ဂန်းနားကြယ်ပွင့်တစ်ဦးတည်းကို အထူးတလည် ချီးကျူးသွားခဲ့တဲ့ ဂယ်ရီ နဗီး
ဂယ်ရီ နဗီးက အာဆင်နယ်အသင်းက တနင်္ဂနွေနေ့ညနေမှာ နယူးကာဆယ် ယူနိုက်တက်နဲ့ပွဲစဉ်မှာ အရေးကြီးတဲ့နိုင်ပွဲ ရရှိခဲ့ပြီးနောက် ဂျော်ဂျင်ညိုတစ်ဦးတည်းကို အထူးချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်သူတွေဖြစ်တဲ့ မန်ချက်စတာစီးတီးကို ဖိအားလိုက်ပေးနိုင်ဖို့ စိန့် ဂျိမ်းစ်ပါ့ခ်မှာ မဖြစ်မနေ နိုင်ပွဲရရှိဖို့ လိုအပ်ခဲ့တာဖြစ်ပြီး မာတင် အော်ဒီဂွါဒ်နဲ့ ဖေဘီယံ ရှားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ သွင်းဂိုးတွေကြောင့် အာတီတာရဲ့အသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂျော်ဂျင်ညိုဟာ သောမတ်စ် ပါတေးရဲ့နေရာမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးရဲ့ ချီးကျူးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားက ဂျော်ဂျင်ညိုပါ။ အာဆင်နယ်အတွက် ဒီနေ့မှာ အရမ်းအရေးပါခဲ့တယ်။ မန်စီးတီးနဲ့ ပိုနီးစပ်သွားရုံတင်မဟုတ်ဘဲ သူတို့တွေကိုယ်တိုင်အတွက်လည်းအစ်တီဟတ်နဲ့ အန်းဖီးမှာ ဖြစ်ခဲ့တာတွေအပြီးမှာ ကြီးမားတဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ယူနိုင်တယ်ဆိုတာကို သိသွားခဲ့ပါတယ်။သူက အရမ်းကောင်းတဲ့ခေါင်းဆောင်မှု၊ အတွေ့အကြုံ၊ အာရုံစူးစိုက်မှုတွေ ဖြည့်စွက်ပေးနိုင်ခဲ့တယ်”
“တစ်နေ့လုံး အသင်းဖော်တွေဆီကနေ သူ ဘာလိုချင်လဲဆိုတာနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ သူတို့ဆီမှာ ကင်းမဲ့နေခဲ့တဲ့အရာက ဘာလဲဆိုတာကို လက်တွေ့ပြသခဲ့ပါတယ်။ သူက ဒီနေ့မှာတော့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ အာဆင်နယ်က ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်နေခဲ့ပြီး ဒီနေ့မှာ တခါတလေ လဲပြိုခါနီးအထိ ဖြစ်ခဲ့ပေမယ့်လည်း ဂျော်ဂျင်ညိုက တည်ငြိမ်မှုနဲ့ ခေါင်းဆောင်မှုကို သူတို့တွေအတွက် အချိန်ကောင်းမှာ ယူဆောင်လာပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Praise Talks
- Rivals' Talk