ကိုင်ဆေဒိုကို ခေါ်နိုင်ခဲ့ရင် အမ်းမရိတ်စ်က ထွက်ရမယ့် အဓိကကစားသမားနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ကိုင်ဆေဒိုကို ခေါ်နိုင်ခဲ့ရင် အမ်းမရိတ်စ်က ထွက်ရမယ့် အဓိကကစားသမားနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးကြယ်ပွင့် ခိုင် ဟာဗတ်ဇ်အတွက် အဖွင့်ကမ်းလှမ်းမှု ပြုလုပ်လိုက်တယ်လို့ The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိုင်းက ဖော်ပြခဲ့ပြီး ဖက်ဘရီဇီယို ရိုမာနိုကလည်း ဂျာမန်ကြယ်ပွင့်နဲ့ပတ်သက်ပြီး နောက်ဆုံးရအခြေအနေတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကစားသမားက အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတယ်။ အဲဒီတော့ ခိုင် ဟာဗတ်ဇ်က ဒီနွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေပါလိမ့်မယ်။ သူက အာတီတာက သူ့ကို တကယ် အသိအမှတ်ပြုချီးကျူးတယ်ဆိုတာကို သိနေတယ်။ ဒါက အရေးကြီးတဲ့အချက်ပဲ။ အခုအချိန်မှာတော့ တရားဝင် ကမ်းလှမ်းမှုမရှိသေးဘူး။ အာဆင်နယ်က လာမယ့်ရက်ပိုင်းအတွင်း ဘိုင်ယန်လည်း ဟာဗတ်ဇ်အတွက် ပြိုင်ပွဲထဲ ဝင်ကောင်းဝင်လာနိုင်တယ်ဆိုတာ သိထားတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အာဆင်နယ်က ဦးဆောင်နေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်ပစ်မှတ် ဒီကလန် ရိုက်စ်ဟာ လက်ရှိမှာတော့ အမ်းမရိတ်စ်ကို မပြောင်းရွှေ့ခင် လာမယ့်အပတ်မှာ ဆေးစစ်မှုတွေ ခံယူသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့အတွက် လိုအပ်မယ်ဆိုရင် ပေါင်သန်း ၁၀၀ သုံးဖို့ ပြင်ဆင်ထားပြီးသားဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဘိုင်ယန်မြူးနစ်ကလည်း ဝက်စ်ဟမ်းကြယ်ပွင့်နဲ့ သတင်းထွက်နေပေမယ့် ဂန်းနားတွေကြောင့် ကမ်းလှမ်းမှု မပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရိုက်စ်ဟာ လက်ရှိမှာတော့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှု ခံယူသွားဖို့ အသင့်အနေအထားရှိနေပြီး လာမယ့် ရက်ပိုင်းအတွင်း အပြီးသတ် ပြောင်းရွှေ့သွားဖွယ်ရှိပါတယ်။

-အလက်ဆစ် ဆန်းချက်ဇ်ဟာ အာဆင်နယ်နည်းပြ အာတီတာကို ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အမ်းမရိတ်စ်ကို ပြန်လည်ခေါ်ယူနိုင်မလားလို့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ချီလီလက်ရွေးစင်ကြယ်ပွင့်ဟာ ၂၀၁၄ ခုနှစ်မှာ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးနောက် အမ်းမရိတ်စ်မှာ စူပါစတားတစ်ဦးဖြစ်လာခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ မန်ယူနိက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ လက်ရှိအချိန်မှာ အရင်တုန်းကလိုမျိုး ကစားသမားမျိုးမဟုတ်တော့ပေမယ့်လည်း အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေဖို့ အာဆင်နယ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ အိပ်မက်နေတယ်လို့ ချီလီသတင်းစာ LaTercera က ဖော်ပြခဲ့ပါတယ်။

-အာဆင်နယ်အသင်းဟာ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဘရိုက်တန်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် သောမတ်စ် ပါတေးကို ရောင်းထုတ်သွားချင်နေတယ်လို့ afcsphere က ဖော်ပြခဲ့ပြီး အာတီတာဟာ ယခုနွေရာသီမှာ ကွင်းလယ်ကို သွေးသစ်လောင်းသွားချင်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနွေရာသီ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ပါတေးက အမ်းမရိတ်စ်မှာ လူပိုဖြစ်လာတော့မှာဖြစ်ပြီး ဂန်းနားတွေက ကိုင်ဆေဒိုနဲ့ ရိုက်စ်တို့အတွက် ပေါင်သန်း ၂၀၀ နီးပါး သုံးစွဲရမှာဖြစ်တဲ့အတွက် ဝင်ငွေထွက်ငွေ မျှတအောင် ကစားသမားအချို့ကို ရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet