ဂန်းနားတွေချန်ပီယံမဖြစ်စေချင်လို့ မြို့ခံပြိုင်ဘက်ကစားသမားကို အကူအညီတောင်းခဲ့တဲ့ ရွိုင် ကီးန် coyg

ဂန်းနားတွေချန်ပီယံမဖြစ်စေချင်လို့ မြို့ခံပြိုင်ဘက်ကစားသမားကို အကူအညီတောင်းခဲ့တဲ့ ရွိုင် ကီးန်

ရွိုင် ကီးန်က အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နေပေမယ့်လည်း မန်စီးတီးအတွက် ဂိုးသွင်းရတာ လွယ်ကူတဲ့ပုံစံပေါက်အောင် လုပ်ဆောင်ပေးနေတဲ့ အာလင်း ဟာလန်းကို လုံးဝ အံ့အားသင့်ဖွယ်ကစားသမားလို့ ချီးကျူးခဲ့ပြီး ရာသီမပြီးဆုံးသေးဘူးလို့ ဂန်းနားတွေကို သတိပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ကောင်းချီးပေးခြင်းခံထားရတာဖြစ်နိုင်ပေမယ့် ဟာလန်းက အက်ဖ်အေဖလားပြိုင်ပွဲမှာ ဘန်လေကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး ၂ ပွဲအတွင်း ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ၂၄ နာရီအကြာမှာ ဂန်းနားတွေက အဓိကပြိုင်ဘက်တွေကို ၈ မှတ်အထိ ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းထားခဲ့ရတာကြောင့် တစ်ပွဲလျော့နေပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ နိုင်ငံတကာပွဲစဉ်တွေအပြီး ဧပြီ ၁ ရက်နေ့အထိ ၈ မှတ်ဖြတ် ဦးဆောင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ကြာသပတေးနေ့ညက စပို့တင်း လစ္စဘွန်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အဓိကကစားသမားတွေကို အနားပေးခဲ့ပေမယ့် ဟာလန်းကတော့ စနေနေ့က အက်ဖ်အေဖလားပွဲစဉ်ဖြစ်တဲ့ ဘန်လေနဲ့ပွဲမှာ ပွဲထွက်ပါဝင်ကစားပြီး နောက်ထပ်တစ်ကြိမ် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာအားလပ်ရက်မတိုင်ခင် အနားပေးရမယ့်အစား ဂွါဒီယိုလာက ချန်ပီယံရှစ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းစက်ကို ထည့်သွင်းအသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစှု်မတိုင်ခင် ဟာလန်းရဲ့ ခြေစွမ်းကို ဆွေးနွေးခဲ့ရာမှာ အာဆင်နယ်ကို သတိပေးခဲ့တာ ဖြစ်ပါတယ်။

“သူက အသင်းမှားပြီး သွားခဲ့တာလို့ ကျွန်တော် ထင်နေတုန်းပဲ(ရယ်လျက်)။ အရမ်းကောင်းတယ်။ သူက ဂိုးသွင်းယူသူဖြစ်လာဖို့ မွေးဖွားလာခဲ့တဲ့သူပါ။ သူက မှန်ကန်တဲ့အသင်း၊ မှန်ကန်တဲ့နည်းပြနဲ့အတူ ရှိနေတာပါ။ အံ့မခန်းပဲ။ လုံးဝကို အံ့အားသင့်စရာကောင်းပါတယ်။”

“အခုဖြစ်နေတာဘယ်လိုလဲ ခင်ဗျားတို့အားလုံးသိလား။ ကျွန်တော်တို့က မတ်လထဲမှာ ရောက်နေတာ။ အခု အဲဒါက စပြီ။ ဒီနေ့မှာ အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီး အဲဒါက သူတို့အတွက် ကောင်းပါတယ်။ သူတို့တွေ ခွာသံတွေကို ကြားနိုင်တယ်ဆိုတာကို သိပါတယ်။ ချဲလ်တန်ဟမ်က ပြီးသွားပြီ(မတ်လထဲမှာ နှစ်စဉ် ၄ ရက်ကြာ မြင်းတန်းခုန်ပြိုင်ပွဲကျင်းပသည့်ပွဲတော်)ဘာလို့လဲဆိုတော့ မန်ချက်စတာစီးတီးအချိန်ရောက်ပြီမို့လို့ပဲ။”လို့ မာ့ခ် ပူးဂက်ချ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ရွိုင် ကီးန်က “ဟုတ်တာပေါ့။ ကျွန်တော်တို့ ဟာလန်းနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေလည်း ရှိနေတယ်။ ကျွန်တော်တို့ လူတွေကို သတိပေးရမယ်။ ဘောလုံးရဲ့ အခက်ခဲဆုံးအပိုင်းက ဂိုးတွေသွင်းယူတာဆိုတာကိုပေါ့။ အဲဒါက အခက်ခဲဆုံးအပိုင်းပဲ။ ခံစစ်ကစားတာက လွယ်ကူနိုင်တယ်။ ဖျက်ထုတ်မှုတွေနဲ့ လူချတာတွေပေါ့။ ဒါပေမယ့် ဂိုးပိုက်ထဲကို ဘောလုံးကို ကန်သွင်းယူဖို့ကျတော့ အခက်ခဲဆုံးဖြစ်ပြီး သူက အဲဒါကို အပျော်သဘောမျိုး လုပ်နေတယ်။ ရာသီက မပြီးဆုံးသေးဘူး။ အခုက အရေးကြီးတဲ့အချိန်ပါ။ ဒီအချိန်က ရာသီအမှန်တကယ် စတင်တဲ့အချိန်ပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

႐ြိဳင္ ကီးန္က အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ေနေပမယ့္လည္း မန္စီးတီးအတြက္ ဂိုးသြင္းရတာ လြယ္ကူတဲ့ပုံစံေပါက္ေအာင္ လုပ္ေဆာင္ေပးေနတဲ့ အာလင္း ဟာလန္းကို လုံးဝ အံ့အားသင့္ဖြယ္ကစားသမားလို႔ ခ်ီးက်ဴးခဲ့ၿပီး ရာသီမၿပီးဆုံးေသးဘူးလို႔ ဂန္းနားေတြကို သတိေပးခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ေကာင္းခ်ီးေပးျခင္းခံထားရတာျဖစ္ႏိုင္ေပမယ့္ ဟာလန္းက အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ဘန္ေလကို ၆-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး ၂ ပြဲအတြင္း ၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၂၄ နာရီအၾကာမွာ ဂန္းနားေတြက အဓိကၿပိဳင္ဘက္ေတြကို ၈ မွတ္အထိ ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ေ႐ႊ႕ဆိုင္းထားခဲ့ရတာေၾကာင့္ တစ္ပြဲေလ်ာ့ေနၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး ဧၿပီ ၁ ရက္ေန႔အထိ ၈ မွတ္ျဖတ္ ဦးေဆာင္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ ၾကာသပေတးေန႔ညက စပို႔တင္း လစၥဘြန္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ အဓိကကစားသမားေတြကို အနားေပးခဲ့ေပမယ့္ ဟာလန္းကေတာ့ စေနေန႔က အက္ဖ္ေအဖလားပြဲစဥ္ျဖစ္တဲ့ ဘန္ေလနဲ႔ပြဲမွာ ပြဲထြက္ပါဝင္ကစားၿပီး ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္မွာ လိုက္ပ္ဇစ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ၅ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး ႏိုင္ငံတကာအားလပ္ရက္မတိုင္ခင္ အနားေပးရမယ့္အစား ဂြါဒီယိုလာက ခ်န္ပီယံရွစ္အသင္းနဲ႔ပြဲစဥ္မွာ ဂိုးသြင္းစက္ကို ထည့္သြင္းအသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က ဖူလ္ဟမ္ကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲစႈ္မတိုင္ခင္ ဟာလန္းရဲ႕ ေျခစြမ္းကို ေဆြးေႏြးခဲ့ရာမွာ အာဆင္နယ္ကို သတိေပးခဲ့တာ ျဖစ္ပါတယ္။

“သူက အသင္းမွားၿပီး သြားခဲ့တာလို႔ ကြၽန္ေတာ္ ထင္ေနတုန္းပဲ(ရယ္လ်က္)။ အရမ္းေကာင္းတယ္။ သူက ဂိုးသြင္းယူသူျဖစ္လာဖို႔ ေမြးဖြားလာခဲ့တဲ့သူပါ။ သူက မွန္ကန္တဲ့အသင္း၊ မွန္ကန္တဲ့နည္းျပနဲ႔အတူ ရွိေနတာပါ။ အံ့မခန္းပဲ။ လုံးဝကို အံ့အားသင့္စရာေကာင္းပါတယ္။”

“အခုျဖစ္ေနတာဘယ္လိုလဲ ခင္ဗ်ားတို႔အားလုံးသိလား။ ကြၽန္ေတာ္တို႔က မတ္လထဲမွာ ေရာက္ေနတာ။ အခု အဲဒါက စၿပီ။ ဒီေန႔မွာ အာဆင္နယ္က ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အႏိုင္ရခဲ့ၿပီး အဲဒါက သူတို႔အတြက္ ေကာင္းပါတယ္။ သူတို႔ေတြ ခြာသံေတြကို ၾကားႏိုင္တယ္ဆိုတာကို သိပါတယ္။ ခ်ဲလ္တန္ဟမ္က ၿပီးသြားၿပီ(မတ္လထဲမွာ ႏွစ္စဥ္ ၄ ရက္ၾကာ ျမင္းတန္းခုန္ၿပိဳင္ပြဲက်င္းပသည့္ပြဲေတာ္)ဘာလို႔လဲဆိုေတာ့ မန္ခ်က္စတာစီးတီးအခ်ိန္ေရာက္ၿပီမို႔လို႔ပဲ။”လို႔ မာ့ခ္ ပူးဂက္ခ်္က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

႐ြိဳင္ ကီးန္က “ဟုတ္တာေပါ့။ ကြၽန္ေတာ္တို႔ ဟာလန္းနဲ႔ပတ္သက္ၿပီး ေျပာဆိုမႈေတြလည္း ရွိေနတယ္။ ကြၽန္ေတာ္တို႔ လူေတြကို သတိေပးရမယ္။ ေဘာလုံးရဲ႕ အခက္ခဲဆုံးအပိုင္းက ဂိုးေတြသြင္းယူတာဆိုတာကိုေပါ့။ အဲဒါက အခက္ခဲဆုံးအပိုင္းပဲ။ ခံစစ္ကစားတာက လြယ္ကူႏိုင္တယ္။ ဖ်က္ထုတ္မႈေတြနဲ႔ လူခ်တာေတြေပါ့။ ဒါေပမယ့္ ဂိုးပိုက္ထဲကို ေဘာလုံးကို ကန္သြင္းယူဖို႔က်ေတာ့ အခက္ခဲဆုံးျဖစ္ၿပီး သူက အဲဒါကို အေပ်ာ္သေဘာမ်ိဳး လုပ္ေနတယ္။ ရာသီက မၿပီးဆုံးေသးဘူး။ အခုက အေရးႀကီးတဲ့အခ်ိန္ပါ။ ဒီအခ်ိန္က ရာသီအမွန္တကယ္ စတင္တဲ့အခ်ိန္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet