ဂန်းနားတွေက စီးတီးကို အလဲထိုးပြီးချန်ပီယံဖြစ်မယ်လို့ ထောက်ခံခဲ့တဲ့ အာဆင်ဝင်းဂါး coyg

ဂန်းနားတွေက စီးတီးကို အလဲထိုးပြီးချန်ပီယံဖြစ်မယ်လို့ ထောက်ခံခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်ဝင်းဂါးက မကြာသေးမီက ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ ရှိခဲ့ပေမယ့်လည်း အာဆင်နယ်က မန်ချက်စတာစီးတီးကို အလဲထိုးပြီး ပရီးမီးယားလိဂ်ဖလားကို ရရှိသွားမယ်လို့ ထောက်ခံခဲ့ပါတယ်။

အာဆင်နယ်ရဲ့ မန်ချက်စတာစီးတီးအပေါ် ၈ မှတ် အသာစီးရယူထားမှုက လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ကို ၂-၂ သရေဆက်တိုက်ကျခဲ့ပြီးနောက်ပိုင်း ၄ မှတ်အထိ လျင်လျင်မြန်မြန် လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အန်းဖီးနဲ့ လန်ဒန်ကွင်းတို့မှာ ၂-၀ နဲ့ ဦးဆောင်ထားခဲ့တာဖြစ်ပေမယ့်လည်း ၂ ပွဲစလုံးမှာ ရမှတ်လျော့ကျခဲ့တာကြောင့် မန်ချက်စတာစီးတီးကို ရမှတ်ကွာဟမှု ကျဉ်းမြောင်းသွားစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ တစ်ပွဲကစားဖို့ ကျန်နေသေးပြီး အာဆင်နယ်ကို လာမယ့်အပတ် အစ်တီဟတ်မှာ ရင်ဆိုင်သွားရမှာဖြစ်တာကြောင့် လက်ရှိချန်ပီယံတွေဟာ ဆုဖလားကို ကိုင်မြှောက်သွားပြီး ဂန်းနားတွေ ဆယ်စုနှစ် ၂ ခုကြာစောင့်ဆိုင်းခဲ့ရတဲ့ အောင်မြင်မှုကို ပိတ်ဆို့နိုင်မယ်ဆိုတဲ့ ခံစားချက်တွေရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်ဝင်းဂါးက အာဆင်နယ်က ပရီးမီးယားလိဂ်ဖလား ရရှိလိမ့်မယ်လို့ ထောက်ခံနေဆဲဖြစ်ပြီး အာတီတာရဲ့အသင်းအနေနဲ့ ဆုဖလားက ၎င်းတို့ရဲ့ လက်ထဲမှာ ရှိနေဆဲဖြစ်တယ်ဆိုတာကို အမှတ်ရဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အာဆင်နယ်နဲ့ ဒီကစားသမားတွေက အရင်တုန်းက လိဂ်ကို အနိုင်ရနိုင်တဲ့ အနေအထားမှာ မရှိခဲ့ကြပါဘူး။ သူတို့တွေ ဒီနှစ်မှာတော့ လိဂ်ဖလားကို အနိုင်ရမယ်လို့ မျှော်လင့်မိပြီး လာမယ့်နှစ်မှာ ပိုပြီးလွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ ခင်ဗျားက အဲဒါကို တစ်ခါမှ အနိုင်မရဖူးတဲ့အခါမှာတော့ ရာသီမှာ တင်းမာမှုတွေ ဝင်ရောက်လာတဲ့အချိန်ရှိပါလိမ့်မယ်။ ခင်ဗျားဘယ်လို ကစားရမလဲနဲ့ လုပ်ငန်းစဉ်ထက် အနိုင်ရဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို စပြီး စဉ်းစားမိတဲ့အချိန်မှာ အဲဒါက ခက်ခဲလာတယ်။ အာဆင်နယ်မှာ ကျွန်တော်ရှိနေခဲ့တဲ့အချိန်တုန်းကလည်း အဲဒါကို ခံစားခဲ့ရဖူးပါတယ်”

မန်စီးတီးက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီဖြစ်လားလို့ မေးမြန်းခဲ့ရာမှာ အာဆင်ဝင်းဂါးက “မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော်ကတော့ အာဆင်နယ်ပဲ အနိုင်ရသွားလိမ့်မယ်လို့ ပြောရပါလိမ့်မယ်။ ခင်ဗျား ဒီလို အနေအထားမှာ လိုချင်တာက အရာအားလုံးကို ခင်ဗျားလက်ထဲမှာရှိနေဖို့ပဲ။ အာဆင်နယ်က သူတို့ရဲ့ ပွဲစဉ်တွေကို အနိုင်ရရှိမယ်ဆိုရင် လိဂ်ကို အနိုင်ရမယ်။ အဲဒီတော့ ကစားဖို့ ပွဲအနည်းငယ်နဲ့အတူ အကောင်းဆုံးအနေအထားမှာရှိနေပါတယ်”

“ဟုတ်တာပေါ့ ။မန်စီးတီးက အာဆင်နယ်နဲ့ ကစားတဲ့ပွဲမှာ အခွင့်အရေးရှိပါတယ်။ အဲဒါက ချန်ပီယံရှစ်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲဖြစ်လာမှာပါ။ ကျွန်တော်ကတော့ အာဆင်နယ်ကိုပဲ နှစ်သက်နေဆဲပါ။ ကျွန်တော် ဒီမှာ လုံးဝ ရည်မှန်းချက်မထားထားဘူးဆိုပေမယ့် ထားပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်က မန်စီးတီးဆီကနေ ဘယ်လောက်အထိ ရယူသွားမလဲဆိုတာကို ကြည့်ရပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ သောကြာနေ့ညမှာ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်နဲ့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ အနိုင်ရလဒ် ပြန်လည်ရယူချင်နေမှာဖြစ်ပြီး မန်ချက်စတာစီးတီးကတော့ စနေနေ့မှာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ ဝင်ဘလေမှာ မတွေ့ဆုံခင် ယနေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet