ချာကာပြောပြခဲ့တဲ့ လိမ္မာရေးခြားရှိလှတဲ့ ဂါဘီ-ဂိုးနဲ့ ဆာကာတို့အကြောင်းအပါအဝင် နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ချာကာပြောပြခဲ့တဲ့ လိမ္မာရေးခြားရှိလှတဲ့ ဂါဘီ-ဂိုးနဲ့ ဆာကာတို့အကြောင်းအပါအဝင် နောက်ဆုံးရ ဂန်းနားသတင်းများ

-ဇင်ချန်ကိုရဲ့ ဇနီး ဗလာဒါဟာ စနေနေ့က ရိစ် နယ်လ်ဆန်ရဲ့ စိတ်လှုပ်ရှားဖွယ် နောက်ကျအနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံပုံနဲ့အတူ အာဆင်နယ်ပရိသတ်စစ်စစ်ဖြစ်ကြောင်း သက်သေပြသခဲ့ပါတယ်။ အာဆင်နယ်အသင်းက နောက်ကျအနိုင်ဂိုးကို သွင်းယူသွားခဲ့ပြီးနောက် အမ်းမရိတ်စ်တစ်ကွင်းလုံး အုံးအုံးကျက်ကျက် ဖြစ်ခဲ့ကြတာဖြစ်ပြီး ယူကရိန်းနောက်ခံလူရဲ့ ဇနီးချော ဗလာဒါကလည်း ကွင်းအတွင်းကနေ ကြည့်ရှုနေရင်း မယုံနိုင်ဖြစ်ခဲ့တဲ့ဗီဒီယိုကို အင်စတာဂရမ် စတိုရီမှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ ဗလာဒါက ‘၉၀+၇ မိနစ်။ ဒါက သောက် ပရီးမီးယားလိဂ်ပဲ’ဆိုတဲ့ စာသားကို ရေးသားခဲ့တာဖြစ်ပြီး ဇင်ချန်ကိုရဲ့ ဇနီးဟာ ယခုရာသီအစမှာ အာဆင်နယ်ဂျာစီဝတ်ဆင်ပြီး ရင်သပ်ရှုမောဖွယ်ဓာတ်ပုံကို အမ်းမရိတ်စ်ကွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဗလာဒါဟာ ဇန်နဝါရီလတုန်းက မြောက်လန်ဒန်ဒါဘီနိုင်ပွဲအပြီးကတည်းက သူမရဲ့ လူမှုကွန်ရက်ပေါ်က ဘိုင်အိုမှာ ‘လန်ဒန်က အနီရောင်’ဆိုတဲ့ စာသားကို ရေးသားခဲ့သူဖြစ်ပါတယ်။

-လီဗာပူးလ်ကြယ်ပွင့်နောက်ခံကစားသမား အလက်ဇန်းဒါး အာနိုးက အာဆင်နယ်မှာ ရုတ်တရက်ဆိုသလို ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေကို မီးမောင်းထိုးပြခဲ့ပြီး ဘောလုံးမှာ အရာအားလုံးက ပြောင်းလဲနိုင်တယ်ဆိုတာ သက်သေပြသခဲ့တာလို့ ယုံကြည်နေပါတယ်။ လီဗာပူးလ်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီ ထိပ်ဆုံး ၄ နေရာနဲ့လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ကျရှုံးမှုနဲ့ပတ်သကပြီး လူတွေ ဘယ်လိုပြောခဲ့ကြလဲဆိုတာကို မမေ့သေးတာဖြစ်ပြီး ဂန်းနားတွေဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ရပ်တည်နေတာဖြစ်ပါတယ်။

“အခုဖြစ်နေတာတွေက ခင်ဗျားကို ဘောလုံးဆိုတာက ဘယ်လောက်အထိ မြန်မြန် ပြောင်းလဲနိုင်လဲဆိုတာကို ပြသနေတာပါ။ အာဆင်နယ်ကို ကြည့်လိုက်ပါ။ ပြီးခဲ့တဲ့ရာသီကုန်မှာ အားလုံးက ထိပ်ဆုံး ၄ နေရာမဝင်ခဲ့တဲ့အတွက် အားလုံးက သူတို့ရဲ့ ကျရှုံးမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ရုတ်တရက်ဆိုသလိုပဲ သူတို့တွေ ဆုဖလားပြိုင်ပွဲမှာ ဦးဆောင်နေတယ်။ ဘောလုံးစကားနဲ့ ပြောရရင် ဒီလို အပြောင်းအလဲတွေက နေ့ချင်းညချင်း ဖြစ်ပျက်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

https://twitter.com/BarneyDavisES/status/1632312886163824641?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1632312886163824641%7Ctwgr%5E6a67299b69d0201ffc2e0d18168dc9be37fe80d9%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.indy100.com%2Fsport%2Fben-white-celebration-arsenal-neto

-အာဆင်နယ်ပရိသတ်တွေဟာ စနေနေ့က ဘုန်းမောက်နဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြီးနောက် ဂန်းနားနောက်ခံလူ ဘန် ဝှိုက်ရဲ့ အောင်ပွဲခံဟန်ကို သတိပြုမိခဲ့ကြပြီး အာဆင်နယ်ရဲ့ တတိယမြောက်သွင်းဂိုးအပြီးမှာ အမ်းမရိတ်စ် အရန်ခုံတန်းက နည်းပြအဖွဲ့နဲ့ အရန်ကစားသမားတွေအားလုံးကွင်းထဲဝင်ရောက် အောင်ပွဲခံခဲ့ချိန်မှာ အင်္ဂလန်နောက်ခံလူက ဘုန်းမောက်ဂိုးသမား နီတိုရှေ့မှာ အားပါးတရ အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို ဘာကြောင့်အောင်ပွဲခံခဲ့တာလဲဆိုရင် အာဆင်နယ်အသင်းရဲ့ အစောပိုင်း ထောင့်ကန်ဘောကန်တင်ချိန်မှာ ဘုန်းမောက်ဂိုးသမား နီတိုအနေနဲ့ ပထမပိုင်းထဲက အချိန်ဆွဲခဲ့သလို ပွဲချိန်အတွင်းမှာ ဘန် ဝှိုက်ရဲ့ ခေါင်းကို နောက်ကနေ ရိုက်ခဲ့တာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

-စပါးစ်ကြယ်ပွင့်ဟောင်း ဂျေမီ အိုဟားရားက အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်ထားနိုင်ပေမယ့်လည်း ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိနိုင်မလားဆိုတာကို ယုံကြည်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ စနေနေ့က ဘုန်းမောက်နဲ့ပွဲမှာ ထူးခြားတဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပြီး အက်စတန် ဗီလာကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲနောက်ပိုင်း အံ့အားသင့်ဖွယ် စိတ်ဓာတ်ပိုင်းကို ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုဟားရားက ဂန်းနားတွေဟာ ရာသီနှောင်းပိုင်းအဆင့်တွေမှာ ခြေချော်ဦးမယ်လို့ ယုံကြည်နေဆဲဖြစ်ပြီး ဘုန်းမောက်နဲ့ပွဲက စွမ်းဆောင်ရည်ကိုတော့ ချီးကျူးခဲ့တာဖြစ်ပါတယ်။ “သူတို့တွေက သရေရလဒ်နဲ့ပတ်သက်ပြီး မပျော်ရွှင်ခဲ့ကြပါဘူး။ သူတို့တွေ ၂-၀ နဲ့ ရှုံးနေတဲ့အချိန်မှာ ‘ငါတို့သာ သရေရရင် ကောင်းမွန်တဲ့ရမှတ်ဖြစ်မယ်’လို့ တွေးကောင်းတွေးလိမ့်မယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒီအာဆင်နယ်အသင်းက သူတို့တွေအနေနဲ့ နိုင်ပွဲရယူနိုင်သေးတယ်လို့ ယုံကြည်နေဆဲဖြစ်ပြီး ခင်ဗျားသူတို့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ နောက်ကနေ လိုက်ကစားခဲ့ရတဲ့အချိန်မှ အဲဒါကို မြင်တွေ့နိုင်ပါတယ်။ သူတို့တွေ လဲပြိုနိုင်ဆဲပါ။ ရာသီကုန်မှာ ဖြစ်လာနိုင်တာတွေ ရှိပါသေးတယ်။ ကျွန်တော်တို့ ၅ ပွဲ၊ ၆ ပွဲကျန်သေးတဲ့အချိန်ကျရင် ဘယ်လိုဖြစ်မလဲ ကြည့်တာပေါ့။ သူတို့တွေက မယုံနိုင်စရာရာသီကို ပိုင်ဆိုင်ခဲ့ပြီး မျှတတဲ့ ကစားပွဲဖြစ်ခဲ့ပါတယ်။ သူတို့တွေက ကောင်းမွန်တဲ့ကစားပုံအချို့ကို ကစားနေပါတယ်။ သူတို့တွေက ရာသီကုန်မှာ မန်ချက်စတာစီးတီးနဲ့ တိုက်ပွဲဝင်သွားရမှာပါ။ “လို့ ပြောကြားခဲ့ပါတယ်။

-အာတီတာက ဘုန်းမောက်ကို စနေနေ့က အိမ်ကွင်းမှာ ၃-၂ နဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ၎င်းရဲ့ ဝမ်းမြောက်ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ခဲ့ဘဲ နည်းပြဘဝတလျှောက်မှာ စိတ်ခံစားမှုအဖြစ်ခဲ့ရဆုံး အခိုက်အတန့်လို့ ပြောကြားခဲ့ပါတယ်။ “အဲဒါက ကျွန်တော်တို့ အတူတူ ကြုံတွေ့ခဲ့ရတဲ့ အကျယ်လောင်ဆုံးနဲ့ စိတ်ခံစားမှု အဖြစ်ခဲ့ရဆုံး အခိုက်အတန့်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ အတူတူ သွားခဲ့တဲ့ ခရီးလမ်းမှာ ပရိသတ်တွေနဲ့ ကစားသမားတွေ အတူတူ စီးမျောလိုက်ပါနေတာပါ။ အဲဒီထဲကို ဒီအခိုက်အတန့်ကို ထပ်ထည့်လိုက်တော့ တကယ်ကို ထူးခြားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာကို စကိုင်းစပို့စ်ရဲ့ ဂျာနယ်လစ် ပေါလ် ဂီးလ်မိုးက လန်ဒန်ကော်လ်နီ လေ့ကျင့်ရေးကွင်းမှာ ဆက်သွယ်လာခဲ့ပြီး အင်တာဗျူးတစ်ခု ဖြစ်မြောက်သွားခဲ့ပြီး အဲဒီအင်တာဗျူးမှာ လက်ရှိအာဆင်နယ်အသင်းမှ ခြေစွမ်းအထက်ဆုံးလူငယ်ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတီနယ်လီတို့က ဘယ်လိုကစားသမားတွေလဲလို့ မေးခဲ့ပါတယ်။

