ချာကာရဲ့အောင်ပွဲခံဟန်ကို လိုက်လုပ်​ပြီး လှောင်ပြောင်ခဲ့တဲ့ ဂွန်ဆာလ်ဗက်စ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ချာကာရဲ့အောင်ပွဲခံဟန်ကို လိုက်လုပ်​ပြီး လှောင်ပြောင်ခဲ့တဲ့ ဂွန်ဆာလ်ဗက်စ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်မှာ ဂန်းနားတွေ ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရတဲ့ တရားခံဖြစ်ခဲ့တဲ့ မာတီနယ်လီကို အားပေးထောက်ခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ “ကျွန်တော်တို့ အတူတူ အနိုင်ယူမယ်။ အတူတူရှုံးနိမ့်မယ်။ အဲဒါက အရေးမကြီးပါဘူး။ ကျွန်တော်တို့ အနိုင်ရနေတဲ့အချိန်မှာ အားလုံးက ပျော်ရွှင်နေတယ်။ ကျွန်တော်တို့ ရှုံးနိမ့်တဲ့အချိန်မှာ ကျွန်တော်တို့ ကျသွားတဲ့စိတ်ဓာတ်ကို ပြန်ကောက်ယူရမယ်။ ကျွန်တော်တို့ အတူတူ နိုင်မယ်။ အတူတူ ရှုံးနိမ့်ကြမယ်။ အရမ်းကောင်းတဲ့ရာသီဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အမှတ်ရရမယ်။ ဒီပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ကြီးမားတဲ့ထိုးနှက်ချက်ပါ။ ဒါပေမယ့် အခု ကျွန်တော်တို့ ပရီးမီးယားလိဂ်ကစားဖို့ စောင့်မျှော်နေတယ်။ အခုအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တာ ဒါအကုန်ပဲ”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီဟာ ပြင်သစ်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဖြစ်လာမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီးနောက် ယူအက်စ်အေလက်ရွေးစင်နည်းပြဖြစ်လာချင်နေတယ်လို့ သိရပါတယ်။ အွန်နရီဟာ မေဂျာလိဂ်မှာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၀ မှာ မွန်ထရီရယ်အသင်းကို နည်းပြအဖြစ် မကိုင်တွယ်ခင် နယူးယောက်ရက်ဘူးလ်အတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကော်မတီဝင် ဂျွန်း မီရှဲလ် အောလက်စ်က အွန်နရီဟာ ကိုရင်း ဒီယာခရီရဲ့နေရာမှာ နည်းပြသစ်ဖြစ်လာနိုင်ခြေကို ငြင်းပယ်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ESPN က အသက် ၄၅ နှစ်အရွယ် ဂန်းနားဂန္တဝင်ဟာ ဂရက် ဘာဟောလ်တာရဲ့နေရာမှာ နည်းပြသစ်ဖြစ်လာချင်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘာဟော်လ်တာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ယူအက်စ်အေအသင်းထွက်ရပြီးနောက်ပိုင်း ရာထူးကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။

-ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ကစားရမယ့်ပွဲမှာ အသက် ၁၉ နှစ်အရွယ် ဂိုးသမား ဂျိုး ဝစ်ဝေ့ါကိုပဲ အသုံးပြုသွားရမလားဆိုတာ သိရဖို့ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ပဲလေ့စ်ဟာ ဘရိုက်တန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ စီနီယာဂိုးသမားမပါဝင်ဘဲ ကစားခဲ့ရတာဖြစ်ပြီး ပွဲထွက်ဂိုးသမား ဗင်ဆန်တေး ဂွိုက်တာ လေ့ကျင့်ရေးမှာ တံကောက်ကြောဒဏ်ရာရသွားခဲ့ပြီး ဒုတိယဂိုးသမား ဆမ် ဂျွန်စတုန်းကလည်း ဖေဖော်ဝါရီကတည်းက ခြေသလုံးဒဏ်ရာကြောင့် အနားယူနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အကယ်ဒမီထွက်ဂိုးသမား ဝစ်ဝေါ့ဟာ ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် အိုဝင် ဂွတ်ဒ်မန်းလည်း အရန်ခုံပေါ်မှာ ရှိနေတာတာဖြစ်ပါတယ်။ ပဲလေ့စ်ဟာ တနင်္ဂနွေနေ့မှာ အမ်းမရိတ်စ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂွိုက်တာ ပြန်လာလာမလားဆိုတာ မသေချာဘူးလို့ နည်းပြ ပက်ထရစ် ဗီယာရာက ပြောကြားခဲ့တာဖြစ်ပါတယ်။ “အင်္ဂါနေ့ လေ့ကျင့်ရေးလုပ်ပြီးနောက်မှာ သူ ဒဏ်ရာရခဲ့တယ်။ ကျွန်တော်တို့ သူ့ဒဏ်ရာအခြေအနေကို သိရဖို့ ၂၄ နာရီကနေ ၄၈ နာရီလောက် စောင့်ကြည့်ဖို့ လိုပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-ဗီယာရာရဲ့ ခရစ္စတယ် ပဲလေ့စ်နည်းပြရာထူးဟာ ဖိအားတွေ မြင့်တက်လာနေပြီး အသင်းတာဝန်ရှိသူတွေဟာ ၂၀၂၃ ခုနှစ်အတွင်း လိဂ်ပွဲစဉ် တစ်ပွဲမှ နိုင်ပွဲမရသေးတာကြောင့် တန်းဆင်းဇုန်ထဲ ရောက်သွားမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။ ဗီယာရာက အသင်းဟောင်း အာဆင်နယ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရင် နည်းပြရာထူး ဆုံးရှုံးရဖွယ်ရှိနေပေမယ့်လည်း စိုးရိမ်နေခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒီအသင်းနဲ့ ပထမဆုံးလက်မှတ်ထိုးခဲ့တဲ့အချိန်ကတည်းက ဖိအားတွေအောက်မှာ ရှိနေခဲ့တာပါ။ အဲဒါက ပရီးမီးယားလိဂ်မှာ နည်းပြတိုင်း ကြုံရမယ့် ဖိအားတွေပါပဲ။ ကျွန်တော်က တခြား ဘယ်နည်းပြနဲ့မှ မတူညီဘဲ ကွဲပြားခြားနားနေတာမျိုးမရှိပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။

-ပေါလ် မာဆန်က တနင်္ဂနွေနေ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားရမယ့်ပွဲစဉ်မှာ အာတီတာရဲ့အသင်းက အနိုင်ကစားပြီး ၈ မှတ်ဖြတ်ထားနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး မန်စီးတီးက တစ်ပွဲလျော့နေမှာဖြစ်ပေမယ့် ရာသီကုန်ခါနီး ဂန်းနားတွေအနေနဲ့ ဂွါဒီယိုလာရဲ့အသင်းကို ဖိအားပေးနိုင်ဖို့ အရာအားလုံးလုပ်သွားရမယ်လို့ ပြောကြားခဲ့ပါတယ်။ ခရစ္စတယ် ပဲလေ့စ်အသင်းက တန်းဆင်းဇုန်နဲ့ ၃ မှတ်အကွာမှာ ရှိနေတာကြောင့် အသေရုန်းမှာဖြစ်ပေမယ့် ဂန်းနားတွေက ဒီရာသီမှာ အထူးချွန်ဆုံးအသင်းဖြစ်နေတဲ့အတွက် ပဲလေ့စ်ကို ၃-၀ နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ဖူလ်ဟမ် ၀-၃ အာဆင်နယ်ခန့်မှန်းချက် မှန်ခဲ့တဲ့ ပေါလ်မာဆန် ခန့်မှန်းချက်ဒီတပတ်ကောဆက်မှန်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

– စပို့တင်း လစ္စဘွန်းကြယ်ပွင့် ပက်ဒရို ဂွန်ဆာလ်ဗက်စ်ဟာ ဂန်းနားတွေကို ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဖြုတ်ပစ်နိုင်ခဲ့ပြီးနောက် အာဆင်နယ်ကြယ်ပွင့် ချာကာက သူ့ရဲ့သမီးဖြစ်သူကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံဟန်အတိုင်း လိုက်လုပ်ပြီး လှောင်ပြောင်ခဲ့ပါတယ်။ စပို့တင်းကစားသမားတွေဟာ အဝေးကွင်းပွဲကြည့်စင်ဘက်က ပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ ပြေးလွှားသွားခဲ့ချိန်မှာ ဂွန်ဆာလ်ဗက်စ်က ချာကာရဲ့ အစောပိုင်း ဂိုးသွင်းအောင်ပွဲခံဟန်အတိုင်း လိုက်လုပ်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ဟာ ပထမပိုင်း ၁၉ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကို ၎င်းရဲ့ သမီးငယ် အာယာနာအတွက် ရည်ရွယ်ခဲ့တာဖြစ်ပြီး ချာကာရဲ့ ဇနီး လီယိုနီတာက သူမရဲ့ သမီးဖြစ်သူဟာ အာဆင်နယ်ရဲ့ ပွဲစဉ်ကို တီဗီကနေ တိုက်ရိုက်ကြည့်ရှုနေခဲ့တာကြောင့် ဖခင်ဖြစ်သူအတိုင်း လိုက်လံအောင်ပွဲခံနေခဲ့တဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့ညနေက စပို့တင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မလာစဖူး ရောက်လာတဲ့ ကင်မ် ကာဒါရှီယန်ကို ကြိုဆိုခဲ့ရပြီး နာမည်ကျော် မော်ဒယ်လ် စီးပွားရေးလုပ်ငန်းရှင်ဟာ အမ်းမရိတ်စ်က ပွဲကြည့်စင်မှာ ကြည့်ရှုခ့ဲတာဖြစ်ပါတယ်။ ကာဒါရှီယန်ဟာ အာတီတာရဲ့ ကစားဟန်ကို သဘောမကျခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပြီး အကူအညီလွှတ်ပေးပါဆိုတဲ့ စာသားနဲ့အတူ အင်စတာဂရမ်စတိုရီမှာ ပုံတင်ခဲ့တာဖြစ်ပါတယ်။ ကာဒါရှီယန်ရဲ့ မလာစဖူး ရောက်ရှိလာမှုဟာ လက်ရှိ ရိုက်ကူးနေတဲ့ မှတ်တမ်းရုပ်ရှင်အတွက်ဖြစ်တယ်လို့ ယူဆရပြီး သူမရဲ့ သားဖြစ်သူ စိန့်ကလည်း ဇန်နဝါရီလတုန်းက အာဆင်နယ်တတိယပွဲထွက်ဝတ်စုံနဲ့ ဓာတ်ပုံ တင်ခဲ့တာကြောင့် အာဆင်နယ်ပရိတ်လို့ ယူဆရပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

-အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔ညေနက စပို႔တင္းနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ မလာစဖူး ေရာက္လာတဲ့ ကင္မ္ ကာဒါရွီယန္ကို ႀကိဳဆိုခဲ့ရၿပီး နာမည္ေက်ာ္ ေမာ္ဒယ္လ္ စီးပြားေရးလုပ္ငန္းရွင္ဟာ အမ္းမရိတ္စ္က ပြဲၾကည့္စင္မွာ ၾကည့္ရႈခ့တာျဖစ္ပါတယ္။ ကာဒါရွီယန္ဟာ အာတီတာရဲ႕ ကစားဟန္ကို သေဘာမက်ခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး အကူအညီလႊတ္ေပးပါဆိုတဲ့ စာသားနဲ႔အတူ အင္စတာဂရမ္စတိုရီမွာ ပုံတင္ခဲ့တာျဖစ္ပါတယ္။ ကာဒါရွီယန္ရဲ႕ မလာစဖူး ေရာက္ရွိလာမႈဟာ လက္ရွိ ႐ိုက္ကူးေနတဲ့ မွတ္တမ္း႐ုပ္ရွင္အတြက္ျဖစ္တယ္လို႔ ယူဆရၿပီး သူမရဲ႕ သားျဖစ္သူ စိန႔္ကလည္း ဇန္နဝါရီလတုန္းက အာဆင္နယ္တတိယပြဲထြက္ဝတ္စုံနဲ႔ ဓာတ္ပုံ တင္ခဲ့တာေၾကာင့္ အာဆင္နယ္ပရိတ္လို႔ ယူဆရပါတယ္။

-အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က စပို႔တင္းလစၥဘြန္းနဲ႔ပြဲစဥ္မွာ ဂန္းနားေတြ ပင္နယ္တီအဆုံးအျဖတ္မွာ ရႈံးနိမ့္ၿပီး ယူ႐ိုပါလိဂ္ကေန ထြက္ခဲ့ရတဲ့ တရားခံျဖစ္ခဲ့တဲ့ မာတီနယ္လီကို အားေပးေထာက္ခံမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔ အတူတူ အႏိုင္ယူမယ္။ အတူတူရႈံးနိမ့္မယ္။ အဲဒါက အေရးမႀကီးပါဘူး။ ကြၽန္ေတာ္တို႔ အႏိုင္ရေနတဲ့အခ်ိန္မွာ အားလုံးက ေပ်ာ္႐ႊင္ေနတယ္။ ကြၽန္ေတာ္တို႔ ရႈံးနိမ့္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ က်သြားတဲ့စိတ္ဓာတ္ကို ျပန္ေကာက္ယူရမယ္။ ကြၽန္ေတာ္တို႔ အတူတူ ႏိုင္မယ္။ အတူတူ ရႈံးနိမ့္ၾကမယ္။ အရမ္းေကာင္းတဲ့ရာသီျဖစ္ခဲ့တယ္ဆိုတာကို ကြၽန္ေတာ္တို႔ အမွတ္ရရမယ္။ ဒီၿပိဳင္ပြဲကေန ထြက္ခဲ့ရတာ ႀကီးမားတဲ့ထိုးႏွက္ခ်က္ပါ။ ဒါေပမယ့္ အခု ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္ကစားဖို႔ ေစာင့္ေမွ်ာ္ေနတယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာ ဒါအကုန္ပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

-အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီဟာ ျပင္သစ္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းနည္းျပျဖစ္လာမယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့ၿပီးေနာက္ ယူအက္စ္ေအလက္ေ႐ြးစင္နည္းျပျဖစ္လာခ်င္ေနတယ္လို႔ သိရပါတယ္။ အြန္နရီဟာ ေမဂ်ာလိဂ္မွာ ကစားသမားအျဖစ္နဲ႔ေရာ နည္းျပအျဖစ္နဲ႔ပါ က်င္လည္ခဲ့ဖူးသူျဖစ္ၿပီး ၂၀၂၀ မွာ မြန္ထရီရယ္အသင္းကို နည္းျပအျဖစ္ မကိုင္တြယ္ခင္ နယူးေယာက္ရက္ဘူးလ္အတြက္ ကစားေပးခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ေကာ္မတီဝင္ ဂြၽန္း မီရွဲလ္ ေအာလက္စ္က အြန္နရီဟာ ကိုရင္း ဒီယာခရီရဲ႕ေနရာမွာ နည္းျပသစ္ျဖစ္လာႏိုင္ေျခကို ျငင္းပယ္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ESPN က အသက္ ၄၅ ႏွစ္အ႐ြယ္ ဂန္းနားဂႏၲဝင္ဟာ ဂရက္ ဘာေဟာလ္တာရဲ႕ေနရာမွာ နည္းျပသစ္ျဖစ္လာခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဘာေဟာ္လ္တာဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကေန ယူအက္စ္ေအအသင္းထြက္ရၿပီးေနာက္ပိုင္း ရာထူးကို စြန႔္ခြာခဲ့တာျဖစ္ပါတယ္။

-ခရစၥတယ္ပဲေလ့စ္အသင္းဟာ တနဂၤေႏြေန႔ အာဆင္နယ္နဲ႔ကစားရမယ့္ပြဲမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ ဂိုးသမား ဂ်ိဳး ဝစ္ေဝ့ါကိုပဲ အသုံးျပဳသြားရမလားဆိုတာ သိရဖို႔ စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ ပဲေလ့စ္ဟာ ဘ႐ိုက္တန္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ဗုဒၶဟူးေန႔ပြဲစဥ္မွာ စီနီယာဂိုးသမားမပါဝင္ဘဲ ကစားခဲ့ရတာျဖစ္ၿပီး ပြဲထြက္ဂိုးသမား ဗင္ဆန္ေတး ဂြိဳက္တာ ေလ့က်င့္ေရးမွာ တံေကာက္ေၾကာဒဏ္ရာရသြားခဲ့ၿပီး ဒုတိယဂိုးသမား ဆမ္ ဂြၽန္စတုန္းကလည္း ေဖေဖာ္ဝါရီကတည္းက ေျခသလုံးဒဏ္ရာေၾကာင့္ အနားယူေနခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အကယ္ဒမီထြက္ဂိုးသမား ဝစ္ေဝါ့ဟာ ပြဲဦးထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ အိုဝင္ ဂြတ္ဒ္မန္းလည္း အရန္ခုံေပၚမွာ ရွိေနတာတာျဖစ္ပါတယ္။ ပဲေလ့စ္ဟာ တနဂၤေႏြေန႔မွာ အမ္းမရိတ္စ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဂြိဳက္တာ ျပန္လာလာမလားဆိုတာ မေသခ်ာဘူးလို႔ နည္းျပ ပက္ထရစ္ ဗီယာရာက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “အဂၤါေန႔ ေလ့က်င့္ေရးလုပ္ၿပီးေနာက္မွာ သူ ဒဏ္ရာရခဲ့တယ္။ ကြၽန္ေတာ္တို႔ သူ႔ဒဏ္ရာအေျခအေနကို သိရဖို႔ ၂၄ နာရီကေန ၄၈ နာရီေလာက္ ေစာင့္ၾကည့္ဖို႔ လိုပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။ ဗီယာရာရဲ႕ ခရစၥတယ္ ပဲေလ့စ္နည္းျပရာထူးဟာ ဖိအားေတြ ျမင့္တက္လာေနၿပီး အသင္းတာဝန္ရွိသူေတြဟာ ၂၀၂၃ ခုႏွစ္အတြင္း လိဂ္ပြဲစဥ္ တစ္ပြဲမွ ႏိုင္ပြဲမရေသးတာေၾကာင့္ တန္းဆင္းဇုန္ထဲ ေရာက္သြားမွာကို စိုးရိမ္ေနတာျဖစ္ပါတယ္။ ဗီယာရာက အသင္းေဟာင္း အာဆင္နယ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့ရင္ နည္းျပရာထူး ဆုံးရႈံးရဖြယ္ရွိေနေပမယ့္လည္း စိုးရိမ္ေနျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ “ကြၽန္ေတာ္ ဒီအသင္းနဲ႔ ပထမဆုံးလက္မွတ္ထိုးခဲ့တဲ့အခ်ိန္ကတည္းက ဖိအားေတြေအာက္မွာ ရွိေနခဲ့တာပါ။ အဲဒါက ပရီးမီးယားလိဂ္မွာ နည္းျပတိုင္း ႀကဳံရမယ့္ ဖိအားေတြပါပဲ။ ကြၽန္ေတာ္က တျခား ဘယ္နည္းျပနဲ႔မွ မတူညီဘဲ ကြဲျပားျခားနားေနတာမ်ိဳးမရွိပါဘူး”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

-ေပါလ္ မာဆန္က တနဂၤေႏြေန႔ ခရစၥတယ္ ပဲေလ့စ္နဲ႔ ကစားရမယ့္ပြဲစဥ္မွာ အာတီတာရဲ႕အသင္းက အႏိုင္ကစားၿပီး ၈ မွတ္ျဖတ္ထားႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး မန္စီးတီးက တစ္ပြဲေလ်ာ့ေနမွာျဖစ္ေပမယ့္ ရာသီကုန္ခါနီး ဂန္းနားေတြအေနနဲ႔ ဂြါဒီယိုလာရဲ႕အသင္းကို ဖိအားေပးႏိုင္ဖို႔ အရာအားလုံးလုပ္သြားရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ခရစၥတယ္ ပဲေလ့စ္အသင္းက တန္းဆင္းဇုန္နဲ႔ ၃ မွတ္အကြာမွာ ရွိေနတာေၾကာင့္ အေသ႐ုန္းမွာျဖစ္ေပမယ့္ ဂန္းနားေတြက ဒီရာသီမွာ အထူးခြၽန္ဆုံးအသင္းျဖစ္ေနတဲ့အတြက္ ပဲေလ့စ္ကို ၃-၀ နဲ႔ အႏိုင္ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္တုန္းက ဖူလ္ဟမ္ ၀-၃ အာဆင္နယ္ခန္႔မွန္းခ်က္ မွန္ခဲ့တဲ့ ေပါလ္မာဆန္ ခန္႔မွန္းခ်က္ဒီတပတ္ေကာဆက္မွန္ဦးမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

– စပို႔တင္း လစၥဘြန္းၾကယ္ပြင့္ ပက္ဒ႐ို ဂြန္ဆာလ္ဗက္စ္ဟာ ဂန္းနားေတြကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ျဖဳတ္ပစ္ႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္ၾကယ္ပြင့္ ခ်ာကာက သူ႔ရဲ႕သမီးျဖစ္သူကို ရည္႐ြယ္ၿပီး ျပဳလုပ္ခဲ့တဲ့ ေအာင္ပြဲခံဟန္အတိုင္း လိုက္လုပ္ၿပီး ေလွာင္ေျပာင္ခဲ့ပါတယ္။ စပို႔တင္းကစားသမားေတြဟာ အေဝးကြင္းပြဲၾကည့္စင္ဘက္က ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံဖို႔ ေျပးလႊားသြားခဲ့ခ်ိန္မွာ ဂြန္ဆာလ္ဗက္စ္က ခ်ာကာရဲ႕ အေစာပိုင္း ဂိုးသြင္းေအာင္ပြဲခံဟန္အတိုင္း လိုက္လုပ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ဆြစ္ဇာလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ပထမပိုင္း ၁၉ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးကို ၎ရဲ႕ သမီးငယ္ အာယာနာအတြက္ ရည္႐ြယ္ခဲ့တာျဖစ္ၿပီး ခ်ာကာရဲ႕ ဇနီး လီယိုနီတာက သူမရဲ႕ သမီးျဖစ္သူဟာ အာဆင္နယ္ရဲ႕ ပြဲစဥ္ကို တီဗီကေန တိုက္႐ိုက္ၾကည့္ရႈေနခဲ့တာေၾကာင့္ ဖခင္ျဖစ္သူအတိုင္း လိုက္လံေအာင္ပြဲခံေနခဲ့တဲ့ ဗီဒီယိုဖိုင္ကို မွ်ေဝခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet