ဂန်းနားတို့ရဲ့နွေရာသီခေါ်ယူမှုကို ကြည့်ပြီး လာမယ့်ရာသီကို ဟောကိန်းထုတ်ခဲ့တဲ့ အာဆင်ဝင်းဂါး
အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ဂန်းနားတွေဟာ ယခုနွေရာသီမှာ အဓိက ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။
မြောက်လန်ဒန်ကလပ်အသင်းဟာ စနေနေ့ညနေမှာ ဝက်စ်ဟမ်း ယူနိုက်တက်အသင်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ယူရီယန် တင်းဘားနဲ့ ခိုင် ဟာဗတ်ဇ်တို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ရာသီ အချိန်အများစုကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ရာသီနှောင်းပိုင်းကာလတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ အဓိက ကစားသမားအချို့ ခြေစွမ်းပိုင်းကျဆင်းမှုရှိခဲ့တဲ့အတွက် ရုန်းကန်ခဲ့ရတာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးက ဂန်းနားတွေအနေနဲ့ လာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် မန်စီးတီးနဲ့ အခြားထိပ်တန်းပြိုင်ဘက်တွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ချန်ပီယံရှစ်ကို ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလောက်ကို ရိုးရှင်းပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ထက် မနက်ဖြန်တွေမှာ အာဆင်နယ်ကို သံသယတွေ ပိုပြီး နည်းပါးလာပါတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ အသင်းလူစာရင်းထဲကို ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမား ၃ ဦးကို ခေါ်ယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာ ပိုမိုအားကောင်းလာမယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပြီး လာမယ့်ရာသီမှာ ပြိုင်ပွဲ ၄ ခုအထိ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အာတီတာအနေနဲ့ နောက်ထပ်ကစားသမားခေါ်ယူမှုတွေ ထပ်မံ လုပ်ဆောင်နိုင်ဦးမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- News
- Team News