ချာကာက “ပထမဆုံးပြောရရင်တော့ သူတို့တွေ အခု ဘယ်လိုနာမည်ကြီးနေပေမယ့် နှိမ့်နှိမ့်ချချ ဆက်ဆံတတ်ကြတဲ့ လူငယ်တွေလို့ ဆိုရမှာပေါ့။ နေ့တိုင်း စကားနားထောင်ပြီး ပိုကောင်းအောင်ကြိုးစားကြတယ်ဗျ။ ကွင်းထဲမှာလည်း တစ်ခုခု သိချင်လာတာနဲ့ မရှင်းတာကို မေးတော့ပဲ။ ဒါကြောင့်လည်း သူတို့တွေ ဂိုးပိုသွင်းလာနိုင်တာ၊ ဖန်တီးမှုတွေ ပိုလုပ်လာနိုင်တာ၊ အသင်းကို ခွန်အားသစ်တွေ ပေးလာခဲ့တာက မဆန်းဘူးလို့ ဆိုရမှာပေါ့။ သူတို့အနေနဲ့ တစ်ဦးချင်းနဲ့ အသင်းအတွက် ကြိုးစားပြီး တိုက်ပွဲဝင်နေတယ်။ ကိန်းဂဏန်းတွေက မညာဘူး မဟုတ်လားဗျာ။” လို့ ပြောခဲ့တဲ့အတွက် ခြေစွမ်းထက် နာမည်ကြီးလာပေမယ့် ဂုဏ်မမောက်ပဲ လိမ္မာရေးခြားရှိလှတဲ့ ဒီဂန်းနား လူငယ်လေးတွေအကြောင်းကြားသိရတာ ဝမ်းသာ ဂုဏ်ယူမိပါတယ်။

ARSENAL MYANMAR
PHOTOS CREDIT

ZAWGYI:

-ဇင္ခ်န္ကိုရဲ႕ ဇနီး ဗလာဒါဟာ စေနေန႔က ရိစ္ နယ္လ္ဆန္ရဲ႕ စိတ္လႈပ္ရွားဖြယ္ ေနာက္က်အႏိုင္ဂိုးသြင္းယူခဲ့ၿပီးေနာက္ ေအာင္ပြဲခံပုံနဲ႔အတူ အာဆင္နယ္ပရိသတ္စစ္စစ္ျဖစ္ေၾကာင္း သက္ေသျပသခဲ့ပါတယ္။ အာဆင္နယ္အသင္းက ေနာက္က်အႏိုင္ဂိုးကို သြင္းယူသြားခဲ့ၿပီးေနာက္ အမ္းမရိတ္စ္တစ္ကြင္းလုံး အုံးအုံးက်က္က်က္ ျဖစ္ခဲ့ၾကတာျဖစ္ၿပီး ယူကရိန္းေနာက္ခံလူရဲ႕ ဇနီးေခ်ာ ဗလာဒါကလည္း ကြင္းအတြင္းကေန ၾကည့္ရႈေနရင္း မယုံႏိုင္ျဖစ္ခဲ့တဲ့ဗီဒီယိုကို အင္စတာဂရမ္ စတိုရီမွာ ျပန္လည္မွ်ေဝခဲ့တာျဖစ္ပါတယ္။ ဗလာဒါက ‘၉၀+၇ မိနစ္။ ဒါက ေသာက္ ပရီးမီးယားလိဂ္ပဲ’ဆိုတဲ့ စာသားကို ေရးသားခဲ့တာျဖစ္ၿပီး ဇင္ခ်န္ကိုရဲ႕ ဇနီးဟာ ယခုရာသီအစမွာ အာဆင္နယ္ဂ်ာစီဝတ္ဆင္ၿပီး ရင္သပ္ရႈေမာဖြယ္ဓာတ္ပုံကို အမ္းမရိတ္စ္ကြင္းမွာ ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ ဗလာဒါဟာ ဇန္နဝါရီလတုန္းက ေျမာက္လန္ဒန္ဒါဘီႏိုင္ပြဲအၿပီးကတည္းက သူမရဲ႕ လူမႈကြန္ရက္ေပၚက ဘိုင္အိုမွာ ‘လန္ဒန္က အနီေရာင္’ဆိုတဲ့ စာသားကို ေရးသားခဲ့သူျဖစ္ပါတယ္။

-လီဗာပူးလ္ၾကယ္ပြင့္ေနာက္ခံကစားသမား အလက္ဇန္းဒါး အာႏိုးက အာဆင္နယ္မွာ ႐ုတ္တရက္ဆိုသလို ျဖစ္ပ်က္ေနတဲ့ အေျပာင္းအလဲေတြကို မီးေမာင္းထိုးျပခဲ့ၿပီး ေဘာလုံးမွာ အရာအားလုံးက ေျပာင္းလဲႏိုင္တယ္ဆိုတာ သက္ေသျပသခဲ့တာလို႔ ယုံၾကည္ေနပါတယ္။ လီဗာပူးလ္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ရာသီ ထိပ္ဆုံး ၄ ေနရာနဲ႔လြဲေခ်ာ္ခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ က်ရႈံးမႈနဲ႔ပတ္သကၿပီး လူေတြ ဘယ္လိုေျပာခဲ့ၾကလဲဆိုတာကို မေမ့ေသးတာျဖစ္ၿပီး ဂန္းနားေတြဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ရပ္တည္ေနတာျဖစ္ပါတယ္။ “အခုျဖစ္ေနတာေတြက ခင္ဗ်ားကို ေဘာလုံးဆိုတာက ဘယ္ေလာက္အထိ ျမန္ျမန္ ေျပာင္းလဲႏိုင္လဲဆိုတာကို ျပသေနတာပါ။ အာဆင္နယ္ကို ၾကည့္လိုက္ပါ။ ၿပီးခဲ့တဲ့ရာသီကုန္မွာ အားလုံးက ထိပ္ဆုံး ၄ ေနရာမဝင္ခဲ့တဲ့အတြက္ အားလုံးက သူတို႔ရဲ႕ က်ရႈံးမႈနဲ႔ပတ္သက္ၿပီး ေျပာခဲ့ၾကတယ္။ ႐ုတ္တရက္ဆိုသလိုပဲ သူတို႔ေတြ ဆုဖလားၿပိဳင္ပြဲမွာ ဦးေဆာင္ေနတယ္။ ေဘာလုံးစကားနဲ႔ ေျပာရရင္ ဒီလို အေျပာင္းအလဲေတြက ေန႔ခ်င္းညခ်င္း ျဖစ္ပ်က္ႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

https://twitter.com/BarneyDavisES/status/1632312886163824641?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1632312886163824641%7Ctwgr%5E6a67299b69d0201ffc2e0d18168dc9be37fe80d9%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.indy100.com%2Fsport%2Fben-white-celebration-arsenal-neto

-အာဆင္နယ္ပရိသတ္ေတြဟာ စေနေန႔က ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့ၿပီးေနာက္ ဂန္းနားေနာက္ခံလူ ဘန္ ဝႈိက္ရဲ႕ ေအာင္ပြဲခံဟန္ကို သတိျပဳမိခဲ့ၾကၿပီး အာဆင္နယ္ရဲ႕ တတိယေျမာက္သြင္းဂိုးအၿပီးမွာ အမ္းမရိတ္စ္ အရန္ခုံတန္းက နည္းျပအဖြဲ႕နဲ႔ အရန္ကစားသမားေတြအားလုံးကြင္းထဲဝင္ေရာက္ ေအာင္ပြဲခံခဲ့ခ်ိန္မွာ အဂၤလန္ေနာက္ခံလူက ဘုန္းေမာက္ဂိုးသမား နီတိုေရွ႕မွာ အားပါးတရ ေအာင္ပြဲခံခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အဲဒီလို ဘာေၾကာင့္ေအာင္ပြဲခံခဲ့တာလဲဆိုရင္ အာဆင္နယ္အသင္းရဲ႕ အေစာပိုင္း ေထာင့္ကန္ေဘာကန္တင္ခ်ိန္မွာ ဘုန္းေမာက္ဂိုးသမား နီတိုအေနနဲ႔ ပထမပိုင္းထဲက အခ်ိန္ဆြဲခဲ့သလို ပြဲခ်ိန္အတြင္းမွာ ဘန္ ဝႈိက္ရဲ႕ ေခါင္းကို ေနာက္ကေန ႐ိုက္ခဲ့တာေၾကာင့္လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

-စပါးစ္ၾကယ္ပြင့္ေဟာင္း ေဂ်မီ အိုဟားရားက အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဦးေဆာင္ထားႏိုင္ေပမယ့္လည္း ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရရွိႏိုင္မလားဆိုတာကို ယုံၾကည္ျခင္းမရွိေသးတာျဖစ္ပါတယ္။ ဂန္းနားေတြဟာ စေနေန႔က ဘုန္းေမာက္နဲ႔ပြဲမွာ ထူးျခားတဲ့ ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီး အက္စတန္ ဗီလာကို ၄-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲေနာက္ပိုင္း အံ့အားသင့္ဖြယ္ စိတ္ဓာတ္ပိုင္းကို ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုဟားရားက ဂန္းနားေတြဟာ ရာသီေႏွာင္းပိုင္းအဆင့္ေတြမွာ ေျခေခ်ာ္ဦးမယ္လို႔ ယုံၾကည္ေနဆဲျဖစ္ၿပီး ဘုန္းေမာက္နဲ႔ပြဲက စြမ္းေဆာင္ရည္ကိုေတာ့ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။ “သူတို႔ေတြက သေရရလဒ္နဲ႔ပတ္သက္ၿပီး မေပ်ာ္႐ႊင္ခဲ့ၾကပါဘူး။ သူတို႔ေတြ ၂-၀ နဲ႔ ရႈံးေနတဲ့အခ်ိန္မွာ ‘ငါတို႔သာ သေရရရင္ ေကာင္းမြန္တဲ့ရမွတ္ျဖစ္မယ္’လို႔ ေတြးေကာင္းေတြးလိမ့္မယ္။ ဒါေပမယ့္ မဟုတ္ပါဘူး။ ဒီအာဆင္နယ္အသင္းက သူတို႔ေတြအေနနဲ႔ ႏိုင္ပြဲရယူႏိုင္ေသးတယ္လို႔ ယုံၾကည္ေနဆဲျဖစ္ၿပီး ခင္ဗ်ားသူတို႔ အိမ္ကြင္း ပရိသတ္ေတြေရွ႕မွာ ေနာက္ကေန လိုက္ကစားခဲ့ရတဲ့အခ်ိန္မွ အဲဒါကို ျမင္ေတြ႕ႏိုင္ပါတယ္။ သူတို႔ေတြ လဲၿပိဳႏိုင္ဆဲပါ။ ရာသီကုန္မွာ ျဖစ္လာႏိုင္တာေတြ ရွိပါေသးတယ္။ ကြၽန္ေတာ္တို႔ ၅ ပြဲ၊ ၆ ပြဲက်န္ေသးတဲ့အခ်ိန္က်ရင္ ဘယ္လိုျဖစ္မလဲ ၾကည့္တာေပါ့။ သူတို႔ေတြက မယုံႏိုင္စရာရာသီကို ပိုင္ဆိုင္ခဲ့ၿပီး မွ်တတဲ့ ကစားပြဲျဖစ္ခဲ့ပါတယ္။ သူတို႔ေတြက ေကာင္းမြန္တဲ့ကစားပုံအခ်ိဳ႕ကို ကစားေနပါတယ္။ သူတို႔ေတြက ရာသီကုန္မွာ မန္ခ်က္စတာစီးတီးနဲ႔ တိုက္ပြဲဝင္သြားရမွာပါ။ “လို႔ ေျပာၾကားခဲ့ပါတယ္။

-အာတီတာက ဘုန္းေမာက္ကို စေနေန႔က အိမ္ကြင္းမွာ ၃-၂ နဲ႔ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့တာနဲ႔ပတ္သက္ၿပီး ၎ရဲ႕ ဝမ္းေျမာက္ေပ်ာ္႐ႊင္မႈကို မဖုံးကြယ္ႏိုင္ခဲ့ဘဲ နည္းျပဘဝတေလွ်ာက္မွာ စိတ္ခံစားမႈအျဖစ္ခဲ့ရဆုံး အခိုက္အတန႔္လို႔ ေျပာၾကားခဲ့ပါတယ္။ “အဲဒါက ကြၽန္ေတာ္တို႔ အတူတူ ႀကဳံေတြ႕ခဲ့ရတဲ့ အက်ယ္ေလာင္ဆုံးနဲ႔ စိတ္ခံစားမႈ အျဖစ္ခဲ့ရဆုံး အခိုက္အတန႔္ျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ အတူတူ သြားခဲ့တဲ့ ခရီးလမ္းမွာ ပရိသတ္ေတြနဲ႔ ကစားသမားေတြ အတူတူ စီးေမ်ာလိုက္ပါေနတာပါ။ အဲဒီထဲကို ဒီအခိုက္အတန႔္ကို ထပ္ထည့္လိုက္ေတာ့ တကယ္ကို ထူးျခားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို စကိုင္းစပို႔စ္ရဲ႕ ဂ်ာနယ္လစ္ ေပါလ္ ဂီးလ္မိုးက လန္ဒန္ေကာ္လ္နီ ေလ့က်င့္ေရးကြင္းမွာ ဆက္သြယ္လာခဲ့ၿပီး အင္တာဗ်ဴးတစ္ခု ျဖစ္ေျမာက္သြားခဲ့ၿပီး အဲဒီအင္တာဗ်ဴးမွာ လက္ရွိအာဆင္နယ္အသင္းမွ ေျခစြမ္းအထက္ဆုံးလူငယ္ကစားသမားေတြျဖစ္တဲ့ ဆာကာနဲ႔ မာတီနယ္လီတို႔က ဘယ္လိုကစားသမားေတြလဲလို႔ ေမးခဲ့ပါတယ္။

ခ်ာကာက “ပထမဆုံးေျပာရရင္ေတာ့ သူတို႔ေတြ အခု ဘယ္လိုနာမည္ႀကီးေနေပမယ့္ ႏွိမ့္ႏွိမ့္ခ်ခ် ဆက္ဆံတတ္ၾကတဲ့ လူငယ္ေတြလို႔ ဆိုရမွာေပါ့။ ေန႔တိုင္း စကားနားေထာင္ၿပီး ပိုေကာင္းေအာင္ႀကိဳးစားၾကတယ္ဗ်။ ကြင္းထဲမွာလည္း တစ္ခုခု သိခ်င္လာတာနဲ႔ မရွင္းတာကို ေမးေတာ့ပဲ။ ဒါေၾကာင့္လည္း သူတို႔ေတြ ဂိုးပိုသြင္းလာႏိုင္တာ၊ ဖန္တီးမႈေတြ ပိုလုပ္လာႏိုင္တာ၊ အသင္းကို ခြန္အားသစ္ေတြ ေပးလာခဲ့တာက မဆန္းဘူးလို႔ ဆိုရမွာေပါ့။ သူတို႔အေနနဲ႔ တစ္ဦးခ်င္းနဲ႔ အသင္းအတြက္ ႀကိဳးစားၿပီး တိုက္ပြဲဝင္ေနတယ္။ ကိန္းဂဏန္းေတြက မညာဘူး မဟုတ္လားဗ်ာ။” လို႔ ေျပာခဲ့တဲ့အတြက္ ေျခစြမ္းထက္ နာမည္ႀကီးလာေပမယ့္ ဂုဏ္မေမာက္ပဲ လိမၼာေရးျခားရွိလွတဲ့ ဒီဂန္းနား လူငယ္ေလးေတြအေၾကာင္းၾကားသိရတာ ဝမ္းသာ ဂုဏ္ယူမိပါတယ္။

ARSENAL MYANMAR
PHOTOS CREDIT