္တစ္ေယာက္အေနနဲ႔လည္း ကြၽန္ေတာ္ အာဆင္နယ္ကို ဖလားရေစခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္မွာ မန္စီးတီးက ၄ ႀကိမ္ ရခဲ့လို႔ပါ။ အဲဒီေတာ့ အာဆင္နယ္သာ ဖလားရရင္ ကြဲျပားျခားနားမႈတစ္ခု ျဖစ္ပါလိမ့္မယ္။
အာဆင္နယ္ကို ဖလားမရေစခ်င္မယ့္ ပရိသတ္ဆိုလို႔ ေတာ့တင္ဟမ္ေဟာ့စပါးပရိသတ္ေတြပဲရွိမွာျဖစ္ၿပီး ခ်ဲလ္ဆီး ပရိသတ္ေတြလည္း မရေစခ်င္ေလာက္ပါဘူး။ အာဆင္နယ္က မန္စီးတီးလိုက္မီၿပီး ပရီးမီးယားလိဂ္ဖလားကို ဆုံးရႈံးခဲ့ရတဲ့အခ်ိန္တုန္းက လီဗာပူးလ္ နာက်င္ခဲ့ရတဲ့အတိုင္း တူညီတဲ့နာက်င္မႈကို ခံစားရမလားဆိုတာ ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ မန္ခ်က္စတာစီးတီးက သူတို႔ရဲ႕ အရမ္းျမင့္မားတဲ့အဆင့္အတန္းေၾကာင့္ ဆိုး႐ြားတဲ့ရာသီကို ပိုင္ဆိုင္ေနေပမယ့္ ဒုတိယေနရာမွာရွိေနဆဲျဖစ္ၿပီး အာဆင္နယ္ကို ေနာက္က လိုက္ေနတုန္းပါပဲ။ သူတို႔ေတြ ဒီလို ေနရာမွာ ရွိခဲ့ဖူးၿပီး အာဆင္နယ္ကေတာ့ ေနာက္ကေန လိုက္တာ မခံခဲ့ရဖူးပါဘူး။ အာဆင္နယ္က ဖလားရသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံတယ္။ သူတို႔ေတြနဲ႔ ထိုက္တန္တယ္။ အဲဒါက ပရီးမီးယားလိဂ္အတြက္ အရမ္းေကာင္းပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
အန္နရီေကးရဲ႕ လီဗာပူးလ္အသင္းဟာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ဖို႔ တိုက္ပြဲဝင္ေနရတာျဖစ္ၿပီး ဧၿပီလ ၁ ရက္ေန႔မွာ မန္စီးတီးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ၿပီးရင္ ၈ ရက္အၾကာမွာ ဂန္းနားေတြကို အိမ္ကြင္းမွာ ဧည့္ခံသြားရမွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet