ဂန်းနားစစ်စစ်တွေ ရာသီသစ်မှာ လန်ဒန်က အော်ဖစ်ရှယ် ဂျာစီသစ်နဲ့ လန်းစေဖို့
အာဆင်နယ်အသင်း (၂၀၂၃-၂၄) ရာသီမှာ ဝတ်ဆင်မယ့် အော်ဖစ်ရှယ် အိမ်ကွင်းဂျာစီသစ်လေးရဖို့ Arsenal Myanmar က မေးတဲ့ မေးခွန်းလေးတွေ ဖြေကြည့်ရအောင် !!!
=== × === × ===
ဂန်းနားတွေကို လက်ဆောင်အဖြစ် ဘာပေးရမလဲ အမြဲ စဉ်းစားဖြစ်နေတဲ့ Arsenal Myanmar အနေနဲ့ တနေ့က ဂျာစီသစ်ကြော်ငြာကြည့်ရင်း ရာသီသိမ်းလက်ဆောင်လေးပေးဖို့ စိတ်ကူးပေါက်သွားပါတယ်။
ပြီးခဲ့တဲ့တခေါက်က like&reaction ကို အခြေပြုပေးခဲ့တာဆိုတော့ ဒီတခေါက်ကိုတော့ ပုံစံလေးကွဲသွားအောင် မေးခွန်းလေးအချို့မေးပြီး ဂျာစီသစ်ရဲ့ ပိုင်ရှင်ကို ရွေးထုတ်သွားဖို့လည်း စဉ်းစားမိတယ်။
အာဆင်နယ်ပရိသတ်တွေအတွက်ပဲ တသီးတသန့် ဖြစ်စေချင်လို့ စည်းကမ်းလေးအချို့တော့ ထားတာကိုတော့ နားလည်ပေးပါ။
၁။ အာဆင်နယ်မြန်မာရဲ့ ပေ့ခ်ျခွဲတခုဖြစ်တဲ့ သတင်း၊ ဆောင်းပါးတွေချည်း တင်ပေးနေတဲ့ Arsenal Myanmar News Page ကို Like&Share လုပ်ပေးထားရပါမယ်။
ဒါကတော့ ပေ့ခ်ျ Link ပါ။
https://www.facebook.com/ArsenalMyanmarNews?mibextid=ZbWKwL
၂။ အာဆင်နယ်ပရိသတ်စစ်စစ် ဖြစ်ရပါမယ်။
၃။ ဆုရရှိခဲ့ရင် လက်ခံရရှိကြောင်း အထောက်အထားနဲ့ ဝတ်ဆင်ပြီး ဓာတ်ပုံကို ပေးပို့ပေးရပါမယ်။
ဒီစည်းကမ်းချက်လေး (၃) ချက်ကို သဘောတူရင်တော့ အောက်ပါ မေးခွန်းလေးတွေကို ဒီတပတ် တနင်္လာနေ့ ည (၁၂) နာရီ နောက်ဆုံးထားပြီး ဖြေပေးခဲ့ရုံပါပဲ။
အဖြေမှန်သူတွေ များခဲ့ရင်တော့ မှန်သူအားလုံးထဲကနေမှ ကံထူးသူတဦးကို AM က random စနစ်နဲ့ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ချိန်ကျော်လွန်တဲ့ အဖြေတွေကို ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါ။
ဆုကတော့ အာဆင်နယ် လန်ဒန်က အော်ဖစ်ရှယ်အရောင်းဆိုင်ကနေ တိုက်ရိုက်မှာပေးမယ့် မြန်မာပြည်အရောက် မြန်မာငွေ (၄) သိန်းနီးပါးခန့် တန်ဖိုးရှိ (၂၀၂၃-၂၄) အိမ်ကွင်းဂျာစီ ဖြစ်ပါတယ်။
ကဲ !!! ရာသီသစ်မှာ ဂျာစီသစ်နဲ့ လန်းနိုင်အောင် ဖြေကြည့်ကြရအောင်လား။
၁။ သမိုင်းတလျှောက်မှာ FA ဖလားကို အများဆုံး ဆွတ်ခူးထားတဲ့အသင်း။
၂။ ဂန်းနားကစားသမားဘဝမှာရော နည်းပြဘဝမှာရော FA ဖလား ဆွတ်ခူးခဲ့သူ ဘယ်နှစ်ဦး ရှိသလဲ။ (အရေအတွက်နဲ့ နာမည် တွဲဖြေပေးရပါမယ်။)
၃။ ငရုပ်သီးလေး ဆာကာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်များ။ ထိုနံပါတ်များထဲက အထူးခြားဆုံးသော ကျောနံပါတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ။
၄။ (၂၀၀၃-၀၄) ရာသီမှာ ရွှေဖလားရခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ နိုင်ပွဲ၊ သရေပွဲနဲ့ ရှုံးပွဲ အရေအတွက်။
၅။ အာဆင်နယ်ကို မရောက်ခင်က ဂါဘီအငယ်ကောင် မာတင်နယ်လီ ကစားခဲ့တဲ့ ကလပ်အသင်း နာမည်။
Arsenal Myanmar
Ref: Internet